အခုချိန်ဆို ဘပီဘယ်ရောက်နေမလဲ မီးမိးတို့ ငိုနေတာတွေ့ရင် ဘပီကော ဝမ်းနည်းနေမလား…?(အင်တာဗျူးရုပ်သံ)

ဘပီ…. မိသားစုထဲမှာ သားအကြီး မောင်နမ ၂ယောက်လုံးက မွေးလာကတည်းက အတောင်တဖက်စီ ပဲ့လာသူအချင်းချင်းမို့

ကိုယ့်ခံစားချက်သူနားလည်သလို သူ့ခံစားချက်တိုင်းလဲ နားလည်ပေးတယ် ငယ်ငယ်ကဆို အမေသီချင်းထွက်ဆိုတိုင်း မထိန်းတတ်ထိန်းတတ်နဲ့ နို့ဘူးတွေဖျော်

အနှီးတွေလဲနဲ့ ထိန်းလာပေးတဲ့ အကို မိစုံဖစုံ နဲ့ကြီးပျင်းလာတာ မဟုတ်တဲ့အတွက် ကိုယ့်မှာ အားကိုးစရာဆိုလို့ သူပဲရှိခဲ့တယ်

အဖေလို အကိုလိုမျိုး ချစ်ရတဲ့သူ သံယောဇဉ်အရှိဆုံးသူ ပွဲလမ်းတွေ သွားချင်တဲ့အခါတိုင်း အမေ့ကိုခွင့်တောင်းပေးပီး အမြဲလိုက်ပို့ပေးတယ်

အပြန်ကျရင်မေးတယ် ပျော်လား ပြူးစိန် တဲ့ ငါ့ညမက အမြဲစိတ်ဓာတ်ကျတတ်လို့ နင်ပျော်ဖို့အရေးကြီးတယ် ငါအားရင်လိုက်ပို့မယ်ဆိုပြီးပြောနေကျ

အမေနဲ့ရန်ဖြစ်တိုင်းလဲ ကားနဲ့လာလာခေါ်ထုတ်ပေးပီး စိတ်ပျော်အောင်ထားတယ် ဘာစားမလဲ ဘာလုပ်မလဲ အကုန်နားလည်ပေးပီး နှစ်သိမ့်တတ်ဆုံးသူမို့

အခုချိန်ပိုခံစားရတယ် ငဗစ် အချိန်ကတည်းက အိမ်ကစီးပွားရေးအဆင်မပြေလို့ သူပဲထောက်ပံ့ခဲ့တာ အိမ်လခ ဈေးဖိုးက အစ

သူ့ဘက်က ဘယ်လောက်အဆင်ပြေပြေ မပြေပြေ ကိုယ်တွေကို ထုတ်မပြောဘူး မရရအောင် ရှာဖွေပြီးလာပေးတတ်တဲ့သူ

Streamer လုပ်တုန်းကလဲ သူအရမ်းကြိုးစားတယ် နဂိုထဲက ဂိမ်းဆော့ရ ဝါသနာပါတဲ့သူမို့ သူနဲ့အဆင်ပြေတာပေါ့

တခါတလေတော့လဲ အရမ်းညည်းတယ် ပင်ပန်းလိုက်တာတဲ့ ပျင်းလို့ဆော့တာမျိုးမဟုတ်ပဲ အလုပ်တခု အနေနဲ့လုပ်ရတော့

ညလဲမအိပ်ဖြစ် မျက်ရိုးတွေကိုက်နဲ့ အရမ်းပင်ပန်းရှာတယ် သနားလွန်းလို့ ဘပီရယ် အဲ့လောက်ကြီး အလုပ်တွေဖိမလုပ်ပါနဲ့

နားပါဦးဆိုလဲ အလုပ်လုပ်မှ ပိုက်ဆံရမှာ ကြိုးစားရမယ် တဲ့ အသက် 40 ပြည့်ရင် ဘုန်းကြီးဝတ်မယ်ဆိုပဲ ငါဘုန်းကြီးဝတ်သွားရင် ငါရှာထားသမျှအကုန်လုံးက

နင်တို့အတွက်ပဲဆိုပီးပြောနေကြလူကြီး သူ့အနွံတာ သူအနိုင်ကျင့်သမျှ အခံဆုံးကလဲ ကိုယ်ပဲ ရန်ဖြစ်တိုင်းလဲ သူအဆဲဆုံးပဲ

သူပြောနေကျစကား ငါကအကြီး ငါ့ကိုဆရာလာမလုပ်နဲ့ အမြဲတမ်း ရန်ဖြစ်ပြီးတိုင်း ပန်းစည်းကြီးယူလာပီး ပါးကိုလာနမ်းတယ် စိတ်မဆိုးနဲ့တော့ ပြူးစိန် ဆိုပီး

အပြင်ထွက်ခါနီးတိုင်းလဲ အမေနဲ့ညမကို နမ်းပီးမှ သွားတတ်တဲ့သူမျိုး တနေ့ကို ဖုန်းတခေါက်ပုံမှန်မပြောဖြစ်ဘူး အမြဲ ချစ်တယ် ဆိုပြီး တဖွဖွမပြောဘူး

ဒါပေမယ့် သူအရမ်းချစ်တယ် ဆိုတာသိတယ် ဘပီရေ ဘပီကြိုက်တဲ့ဟင်းလေးတွေ မီးမီးချက်ကျွေးချင်သေးတယ်

ဘပီ အဝတ်တွေလဲ လျော်ပေးချင်သေးတယ် ဘပီ စိတ်ဆိုးလို့် အော်ဆဲတဲ့ အသံလေးလဲကြားချင်သေးတယ် ဘပီ နေမကောင်းတဲ့အခါတိုင်း ပြုစုပေးချင်သေးတယ်

ဒီခက်ခဲကြမ်းတမ်းတဲ့ ကာလကြီး ပြီးသွားရင် မိသားစုကို ဗုဒ္ဓဂါယာဘုရားဖူး လိုက်ပို့မယ်ဆို အခုဖြစ်နေတာတွေအားလုံးက တကယ်မဟုတ်ရင်

သိပ်ကောင်းမယ် ဘပီချစ်တဲ့ ပြူးစိန်က ဘပီလောက် မသန်မာဘူး မရင့်ကျက်သေးဘူး ဘပီရေ ဘပီမရှိတဲ့နောက် ဘယ်လိုနည်းနဲ့ အသက်ရှင်ရမလဲဆိုတာလဲ

မတွေးတတ်တော့ဘူး နေရာချင်းလဲပေးလို့ ရရင်သိပ်ကောင်းမယ် ဒီအချိန်မှာ အရာအားလုံးက ကိုယ့်တာဝန်ကျလာပီဆိုတော့ အမေ့အတွက် ပိုပိုးလေးအတွက် ကြိုးစားပြီးတော့

အသက်ဆက်ရှင်ရဦးမယ် ဒါပေမယ့် ဘယ်လိုခွန်အားမျိုးနဲ့ ဆက်ရပ်တည်ရမလဲဆိုတာ မသိဘူး

အခုချိန်ဆို ဘပီဘယ်ရောက်နေမလဲ မီးမိးတို့ ငိုနေတာတွေ့ရင် ဘပီကော ဝမ်းနည်းနေမလား အတွေးပေါင်းစုံ ဝင်ပြီး ရူးတော့မယ်ဘပီရယ်

အပြင်မှာရာသီဥတု သိပ်အေးတယ် ရင်ထဲမှာတော့ အတော်ပူလောင်နေတယ် မေကြီးအတွက်တော့ စိတ်ချနော် မီးမီးရှိတယ် သီချင်းလေးအတိုင်းပဲ

စိတ်ဖြောင့်ဖြောင့်သာ ချန်ခဲ့ ပါ သိပ်ချစ်တယ် ငါ့အကို… လပြည့်ကဗျာ

ရေမွန် အမှတ်တရ အနေဖြင့် ၂၀၁၉ ခုနှစ်က အင်တာဗျူးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်