အမျိုးသားတစ်ယောက်နဲ့ စတွေ့တွေ့ချင်းမှာ အမျိုးသားတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ အရာတွေက ဒါတွေပါ။

(၁) ဆံပင်ရှည်လေးတွေ

မိန်းကလေးတစ်ယောက်ရဲ့ ထူထဲတောက်ပတဲ့ ဆံပင်ရှည်တွေက ကောင်လေးတွေရဲ့ အာရုံကိုဖမ်းစားနိုင်ဆုံးပါ။ တောက်ပတဲ့ဆံပင်ရှည်လေးတွေရှိတယ်ဆိုတာ အဲ့ဒီမိန်းကလေးရဲ့ စိတ်ရှည်မှုနဲ့ ကျန်းမာသန်စွမ်းမှုကြောင့်လို့ သူတို့က ယူဆပါတယ်တဲ့။

(၂) ကိုယ်သင်းနံ့

အနံ့အသက် ကောင်းကောင်းလေးတွေက စိတ်အာရုံကို လန်းဆန်းစေပြီး ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ဟော်မုန်းတွေကိုထုတ်လုပ်ပေးနိုင်တယ် ဆိုတာကို သိတဲ့လူ ရှားပါတယ်။ အဲ့ဒါကို မသိရင် မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်သင်းနံ့က အမျိုးသားတစ်ယောက်ရဲ့ စိတ်အာရုံကို ဒုတိယဆွဲဆောင်နိုင်ဆုံးလို့ပြောရင် အံ့သြမိမှာပါ။

(၃) ပြေပြစ်တဲ့မျက်နှာပုံစံ

ပြစ်မျိုးမှဲ့မထင်အလှမျိုးထက် မိန်းကလေးတွေရဲ့ ပြေပြစ်တဲ့မျက်နှာပုံစံက အမျိုးသားတွေကို ပိုဆွဲဆောင်နိုင်ပါတယ်။ မျက်နှာအနေအထားပြေပြစ်ရင် စိတ်ဓာတ်လည်းကောင်းတယ်လို့ သူတို့စိတ်ကထင်ကြပါတယ်တဲ့။

(၄) သွားလှလှလေးတွေ

အပြုံးလှလှလေးတွေက လူတစ်ယောက်ရဲ့ အာရုံတွေကို ဖမ်းစားနိုင်တယ်လို့ သိပြီးသား မဟုတ်လား။ တကယ်တော့ အပြုံးလှတာထက် သွားလှတာကမှ အဓိပါတဲ့နော်။ သွားဖြူဖြူလေးတွေကို အမျိုးသားတွေက အရမ်းသဘောကျပါတယ်။

(၅) လက်မောင်း

လက်မောင်း ရှည်ရှည်သွယ်သွယ်လေးတွေ ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မမတွေကို အမျိုးသားတွေ သိပ်ကိုကြွေကြပါတယ်။ ပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့ လက်မောင်းရှည်ရှည်လေးတွေက သူတို့တွေကို ဆွဲဆောင်နိုင်ပါတယ်လို့ အမျိုးသားအများစုက ဝန်ခံထားကြပါတယ်။

(၆) အသံ

မိန်းကလေးပီပီသသ အိညှက်အိညှက်ပြောတဲ့ အသံလေးတွေကို ကောင်လေးတွေ ကြွေကြတယ်လို့ ထင်ရပေမယ့် လူကေကာင်သေးပြီး အသံကျယ်ကျယ်မိန်းကလေးမျိုးက သူတို့ကို ပိုဆွဲဆောင်နိုင်ပါတယ်တဲ့။

(၇) ကောက်ကြောင်း

ါကတော့ ပြောစရာမလိုတော့တဲ့ အရာပါပဲ။ မိန်းကလေးတွေရဲ့ ကောက်ကြောင်းကို လိုက်မကြည့်တဲ့ ယောကျာ်းလေးဆိုတာ ရှိကို,မရှိတာပါ။ ပြီးတော့ ကောက်ကြောင်းလှတဲ့ မိန်းကလေးတွေကို မကြိုက်တဲ့သူရောရှိပါ့မလား။ ကောက်ကြောင်းလှလှလေးတွေက သူတို့ကို လုံးဝဆွဲဆောင်နိုင်ပါတယ်။

(၈) အနီရောင်ဝတ်စုံ

crush နဲ့သွားတွေ့ရင် အနီရောင်သာဝတ်သွားလို့ ပြောပါရစေ။ အနီရောင်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ရဲ့ အာရုံကို သေချာပေါက်ဆွဲဆောင်နိုင်ပါတယ်။