နေ့စဉ်သုံးစွဲနေတဲ့ စမတ်ဖုန်းတွေဟာ နည်းအမျိုးမျိုးနဲ့တော့ တရွေ့ရွေ့ပျက်ဆီးနေတာပါပဲ
ဒါပေမယ့် ကိုယ်ဂရုမစိုက်ပဲလုပ်ဆောင်မိနေတဲ့အမှားတွေကြောင့် ခနလေးနဲ့ပျက်သွားရင်တော့ နှမြောဖို့ကောင်းလွန်းပါတယ်။
ဒီတော့ စမတ်ဖုန်းတွေကိုဘယ်လိုဂရုစိုက်ရမလဲဆိုတာလေးတွေကို ကြည့်လိုက်ပါဦး
၁ စ ခ ရင် ပေါ် မှာ လျောက် ကပ် ခြင်း
Youtube ပေါ်မှာ ပြထားတဲ့ စခရင်ဒီဇိုင်းဆင်တာတွေကြည့်ပြီးတော့ ကိုယ့်ဖုန်း စခရင်ကို လုပ်ချင်တိုင်းလုပ်နေမယ်ဆိုရင်တော့
မကြာခင်မှာပဲ စခရင်တွေပျက်ဆီးပြီး သုံးမရဖြစ်သွားပါလိမ့်မယ်
တကယ်လို့ စခရင်မပျက်ဆီးခဲ့ရင်တောင်မှ ကော်တွေကပ်ကျန်ခဲ့ပြီး စုတ်ပြတ်သတ်ကျန်ခဲ့ပါလိမ့်မယ်
၂ နေ ပူ နေ တဲ့ ပြ တင်း ပေါက် သို့မ ဟုတ် ခုံ ပေါ် မှာ ပစ် ထား ခြင်း
အပူလွန်ကဲခြင်းဟာ လျပ်စစ်ပစ္စည်းတွေအတွက်တော့ ဒုက္ခအပေးဆုံးအရာတစ်ခုပါပဲ
ဖုန်းအပူလွန်ကဲတဲ့အခါ ဆားကစ်တွေထိခိုက်လာပြီး ဘတ္ထရီစွမ်းအင်လည်း လျော့ကျလာပါလိမ့်မယ်
၃ အိပ် ချင် မူး တူး နဲ့အား သွင်း ကြိုး ထိုး ခြင်း
အိပ်ချင်မူးတူးဖြစ်နေတဲ့အခါမျိုးမှာ ကြိုးပေါက်တည့်တည့် ထိုးနိုင်ဖို့ တော်တော်ခဲယဉ်းပါတယ်
အပေါက်မတည့်တဲ့အတွက် ဒေါသထွက်လာပြီး အားနဲ့ထိုးလိုက်တဲ့အခါမျိုးမှာ ဆားကစ်တွေယိုင်သွားပြီး လျော့ဖြစ်သွားနိုင်ပါတယ်
လျပ်စစ်ပစ္စည်းဆိုတာ လုံးဝကိုအထိမခံတဲ့အရာတွေပါပဲ
၎ ဖုန်း အ တွင်း ဘက် ကို သန့် ရှင်း ရေး မ လုပ် ခြင်း
ဖုန်းအတွင်းဘက်မှာ တန်ချီတဲ့ ဖုန်မှုတွေနဲ့ အိတ်ထဲက အမှုန်အမွှားတွေရှိနေပါတယ်
ဒါတွေကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင်တော့ သင့်ဖုန်းဟာ သာမန်ထက်ပိုပူလာပြီး စွမ်းဆောင်ရည်လျော့ကျလာပါလိမ့်မယ်
၅ အပေါစား ဘတ္ထရီ နဲ့ လဲလှယ်ခြင်း
ဖုန်းဘတ္ထရီ မကောင်းတော့တဲ့အခါ မူရင်းဘတ္ထရီအမျိုးအစားကိုပဲ ပြန်လည်ဝယ်ယူပြီးလဲလှယ်သင့်ပါတယ်
ဒီလိုမဟုတ်ပဲ လမ်းဘေးက အပေါစားဘတ္ထရီမျိုးကိုဝယ်ယူပြီး ထည့်သွင်းမယ်ဆိုရင်တော့ ဖုန်းရဲ့အတွင်းအစိတ်အပိုင်းတွေပျက်ဆီးရုံမကပဲ ထပေါက်နိုင်တဲ့အန္တရာယ်ပါရှိလာနိုင်ပါတယ်
၆ အားသွင်းကြိုး နဲ့ နားကြပ်များ
အားသွင်းကြိုးအပေါစားတွေဝယ်ယူပြီး သင့်ဖုန်းကိုအားသွင်းမယ်ဆိုရင် မီးလောင်နိုင်တဲ့ပြဿနာပါရှိလာနိုင်ပါတယ်
ထို့အပြင် နားကြပ်တွေဟာလည်း နားကြပ်ခေါင်းအရွယ်အစားမတူညီတဲ့အတွက် အရွယ်အနည်းငယ်ကြီးမားနေတဲ့နားကြပ်ခေါင်းတစ်ခုကိုအတင်းထိုးထည့်မယ်ဆိုရင်
နားကြပ်ပေါက်လုံးဝပျက်ဆီးသွားနိုင်ပါတယ်
၇ ဘောင်းဘီနောက်အိတ်ကပ်ထဲထည့်ထားခြင်း
ဘောင်းဘီနောက်အိတ်ကပ်ထဲထည့်ထားခြင်းဟာ ဖုန်းပျောက်နိုင်စွမ်းအမြင့်ဆုံးအနေအထားမှာဖြစ်ပါတယ်ဗျာ
ထို့အပြင် အလွန်ပါးလွှာတဲ့ဖုန်းဆိုရင် သတိမထားပဲ ထိုင်ချမိလိုက်တဲ့အခါ ထက်ပိုင်းကျိုးသွားနိုင်ချေရှိပါသေးတယ်
Writer-Min Thu (Daily Hot News )