သင့်အိမ်ထဲကိုယူလာတဲ့ ပစ္စည်းတွေက သင့်အတွက်ကံဆိုးခြင်းတွေဖြစ်စေနိုင်တယ်ဆိုတာ သင်အမြဲတမ်းသတိထားသင့်ပါတယ်
တချို့သောပစ္စည်းတွေက အိမ်ထဲကိုကံဆိုးခြင်းတွေယူလာနိုင်ပြီး အိမ်သားတွေကို သေဆုံးစေတဲ့အထိခိုက်တတ်ပါတယ်
အခုဖော်ပြမယ့်အရာတွေက သင့်အိမ်မှာသိမ်းမထားသင့်တဲ့ ကံဆိုးစေတဲ့အရာတွေမို့လို့ ဒါတွေကို အမြန်ဆုံးရှင်းလင်းပစ်သင့်ပါတယ်
(၁) ကျိုးပဲ့နေတဲ့နာရီနဲ့ မှန်အကွဲများ
အိမ်အတွင်းမှာ ကျိုးပဲ့နေတဲ့နာရီနဲ့ အက်ရာထင်နေတဲ့မှန်၊ မှန်အကွဲတွေမထားသင့်ပါဘူး
ဒီလိုကျိုးပဲ့ကွဲအက်နေတဲ့အရာတွေအိမ်ထဲမှာ ရှိနေတဲ့အခါ သင့်ရဲ့ဘဝမှာအဆင်မပြေမှုတွေကို ပိုပြီးကြုံရတတ်ပါတယ်
(၂) ပိုးစုန်းကြူး
ပိုးစုန်းကြူးလေးတွေက ချစ်စရာလေးတွေမို့ ဖမ်းပြီးဖန်ဗူးလေးတွေထဲထည့်ထားတာမျိုး မလုပ်မိပါစေနဲ့
ပိုးစုန်းကြူးလေးတွေကို ဖန်ဗူးထဲထည့်ပြီးအိမ်ထဲထားထားခြင်းက သင့်ကိုကံဆိုးစေနိုင်ပါတယ်
(၃) ပန်းအခြောက်များ
အိမ်ထဲမှာ အလှထားတဲ့ပန်းအိုးတွေထဲက ပန်းတွေညှိုးသွားတဲ့အခါ ချက်ချင်းပန်းအသစ်လဲပေးပါ
ပန်းအညိုးတွေကို မလဲပစ်ဘဲထားထားခြင်းက သင်နဲ့သင့်အိမ်သားတွေဆီကံဆိုးခြင်းတွေဖြစ်လာစေပါတယ်
(၄) အိမ်ထဲမှာထီးကိုဖွင့်ပြီးထားခြင်း
မိုးရွာထဲကနေအိမ်ပြန်ရောက်လာတဲ့အခါ ထီးကိုအိမ်အပြင်ဖက်မှာ၊ ဝရန်တာမှာဖွင့်ပြီးအခြောက်ခံပါ
ထီးကိုအိမ်ထဲမှာဖွင့်ပြီးထားထားခြင်းက ကံဆိုးခြင်းကိုဖြစ်စေတတ်ပါတယ်
(၅) ပျက်စီးခြင်း၊သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံများ
အိမ်ထဲမှာထားဖို့ပန်းချီကားတွေ၊ ရုပ်ပုံကားချပ်တွေဝယ်တဲ့အခါ ပျက်စီးခြင်း၊ သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံတွေကိုမဝယ်ပါနဲ့
ဒီလိုပုံတွေကိုအိမ်ထဲမှာထားခြင်းက မကောင်းတဲ့အရာတွေကိုဖြစ်စေပါတယ်
(၆) ကန္တာရဆူးပင်
ကန္တာရဆူးပင်တွေကို အလှပဲဖြစ်ဖြစ်အိမ်ထဲမှာစိုက်မထားပါနဲ့
ဆူးပင်သေးသေးလေးတွေက ချစ်စရာကောင်းတယ်ဆိုပေမယ့် သင့်ကိုကံဆိုးစေနိုင်တာကြောင့် အိမ်ထဲမှာမစိုက်ထားတာအကောင်းဆုံးပါ
(၇) ပုဆိန်၊ပေါက်ပြားနဲ့တံမြက်စည်းအဟောင်းများ
ထင်းခွဲတဲ့ပုဆိန်၊ မြက်ပေါက်တဲ့ပေါက်ပြားနဲ့ တံမြက်စည်းအဟောင်းတေကို ဥယျာဉ်ခြံထဲ ဒါမှမဟုတ်
အိမ်အပြင်ဘက်မှာ ထောင်ရက်သိမ်းထားသင့်ပြီး အဲ့ဒီပစ္စည်းတွေကို အိမ်ထဲယူလာတာမျိုး၊ မြေပြင်မှာဒီအတိုင်းလဲပြီးချထားတာမျိုးတွေက ခိုက်တတ်တယ်လို့ အယူရှိကြပါတယ်
(၈) ရှုပ်ပွနေတဲ့အိပ်ရာ
မနက်အိပ်ရာနိုးလာတာနဲ့ စောင်နဲ့အိပ်ရာခင်းတွေကိုသေချာခေါက်ပြီး သန့်ပြန့်နေအောင်ထားသင့်ပါတယ်
ရှုပ်ပွနေတဲ့အိပ်ရာက အိမ်တစ်အိမ်အတွက်ကံဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်
ခရက်ဒစ်