စကဥက္ကဌ မင်းအောင်လှိုင်လိုက်ပါလာတဲ့ MAI လေယာဉ် တစ်စင်းဟာ ရုရှ နိုင်ငံ မော်စကို မြို့သို့ ဦးတည် ပျံသန်းလျှက်ရှိ

စကစ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ၂၀ ရက် မနက်က နေပြည်တော်လေဆိပ်မှ ရုရှားနိုင်ငံမော်စကိုမြို့သို့ MAI လေကြောင်းအထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်းသိရသည်

လေချုပ် မောင်မောင်ကျော်ရဲ့ ရုရှဟယ်လီကော်ပတာ ပြပွဲ သွားရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရသည်

စကစ ဥက္ကဌနှင့် အတူအဖွဲ့ဝင်များအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်

အစိုးရဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြောင်းသတင်းရရှိသည်

Zawgyi



