အႏုပညာ၊ ဇြန္ ၂၃၊ ၂၀၂၁ အဆိုေတာ္ေရမြန္သည္ ယေန႔ ဇြန္ ၂၃ ရက္ေန႔ မနက္မွာ ငွက္ဖ်ားေရာဂါျဖင့္ ကြယ္လြန္သြားေၾကာင္း သူနဲ႔နီးစပ္တဲ့ ဂီတအသိုင္းအဝိုင္းမွ အတည္ျပဳေျပာၾကားခဲ့ပါတယ္
သူမကြယ္လြန္မီ သုံးရက္ခန႔္က ပန္းသပိတ္မွာ ပါဝင္ခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္အတြက္ ေမြးေန႔ဆုေတာင္းစကားမ်ားလည္း ေျပာၾကားသြားခဲ့ပါတယ္
အဆိုေတာ္ေရမြန္သည္ အမ်ိဳးသားပရိသတ္အမာခံရွိေသာ အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး Idiots Music Band ကိုလည္းတည္ေထာင္ခဲ့သူလည္းျဖစ္ပါတယ္
“ေမၽွာ္လင့္မထားတဲ့ သတင္းဆိုးတစ္ခုကို ကၽြန္ေတာ္တို႔ၾကဳံလိုက္ရပီဗ်ာ။ ကၽြန္ေတာ္တို႔ရဲ့ Raymond ဘဝတစ္ပါးသို႔ကူးေျပာင္းသြားပါပီ။ စိတ္ထားေကာင္းတဲ့Raymond… ေကာင္းမြန္တဲ့ဘုံဘဝေရာက္မွာပါ သူငယ္ခ်င္း 🙏🏼 Rest In Power Brother ❤️” ဆိုၿပီး IDIOTS Band ရဲ့ စာမ်က္ႏွာမွာ အတည္ျပဳေျပာထားပါတယ္
Unicode
အနုပညာ၊ ဇွန် ၂၃၊ ၂၀၂၁mအဆိုတော်ရေမွန်သည် ယနေ့ ဇွန် ၂၃ ရက်နေ့ မနက်မှာ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားကြောင်း သူနဲ့နီးစပ်တဲ့ ဂီတအသိုင်းအဝိုင်းမှအတည်ပြုပြောကြားခဲ့ပါတယ်
သူမကွယ်လွန်မီ သုံးရက်ခန့်က ပန်းသပိတ်မှာ ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကားများလည်း ပြောကြားသွားခဲ့ပါတယ်
အဆိုတော်ရေမွန်သည် အမျိုးသားပရိသတ်အမာခံရှိသော အဆိုတော်တစ်ယောက်ဖြစ်ပြီး Idiots Music Band ကိုလည်းတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်
“မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကျွန်တော်တို့ကြုံလိုက်ရပီဗျာ။ ကျွန်တော်တို့ရဲ့ Raymond ဘဝတစ်ပါးသို့ကူးပြောင်းသွားပါပီ။ စိတ်ထားကောင်းတဲ့Raymond… ကောင်းမွန်တဲ့ဘုံဘဝရောက်မှာပါ သူငယ်ချင်း 🙏🏼 Rest In Power Brother ❤️” ဆိုပြီး IDIOTS Band ရဲ့ စာမျက်နှာမှာ အတည်ပြုပြောထားပါတယ်