မနက် 11 : 30 အချိန်လောက် ရှိနေပြီ လမ်းဘေးက ကော်ဖီဆိုင်ရဲ့မြေတလင်းပြင်လေးမှာ ၇၅ နှစ် အရွယ် ၊ အမေအို တစ်ယောက်နဲ့ တွေ့တော့ စကားမစပ် မေးမိပါတယ်
အမေ ဒီမှာ ဘာထိုင်လုပ်နေတာလဲ လို့ပေါ့ ချိ့နဲ့နဲ့ အားအင်လေးနဲ့ ထကာ ကတုန်ကယင် အသံလေးတွေနဲ့
အမအိုပြောပုံက သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက် ဆံလာထုပ်တာပါ ဘဏ်ရုံးမဖွင့်သေးလို့. ခနထိုင်စောင့်နေတာပါတဲ့
အမေ ဘာစားပြီးပြီလဲ မေးတော့ ဘာမှ့မစားရသေးပါဘူး သားရယ် မနက်ကတည်းက ရုံးဖွင်မည့် အချိန်ကို စောင့်နေတာ
လာပါ အမေ ဆိုပြီး မုန့်ဟင်းခါး ဆိုင်ဘေးနားက ထမင်းဆိုင်လေးမှာ အမေအို အတွက် ထမင်းပွဲလေး မှာပြီး စီစဉ်ပေးလိုက်တယ်
ဗိုက်ဆာနေလို့လား မသိပါဘူး အမအို စားလိုက်တာ ဇွတ်ရောတင်းရောပဲ ကျွန်တော်ဖြင့် သနားလိုက်တာ ၊ မျက်ရည်တောင် ဝဲမိတယ်
နေ့လယ်အချိန် ရောက်လာတော့ ရုံးက မဖွင့်သေးဘူး ဒီနေ့ရုံးပိတ်များလား မသိဘူး သေချာအောင်
အမေ့ သားသမီးတွေဆီ ဖုန်းဆက်ကြည့်ပါ့လား ဖုန်းပါလား မေးလိုက်တော့ ပါတယ် ပါပါတယ် သားရယ် ပြောကာ
အိပ်ထဲက. ဖုန်းလေးကို မမျိတမိ ဆွဲပြီကျွန်တော် ကို လှမ်းကြည့်နေတယ် ၊၊ ဖုန်းနံပတ် သိလား အမေ ဒါပဲ သား ဒိဖုန်းနံပါတ်ပဲဆိုပြီး ပြောရင်းဆိုရင်း အမေအိုက ဖုန်းကိုဖွင့်ကာ
နံပတ်တွေအား နှိပ်တော့တယ် ၊၊ လက်တွေ တုန်နေတာမို့ ၊ နှိပ့်၍ မရပေ ၊၊ ကျွန်တော်လည်း ဖုန်းနံပတ်ကို အတိအကျ နှိပ့်ပြီး ဖုန်းခေါ်ကြည့်တော့
ဖုန်းဝင်သွားတယ်ဗျ့ ဟဲလို အကို ဒီမှာ အကိုရဲ့အမေ ဘဏ်ရုံးမှာ လွှဲပေးတဲ့ . အကိုပိုက်ဆံအချို့ကိုလာပြီး ထုပ်တယ်
အကို လွဲပေးလိုက်ပြီလား လွဲမပေးပါဘူး ပိုက်ဆံရှာရတာ လွယ်တာ မဟုတ်ဘူးကွ အိမ်လည်း ပြန်လာမအားဘူး အလုပ်ရူပ်နေတယ်
ကျွန်တော် အဖွားအိုဘက် တစ်ချက်လှည့်ကြည့်တော့ ပြုံးစိစိနဲ့ အဖွားကလုပ်နေတယ်
ငါ့သားလေးက ငါ့ကို လွမ်းနေတဲ့ အကြောင်းတွေ ပြောနေတာ ဖြစ်မယ်ဆိုပြီး အဖွားက ပြုံးပြုံးလေးနဲ့ ပြောပြနေတယ်
ဟဲလို အကို အေး….. ပိုက်ဆံ လွဲမပေးတော့ဘူးလို့ ပြောလိုက် အဲ့အဖွားကြီးကို ပြီးတော့ ငါကဒီမှာမိသားစု့ရှိနေပြီ
ပျော်ပျော်ရွှင်ရွှင်လေး နေပါရစေကွာ ၊၊လာမနှောက်ယှက်ပါနဲ့လို့ ပြောလိုက် အဖွားကြီးကို ….ဒါပဲ ဖုန်းချပြီ
ဖုန်းပြောပီးအချိန်မှာ အမေအိုက သားဘာပြောလဲဟင် ၊၊ အမေ့ကို နေကောင်းလားလို့မေးတယ်မလား ၊၊ အိမ်ပြန်လာမယ်လို့ရော ပြောသေးလား
အမေအို ကြားချင်နေတဲ့ စကားတွေ ကျွန်တော် လိမ်ညာပီး ဖြည့်ပြောပေးရမှာလား
သားသမီးတွေရဲ့ စကားတွေကို ပြန်ပြောပြလိုက်ရင် အမေအို ရင်ကွဲပက်လက်ဖြစ်သွားမှာ စိုးတယ် ကျွန်တော် ထိန်းမရတဲ့ မျက်ရည်တွေနဲ့. ငိုချပစ်လိုက်တယ်
အမေ့ရဲ့ အဖြစ်ကို ကြည့်ပြီး ရင့်ကျိုးမရဖြစ်ခဲ့မိတယ် ကျွန်တော်ငိုတာကို အမေအိုက မြင်တော့ …ဘာလို့ ငိုနေတာလဲ သား
သြော် အမေ့ရဲ့ သားသမိးတွေဆီက ဝမ်းသာတဲ့ စကားကြားရလို့ ပါ …ဒါကြောင့်ငိုတာပါ အမေလို့ပြန်ပြောရင်း
ကျွန်တော် အမေအိုကို အိမ်ခေါ်သွားတယ် ၊၊ အိမ်ပြန်ရောက်တော့ ယူပါ အမေ. ……ဒါက အမေ့ရဲ့ သားသမီးဆီက လွှဲပေးတဲ့ ငွေတွေပါ
တကယ်တော့ အဖွားအို မသိအောင်ကျွန်တော့်ရဲ့. ပိုက်ဆံအိပ်ထဲက. ငွေ ၂ သိန်းကို ထုတ်ပြီး
အဖွားအိုအတွက် ကန်တော့လိုက်တာပါ ကျေးဇူးမသိတဲ့ သားတွေ ၊ သမီးတွေအတွက် ရင်လေးမိပါတယ်
မုန်းလည်း မုန်းတီးမိပါတယ် ၊၊ ရှာမကျွေးချင်နေပါ ဒုက္ခမပေးကြပါနဲ့…. လုပ်မကျွေးချင်နေပါ မစော်ကားကြပါနဲ့
မိဘ ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်နိုင်ကြတဲ့ သားကောင်း ၊ သမီးကောင်း ရတနာလေးများ……ဖြစ်နိုင်ကြပါစေ
စာပေချစ်သူတိုင်းကိုလေးစားလျက်ပါ ပြန်လည်မျှဝေပါသည် Crd: KSO