Unicode
ဒီလိုခေတ်ကြီးထဲမှာ ဆင်စီးပြီး ကျောင်းလာတတ်တယ်ဆိုတဲ့အဖြစ်က အတော်လေးကိုရှားပါးပါတယ် ။ ပြီးခဲ့တဲ့ June 17 ရက်နေ့က ထိုင်းနိုင်ငံ ၊ Surin ပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းကို ကျောင်းသား 3 ဦးက ဆင်စီးပြီး ကျောင်းလာတတ်ခဲ့ပါတယ်
အဆိုပါအဖြစ်အပျက်ကိုတော့ ကျောင်းဆရာက ဓာတ်ပုံရိုက်ပြီး social media ပေါ် ဝေမျှခဲ့တာပါ ။ ကျောင်းဝန်ထဲသို့ မဝင်ခင် အဆိုပါဆင်ကြီးက ကျောင်းဆရာကို အရိုအသေပေးခဲ့ပြီး ၊ ကျောင်းဝန်းအတွင်း ဘတ်စကတ်ဘောဆော့ကစားတဲ့ နေရာမှာကလေးတွေကို ချပေးခဲ့တာပါ
အဆိုပါကျောင်းသား 3 ယောက်ထဲမှ တစ်ဦးဟာ ဆင်ထိန်းသမားရဲ့သားဖြစ်ကြောင်းလည်း သိရပါတယ် ။ ကျောင်းသားတွေကို ကျောင်းလာပို့တဲ့ဆင် ဆိုတာ တွေ့ရခဲပါတယ် ။ ထိုင်းနိုင်ငံဟာ အခုလိုဆင်တွေနဲ့ တရင်းတနှီးအတူနေထိုင်နေကြတာကတော့ သူတို့နိုင်ငံသားတွေအတွက် အရမ်းထူးဆန်းတဲ့အရာမျိုးတော့ မဟုတ်ခဲ့ပါဘူးလေ
Crd Jasmine (Mckzone Daily)