ပြည်တွင်းစ.စ်ဖြစ်လာရင် ဘယ်လိုပြင်ဆင်ထားသင့်တယ် ဘယ်လိုတွေကြုံလာနိုင်တယ် ဘယ်လိုအဖြစ်အပျက်တွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့၊
စ.စ်ဟူသည် (ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိတ်ဟာ ဂျပန်တ.ပ်တွေနဲ့အတူ ထားဝယ်ဘက်ကနေ ထ.ိုးဖေ.ာက်ဝင်လာနေတဲ့အချိန်မှာ ရန်ကုန်မှာ ဘာတွေဖြစ်ပျက်နေပါသလဲ။ စ.စ်ရိပ်သန်းနေပေမယ့် ရန်ကုန်ဟာ အပျော်အပါးမပ.ျက်ခဲ့ပါဘူး။ တချို့ဆို အောင်ဆန်းဆိုတဲ့
ဒီအညာသားလေးက နေမဝင်အင်ပါယာကြီးကို ဘယ်လိုလုပ်နိုင်မလဲဆိုပြီး အေးဆေးလေ.ှာင်ပြောင်နေကြတာပါ။) အခုကာလမှာတော့ နိုင်ငံအနှံ့အပြားမှာ ဗုံ.းသံ၊ ေ.သန.တ်သံတွေနဲ့ ဝေဆာနေပါတယ်။ ပြည်သူတွေအနေနဲ့လဲ စ.စ်ဆိုတဲ့စကားကို ကြားနေရပီဖြစ်ပြီး တချို့ကလဲ
တက်ကြွ၊ တချို့ကလဲ ေ.ကြာက်လ.န့်၊ တချို့ကလဲ ေ.ရှာင်ပြေးဖို့နဲ့ အနာဂတ်တွေကို စဉ်းစားနေကြရပြီဖြစ်ပါတယ်။ အင်းစိန်တို.က်ပွဲနောက်ပိုင်း တခါတရံကလွဲလို့ ဗုံ.းသံ၊ ေ.သန.တ်သံတွေနဲ့ အလှမ်းဝေးခဲ့တဲ့ ရန်ကုန်မြို့ကြီးမှာတောင် နေ့စဉ်ရက်ဆက် ကြားသိမြင်နေရပါပြီ။
အခုဖြစ်နေတာက တို.က်ပွဲအဆင့်ဖြစ်ပြီး စ.စ်ပွဲမဟုတ်သေးပါဘူး။ တတိုင်းပြည်လုံး နေရာအနှံ့မှာ တို.က်ခို.က်ကြတဲ့ တို.က်ပွဲတွေ ဖြစ်လာရင်တော့ စ.စ်လို့ခေါ်ရမှာပါ။ ကမ္ဘာစ.စ်၊ ကိုရီးယားစ.စ်၊ ဗီယက်နမ်စ.စ်၊ ပင်လယ်ကွေ့စ.စ်၊ နောက်ဆုံး ဆီးရီးယားစ.စ်တို့ဟာ
စ.စ်ပွဲတွေဖြစ်ပါတယ်။ စ.စ်ဖြစ်လာခဲ့ရင် လူသိန်းနဲ့ချီ ေ.သကြရပြီး သန်းနဲ့ချီ အိုးအိမ်စ.ွန့်ခ.ွာထ.ွက်ပြေးကြရပါတယ်။ ဒုတိယကမ္ဘာစ.စ်မှာ မြန်မာနိုင်ငံလဲ ခံစားခဲ့ရပြီး နိုင်ငံသား ၁သိန်းကျော် ေ.သဆုံ.းခဲ့တယ်လို့ သိရပြီး အဲဒီထက် ပိုနိုင်တယ်လို့လဲဆိုပါတယ်။ တကယ်တော့ စ.စ်ဆိုတာ
ဘယ်နေရာမှ မကောင်းပါဘူး။ ဒါပေမယ့် ဖြစ်လာခဲ့ရင်တော့ ဘယ်လိုတွေကြုံတွေ့ခဲ့စားခဲ့ရဖူးသလဲဆိုတာကို သမိုင်းထဲက ထုတ်န.ုတ်ပြီး သိသလောက် တင်ပြချင်ပါတယ်။ ရန်ကုန်ကို ဂျပန်ဗုံ.းကြ.ဲခြင်း- ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိတ်ဟာ ဂျပန်တ.ပ်တွေနဲ့အတူ
ထားဝယ်ဘက်ကနေ ထ.ိုးဖေ.ာက်ဝင်လာနေတဲ့အချိန်မှာ ရန်ကုန်မှာ ဘာတွေဖြစ်ပျက်နေပါသလဲ။ စ.စ်ရိပ်သန်းနေပေမယ့် ရန်ကုန်ဟာ အပျော်အပါးမပ.ျက်ခဲ့ပါဘူး။ မင်တိုမင်ရှင်ဟိုတယ်မှာ စားသောက်နေကြသူတွေရှိသလို ဂလုပ်ရုံမှာ ဘ.ိုင်စက.ုတ်ကြည့်သူတွေ ရှိနေဆဲပါ။
ပဲခူးကလ.ပ်မှာလဲ ပါတီပေးနေကြသလို စုံတွဲတွေကလဲ ကန်တော်ကြီးစောင်းမှာ လေညင်းခံထွက်နေကြဆဲပါပဲ။ တချို့ဆို အောင်ဆန်းဆိုတဲ့ ဒီအညာသားလေးက နေမဝင်အင်ပါယာကြီးကို ဘယ်လိုလုပ်နိုင်မလဲဆိုပြီး အေးဆေးလေ.ှာင်ပြောင်နေကြတာပါ။
ယန္တရားတွေကလဲ ပုံမှန်လည်ပတ်ဆဲပါ။ မဂိုလမ်း(ရွှေဘုံသာလမ်း)က စိန်ဘာဘူတွေကလဲ စိန်တိုက်တွေ ဖွင့်နေဆဲဖြစ်ပီး မောင့်ဂိုမာရီလမ်း( ဗိုလ်ချုပ်လမ်း)ပေါ်မှာလဲ သွားလာနေကြ စားသောက်နေကြသူတွေ အများကြီးပါ။ ကမ်းနားလမ်းမှာလဲ ကုန်တင်ကုန်ချ အလုပ်သမားတွေနဲ့
စည်ကားနေတာပါပဲ။ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၂၃ရက်နေ့ မနက်မှာ ရန်ကုန်က အရင်လိုပဲ စည်ကားနေတုန်းပါပဲ။ မနက် ၁၀ နာရီမထိုးခင်မှာတော့ မင်္ဂလာဒုံမှာရှိတဲ့ ဗြိတိသျှတပ်စခန်းမှာ အခ.ျက်ပေးသံတွေ ည.ံနပါပီ။ နောက် မိနစ် ၂၀အတွင်းမှာပဲ ဂျပန်တ.ိုက်လေယာဉ်နဲ့
ဗုံ.းကြ.ဲလေယာဉ်တွေဟာ မင်္ဂလာဒုံကို ရောက်လာပီး တို.က်ခို.က်ပါတယ်။ ဗြိတိသျှလေတ.ပ်ကလဲ ပျံတက်ပြီး တ.ိုက်ခ.ိုက်ခဲ့ကြပါတယ်။ အပြန်မှာတော့ ဂျပန်တ.ပ်တွေဟာ ရန်ကုန်မြို့ထဲ(Downtown Yangon)ကို ဗုံ.းကြ.ဲခဲ့ပါတယ်။ ရုတ်တရက် အင.ိုက်မိနေတဲ့
ရန်ကုန်သူ ရန်ကုန်သားတွေဟာ စ.စ်ဆိုတာကို ပထမဆုံးကြုံတွေ့ခဲ့ရပီး လူပေါင်းများစွာ ေ.သေ.ကြပျ.က်စီ.းခဲ့ပါတယ်။ အိမ်တွေပျ.က်.စီး၊ မှန်တွေက.ွဲ၊ လမ်းပေါ်မှာ အလေ.ာင်းတွေ ပ.ျံ့ကြ.ဲနေခဲ့ပါတယ်။ ပန်းဆို.းတန်း (Phayre Street)နဲ့ မောင့်ဂိုမာရီလမ်း (ဗိုလ်ချုပ်လမ်း)တို့ဟာ
အကြီးအကျယ် ပ.ျက်စီ.းခဲ့ပါတယ်။ အဲဒီတနေ့ထဲမှာပဲ ဗုံ.းကြ.ဲမှုကြောင့် လူပေါင်း ၁၀၀၀ကနေ ၂၀၀၀အထိ အသ.က်ဆုံ.းရှုံ.းခဲ့ရပါတယ်။ စ.ွန့်ခ.ွာခြင်း- ဗုံ.းကြ.ဲတို.က်ခို.က်မှုပီးတဲ့နောက်မှာတော့ ဗြိတိန်အစိုးရဟာ ရန်ကုန်ကို မတ်လ ၇ရက်နေ့ နောက်ဆုံးထားပြီး
စ.ွန့်ခ.ွာကြဖို့ အမိန့်ထုတ်ခဲ့သလို ဆီကန်တွေနဲ့ အဆောက်အဦးတွေကိုလဲ မီ.းရှို.့ဖျ.က်ဆီ.းခဲ့ပါတယ်။ ရန်ကုန်ကနေ အိန္ဒိယဘက်ကိုစ.စ်ပြေးကြတဲ့ လူတန်းကြီးဟာ မျက်စိတဆုံ.းရှိခဲ့ပြီး ပြည် ပေ.ါက်ခေါင်းလမ်းကနေ ရခိုင်ပြည်ကို ဖြ.တ်ပီး ယခု ဘင်္ဂလားဒေ့ရှ်(ထိုစဉ်က အိန္ဒိယ)ဘက်ကို
ေ.ပြးခဲ့ကြပါတယ်။ လမ်းခရီးမှာ ဝ.မ်းရောဂါတွေ၊ ပ.င်ပ.န်းမှုဒ.ဏ်တွေနဲ့ အစာရေစား ရှာ.းပ.ါးမှုတွေကြောင့် ေ.သဆုံ.းကြသူတွေလဲ အများအပြားပါပဲ။ တချို့ကတော့ မန္တလေးကို ေ.ပြးကြပါတယ်။ မန္တလေးကလဲ စ.စ်ေ.ဘးလွတ်ရာ နေရာမဟုတ်ပါဘူး။ ချန်ကေရှိတ်ရဲ့
တရု.တ်တ.ပ်တွေက ဝင်ရောက်နေရာယူထားပီး နောက်ပိုင်းကျမှ ဂျပန်တ.ပ်တွေဝင်ရောက်လာမှုနဲ့အတူ အထက်ပိုင်းကိုပြန်တက်သွားခဲ့ရတာဖြစ်ပါတယ်။ မြို့ကလဲအပျ.က်အစီ.းတွေနဲ့ပါ။ ကြားက ပဲခူး၊တောင်ငူဒေသတွေမှာလဲ စ.စ်ကြောင့် အပျ.က်အစီ.းတွေအများကြီးရှိခဲ့ပါတယ်။
ကားလမ်းတွေကလဲ ဗုံ.းဒ.ဏ်ေ.ကြာက်ရသလို ရထားလမ်းလဲ လေယာဉ်ဒ.ဏ်ေ.ကြာက်ရတာပါပဲ။ ရထားနဲ့ေ.ပြးကြသူတွေ အတော်များကြပါတယ်။ ရထားနဲ့ေ.ပြးတယ်ဆိုလို့ အခုလို လေလေးတဖြူးဖြူးနဲ့ စီးနင်းရတ မဟုတ်ပါဘူး။ သံအလုံပ.ိတ်တွဲဖြစ်ပီး အလယ်မှာပဲ
လူအဆင်းအတက်ပါတဲ့ရထားမျိုးကို စီးနင်းရတာပါ။ တွဲတွေထဲမှာ လူတွေက ပြ.ွတ်သ.ိပ်ညှ.ပ်သ.ပ်နေပြီး ထမင်းချက်စားတာကအစ ရထားတွဲမှာပဲလုပ်ရပါတယ်။ လေယာဉ်သံကြားရင် ရထားရပ်ပြီး နီးစပ်ရာလယ်ကွင်းထဲ ဆင်းပုန်းနေရပြီး အခြေအနေငြိမ်မှ ရထားပေါ်ပြန်တက်
ဆက်လက်ထ.ွက်ခ.ွာရပါတယ်။ ရန်ကုန်နဲ့မန္တလေးကို ရထားနဲ့ခရီးသွားရင် အချိန် ၁ပတ် အနည်းဆုံးကြာပီး တခါတလေ ၃ပတ်လောက်ထိ ကြာမြင့်တယ်လို့ သိရပါတယ်။ သခင်နုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကတော့ အဲဒီအချိန်မှာ မန်းလေးထေ.ာင်ထဲမှာပဲ ရှိကြပြီး အင်္ဂလိပ်တွေ
မြို့ကိုစ.ွန့်သွားမှ ထေ.ာင်ထဲကလွတ်လာပါတယ်။ ဒါတောင်မှ ထေ.ာင်ပိုင်ကြီးရဲ့ပစ္စည်းတွေကို မြို့အပြင်ကို ထမ်းပို့ကြရပါသေးတယ်။ ပြီးတော့မှ စ.စ်ကိုင်းဘက်ကိုေ.ပြးပြီး စ.စ်ေ.ပြးနေတဲ့ ဒီးဒုတ်ဦးဘချိုတို့နဲ့တွေ့ပြီး နောက်ပိုင်းမှ ရန်ကုန်ကို ပြန်ဆင်းလာကြတာပါ။ အဲဒီအချိန်မှာ
လူတိုင်းဟာ က.ျီးလ.န့်စာစားနေကြရပြီး ရွာတွေကလဲ ကိုယ့်ဘာသာ ကာကွယ်ရပါတယ်။ တရု.တ်တ.ပ်တွေ လာလိုက်၊ အင်္ဂလိပ်တွေ ေ.ပြးလိုက်၊ နောက် ဂျပန်လာလိုက်၊ ဗြိတိသျှတ.ပ်တွေ ပြန်ဝင်လာလိုက်နဲ့ ရှု.ပ်ေ.ထွးနေကြတာပါပဲ။ တချို့ကလဲ အင်္ဂလိပ်တ.ပ်တွေနဲ့ အိန္ဒိယထဲ
လိုက်ပါသွားသလို တချို့ကလဲ တရု.တ်ပြည်ထဲ တရု.တ်တ.ပ်တွေနဲ့ ပါသွားကြပါတယ်။ ရန်ကုန်မှာပဲနေပြီး လည်သလိုရှင်သန်နေသူတွေလဲ ရှိပါတယ်။ အများစုကတော့ စ.စ်ေ.ရှာင်ကြပါတယ်။ ဂျပန်ခေတ်မှာ စ.စ်ဖြစ်နေတဲ့အတွက် အဝတ်အထည်ကအစ အလွန်ရှာ.းပ.ါးလို့
ဂုံနီအိတ်ချုပ်ဝတ်ရတာမျိုးတွေထိ ကြုံရပါတယ်။ စ.စ်ေ.ပြးသူတွေအနေနဲ့လဲ သောက်ရေမသ.န့်တဲ့အတွက် ဝ.မ်းရောဂါတွေ ဖြစ်ကြပါတယ်။ သခင်တွေကတော့ ပညာတတ်တွေများတော့ ရေထဲ ေ.ဆးခ.တ်သန့်စင်ပြီးမှ သောက်ကြပါတယ်။ ရွာအများစုက ပျ.က်စီ.းနေပီး
မီ.းလေ.ာင်နေတာတွေ တွေ့ရသလို ေ.သေ.ကြမှုတွေလဲ ရှိပါတယ်။ စ.စ်ဟူသည်- စ.စ်ကာလဆိုတာကတော့ ဘယ်သူမှ အစ.ိုးမရတဲ့ကာလပါ။ ကိုယ့်အသ.က်ကို ကာကွယ်ရတာဖြစ်ပြီး အချိန်နဲ့အမျှ ေ.ပြးလ.ွှားရွှေ့လျားနေရတာပါပဲ။ ရန်ကုန်ကနေ မြစ်ကြီးနားထိ
တောက်လျှောက်ေ.ပြးနေကြရတာမျိုးလဲ ကြုံခဲ့ကြရသူတွေရှိပါတယ်။ ဒီနေ့မှာ ရထားနဲ့ပြေးနေရပေမယ့် နောက်တနေ့မှာ ခြေလျင်လျှောက်နေရမယ်။ ဒီနေ့မှာ ထမင်းစားရပေမယ့် နောက်နေ့မှာ င.တ်နေချင်င.တ်နေမယ်။ ဒီနေ့မှာ ဒီနေရာမှာရှိနေပေမယ့် နောက်နေ့မှာ
နောက်နေရာ ရောက်နေမယ်။ တောကြောင်တွေ ဓ.ားပြတွေရဲ့ရ.န်၊ ဆ.င်းရ.ဲတဲ့ဒ.ဏ်၊ င.တ်ပြ.တ်တဲ့ဒ.ဏ်၊ ရေ.ာဂ.ါဘယဒ.ဏ်တွေကိုလဲ ကြုံတွေ့ခံစားရမှာပါ။ ကိုယ့်အသ.က်ကို ကိုယ်မပိုင်တဲ့ ကာလတွေဖြစ်ပြီး လည်သူ စားစတမ်းကာလမျိုးတွေပါ။ မြန်မာနိုင်ငံဟာ
ဒီလိုစ.စ်ေ.ဘးကြီးကို တပြည်လုံးကြုံတွေ့ခဲ့တာ နှစ်ပေါင်း ၈၀ခန့်ကြာခဲ့ပါပြီ။ နောက်ပိုင်းမှာ ပြည်မဘက်မှာက အေးချမ်းစွာရှိနေတာဖြစ်ပါတယ်။ စ.စ်ဖြစ်လာရင် အခ.ံရဆုံးကတော့ ပြည်သူတွေပါပဲ။ ဘာပဲဖြစ်ဖြစ် မလ.ွဲသာလို့ ကြုံလာခဲ့ပြီဆိုရင်တော့ ဘယ်လိုပြင်ဆင်ထားသင့်တယ်
ဘယ်လိုတွေကြုံလာနိုင်တယ်။ ဘယ်လိုအဖြစ်အပျက်တွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်သိရှိထားပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း အနည်းငယ်ဖြစ်စေ ပြင်ဆင်ထားနိုင်ရင်တော့ ဒီစာကို ရေးရကျိုးနပ်ပါပြီ။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။ လေးစားစွာဖြင့် ခရက်ဒစ်