အဆိုေတာ္ေရမြန္ရဲ့ ငယ္ဘဝပုံရိပ္အမွတ္တရေလးမ်ား

ေရာ့ခ္ဂီတအဆိုေတာ္ တဦးျဖစ္သည့္ ေရမြန္သည္ ယေန႔ (ဇြန္ ၂၃ ရက္) နံနက္ပိုင္းတြင္ ငွက္ဖ်ားေရာဂါျဖင့္ ဆုံးပါးသြားေၾကာင္း အႏုပညာအသိုင္းအဝိုင္းမွ သိရသည္။

အသက္ ၃၂ ႏွစ္အရြယ္ အဆိုေတာ္ ေရမြန္သည္ ငွက္ဖ်ားေရာဂါပိုး ဦးေႏွာက္ထဲ ဝင္သြားျခင္းေၾကာင့္ ဆုံးပါးသြားျခင္းျဖစ္ေၾကာင္း အႏုပညာအသိုင္းအဝိုင္းက အတည္ျပဳေျပာဆိုသည္။

တြတ္ပီဟု ခ်စ္စနိုးေခၚၾကသည့္ အဆိုေတာ္ေရမြန္၏ ေသဆုံးမႈကို ညီမျဖစ္သူက “ ေအာ္ ဘပီရယ္ နားလည္ေပးၾကပါ။

ဖုန္းေတြမဆက္ၾကပါနဲ႔ဦး ျပန္ေျဖဖို႔အားမရွိလို႔ပါ။ ေတာင္းပန္ပါတယ္” ဟု ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

ဂီတအသိုင္းအဝိုင္းမွ ၎၏သူငယ္ခ်င္းျဖစ္သူ အဆိုေတာ္နိုဗန္ထူးကလည္း ေရမြန္၏ ေသဆုံးမႈကို အတည္ျပဳထားသည္။

Idiots Band ၏ ပင္တိုင္အဆိုေတာ္ တဦးျဖစ္သည့္ ေရမြန္၏ သတင္းႏွင့္ ပတ္သက္၍ Idiots ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္လည္း “ေမၽွာ္လင့္မထားတဲ့ သတင္းဆိုးတခုကို က်ေနာ္တို႔ ၾကဳံလိုက္ရၿပီဗ်ာ။

က်ေနာ္တို႔ရဲ့ Raymond ဘဝတပါးသို႔ ကူးေျပာင္းသြားပါၿပီ။ စိတ္ထားေကာင္းတဲ့ Raymond ေကာင္းမြန္တဲ့ဘုံဘဝ ေရာက္မွာပါ။သူငယ္ခ်င္း Rest In Power Brother” ဟု ေရးသားထားသည္။

အဆိုေတာ္ေရမြန္ရဲ့ ငယ္ဘဝပုံရိပ္အမွတ္တရ ေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

Unicode,

အဆိုတော်ရေမွန်ရဲ့ ငယ်ဘဝပုံရိပ်အမှတ်တရလေးများ

ရော့ခ်ဂီတအဆိုတော် တဦးဖြစ်သည့် ရေမွန်သည် ယနေ့ (ဇွန် ၂၃ ရက်) နံနက်ပိုင်းတွင် ငှက်ဖျားရောဂါဖြင့် ဆုံးပါးသွားကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရသည်။

အသက် ၃၂ နှစ်အရွယ် အဆိုတော် ရေမွန်သည် ငှက်ဖျားရောဂါပိုး ဦးနှောက်ထဲ ဝင်သွားခြင်းကြောင့် ဆုံးပါးသွားခြင်းဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းက အတည်ပြုပြောဆိုသည်။

တွတ်ပီဟု ချစ်စနိုးခေါ်ကြသည့် အဆိုတော်ရေမွန်၏ သေဆုံးမှုကို ညီမဖြစ်သူက “ အော် ဘပီရယ် နားလည်ပေးကြပါ။

ဖုန်းတွေမဆက်ကြပါနဲ့ဦး ပြန်ဖြေဖို့အားမရှိလို့ပါ။ တောင်းပန်ပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဂီတအသိုင်းအဝိုင်းမှ ၎င်း၏သူငယ်ချင်းဖြစ်သူ အဆိုတော်နိုဗန်ထူးကလည်း ရေမွန်၏ သေဆုံးမှုကို အတည်ပြုထားသည်။

Idiots Band ၏ ပင်တိုင်အဆိုတော် တဦးဖြစ်သည့် ရေမွန်၏ သတင်းနှင့် ပတ်သက်၍ Idiots ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း “မျှော်လင့်မထားတဲ့ သတင်းဆိုးတခုကို ကျနော်တို့ ကြုံလိုက်ရပြီဗျာ။

ကျနော်တို့ရဲ့ Raymond ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ။ စိတ်ထားကောင်းတဲ့ Raymond ကောင်းမွန်တဲ့ဘုံဘဝ ရောက်မှာပါ။သူငယ်ချင်း Rest In Power Brother” ဟု ရေးသားထားသည်။

အဆိုတော်ရေမွန်ရဲ့ ငယ်ဘဝပုံရိပ်အမှတ်တရ လေးတွေကို ဖော်ပြလိုက်ပါတယ်။