အာဠာဝက အမည်ခံ သခင် ဖိုးလှကြီးရဲ့ လည်ပင်းက သံကြိုး ကြီးရဲ့ အဓိပ္ပာယ်လဲ

အာဠာဝက အမည်ခံ သခင် ဖိုးလှကြီးရဲ့ လည်ပင်းက သံကြိုး ကြီးရဲ့ အဓိပ္ပာယ်လဲ ဘဘ သခင် ဖိုးလှကြီးရဲ့ လည်ပင်း က သံကြိုးကီးက ဘယ်လို အဓိပ္ပာယ် လဲဟင် လို့ မြေးဖြစ်သူ က မေးလာ တယ်။ ဒီမေးခွန်းရဲ့ အဖြေကို နှစ်ပေါင်း များစွာ ရှာကြံတွေးဆ ခဲ့ပေမယ့် ကျေနပ်တဲ့ အဖြေကို မရ ခဲ့ဘူး

တချို့က လည်း နယ်ချဲ့ အင်္ဂလိပ် BOC ရဲ့ နှောင် ကြိုးကို ဖြတ်တောက် ပစ်လိုက်တဲ့ နိမိတ်ပုံ သင်္ကေတ လို့ ဆိုကြ တ ယ်။ တချို့က လည်း အရေးတော်ပုံ ကာလ ချီတက်ပွဲကြီး မှာ ဆွဲထားတဲ့ ခရာကြိုး လို့ပဲ ပြောကြ တယ် ဘယ်ဟာမှ အတည် ယူလို့ မရ နိုင်ခဲ့ပါဘူး

အနုပညာ ရှင်တွေရဲ့အမြင်မှာ အင်္ဂလိပ် BOC ရဲ့ နှောင်ကြိုး အနေနဲ့ သံကြိုး ကိုတင်စား ထားတာ ပဲလို့ ပြောပေမယ့် အ ဓိပ္ပာယ် မယူဆ တတ်တဲ့ ကလေး တွေကြတော့ အဓိပ္ပာယ် ပြောင်းသွား ပြန်ရော ပိုဆိုး တာက ခွေးရူး ဘဝ မကျွတ် မ ကျွတ် သံကြိုးကြီး နဲ့ ဒရွတ် ဒရွတ် ဆို ပြီး ပြောင်ကြ လှောင်ကြ တာပဲ။ ကလေး ဆိုတော့ ဘာသိ မှာလဲ သံကြိုးကြီး ကလည်းလည်မှာ ဆွဲထားတော့ ပြောမယ် ဆိုလည်း ပြောချင် စရာပဲလေ

ဒါပေမဲ့ သမိုင်းဝင် သံမဏိသပိတ် ခေါ င်းဆော င် တစ်ဦးကို ဒီလိုပြက် ရယ် ပြုတာ ကိုတော့ စိတ်ထဲမှာ ခံစားမိတယ်။ ချောက်မြို့ မှာရှိတဲ့ ကျောင်းရှေ့မှာ သခင် ဖိုးလှကြီးရဲ့ ကိုယ်တစ်ပိုင်း ပုံရုပ်ထု ရှိတယ်။ အဲဒီ ရုပ်ထု ကို ပန်းပု ဆရာကြီး ဦးဟန်တင် ထုလုပ်ထား တယ်လို့ မှတ်သား ဖူးတယ်

ဆရာကြီးကို နိုင်ငံတော် ကတာဝန် ပေး ပြီး ထုလုပ် ခိုင်းခဲ့ တာတဲ့။ ဆရာကြီး ဦးဟန်တင် ထုလုပ် ခဲ့တဲ့ ချောက် GTI ကျောင်းရှေ့ က သခင် ဖိုးလှကြီး ရုပ်ထု မှာလည်း သံကြိုးကြီး ကိုတွေ့ ရတယ်

ဆရာကြီး ကလည်း ၁၃၀၀ ပြည့် အရေးတော် ပုံကာလ အတွင်းမှာ ရိုက်ခဲ့တဲ့ သခင် ဖိုးလှကြီးရဲ့ဓာတ်ပုံ ကိုကြည့်ပြီး ထု လုပ် ခဲ့တာ ဖြစ်မှာပါ။ အရေး တော်ပုံ ကာလမှာ သခင် ဖိုးလှ ကြီးက သတင်းစာ ကိုကိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ရှိတယ်။ လည်ပင်းမှာ သံကြိုး လို့ထင် ရတဲ့ ကြိုး တုတ်တုတ် တစ်ချောင်း ကိုတွေ့ ရတယ်။ သံကြိုး ပုံကွင်းဆက် တွေနဲ့ ပဲ။ အဲဒီပုံ ကို နမူနာ ယူပြီး ထုလုပ်ခဲ့ ဟန်တူ ပါတယ်

ချောက် GTI ကျောင်းမှာ ထုလုပ် ထားတဲ့ သခင် ဖိုးလှကြီးရဲ့ လည်မှာ သံကြိုးကွင်း ဆက်ကြိုးကြီး တစ်ချောင်းကို ဆွဲ ထားတာ တွေ့ရတယ်။ အဲဒီပုံက နှောင်းခေတ် လူတွေရဲ့ အမြင်မှာ စွဲထင် နေတာ ကြာခဲ့ ပြီပေါ့။ နှစ်ပေါင်းပဲ ၄၀ ရှိပြီေ လ နောက် တစ်ခါ ဦးနေဝင်းရဲ့လမ်းစဉ် ပါတီခေတ် က ထုတ်ဝေ ခဲ့တဲ့ ၄၅ ကျပ်တန် ငွေစက္ကူ မှာလည်း သခင် ဖိုးလှကြီးရဲ့ ရုပ်ပုံနဲ့ ထုတ်ဝေ ထားတာကို တွေ့ရပြန်တယ်။ အဲဒီပုံ ကတော့ ပန်းပု ဆရာကြီး ဦးဟန်တင် ထုလုပ်ထား တဲ့ သခင် ဖိုးလှ ကြီးရဲ့ ရုပ်ထုပုံနဲ့ အတူတူ ပါပဲ။ လည်မှာ သံကြိုးကြီး ဆွဲထား သလိုပဲပေါ့

အဲသလို မြင်ကွင်း တွေကြောင့် လည်း နှောင်းခေတ် လူတွေရဲ့အသိမှာ သခင် ဖိုးလှကြီး ဆိုရင် လည်မှာ သံကြိုး ကြီးတ န်း လန်းနဲ့လို့ ထင်ယောင် ထင်မှား ဖြစ်ကုန် ကြတာပဲ ပေါ့။ မြေးဖြစ်တဲ့ သူက လည်း ဒါကြောင့် ပြောတာ ရှိမှာပါ အဲဒီ သခင် ဖိုးလှကြီးရဲ့ လည်မှာ သံကြိုး တန်းလန်း ကိစ္စက ဒီကနေ အထိ ရှင်းလို့ မရ နိုင်သေးဘူး ဖြစ်နေတယ်။ ၇.၇. ၂၀၁၃ နေ့တုန်း ကလည်း ဒီလိုပဲ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အထိမ်း အမှတ် အနေနဲ့ သခင် ဖိုးလှကြီး ရဲ့ ကြေးသွန်း ရုပ်ထုကို ချောက်မှာ ရှိတဲ့ အလုပ်သမား မေဒေး ပန်းခြံမှာ စိုက်ထူကြ မယ်ပေါ့

တချို့ ကလည်း တင်ပြကြ တာတွေရှိတယ်။ အားမာန် အပြည့် နဲ့ သုံးရောင် ခြယ် အလံကို ကိုင်နေတဲ့ ကိုယ်လုံးပြည့် ရုပ်ထု ပုံကို ထုလုပ် ချင်ကြတယ်။ တချို့ ကလည်း ကုန်ကျ စရိတ် နည်းမယ့် ကိုယ်တစ် ပိုင်းပုံ ကိုပဲ ထုလုပ် ချင်ကြတယ်။ နောက်ဆုံး တော့ ရန်ပုံငွေ အခြေအနေ အရ သခင် ဖိုးလှကြီး ရဲ့ ကိုယ်တစ်ပိုင်း ရုပ်ထု ကိုပဲ ကြေးရုပ် လုပ်ကြ မယ်ပေါ့ ဒီမှာတင် ပြဿနာ ကမပြီးသေးဘူး သခင် ဖိုးလှ ကြီးရဲ့ လည်မှာ ဆွဲထားတဲ့ သံကြိုး ကိုထည့်မလား၊ မထည့် ဘူးလား။ ထည့်မယ် ဆိုရင် ကလေးတွေ ပြောကြ၊ လှောင် ကြတဲ့ သံကြိုးကြီး နဲ့ ဒရွတ် ဒရွတ် ဆိုတာ မျိုးဖြစ်မယ်

မထည့်ဘူး ဆိုရင် မြင်နေကြ သခင် ဖိုးလှကြီးရဲ့ ပုံနဲ့ကွဲပြား နေမယ်ပေါ့။ လူတွေရဲ့ အမြင်မှာ သခင် ဖိုးလှကြီး ဆိုရင် သံကြိုး ပါရမယ် လို့မြင် နေကြပြီ။ သံကြိုး မပါတဲ့ ပုံတော့ ရှိပါတယ် မောင့်ကျက်သရေ ခေါင်းပေါင်း နဲ့ပုံ၊ ဒီပုံကြ တော့လည်း မာန်မပါ လို့ မသုံးချင်ကြဘူး။ ဒီလို ဆိုရင် အရေးတော်ပုံ ကာလ မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံထဲ ကပုံကိုပဲ သုံးကြမယ်လို့ ဆုံးဖြတ် လိုက်ကြတယ် အဲဒီပုံကလည်း (၄၅) ကျပ်တန် ငွေစက္ကူ ထဲ က ပုံနဲ့ အတူတူပါပဲ။ ဆရာကြီး ဦးဟန်တင် ရဲ့ ပန်းပုပုံနဲ့ အတူတူပါ။ ဒါပေမဲ့ ဒီသံကြိုးကြီး ကို ဘဝင် မကျဖြစ် နေတယ်။ ဘာလို့ ပန်းပုရုပ်မှာ သံကြိုး ဖြစ်နေ ရတာ လဲပေါ့။ သူတို့ ဆွဲခဲ့တဲ့၊ ထု လုပ်ခဲ့ တဲ့သံကြိုးက အခု အတော် စဉ်းစားရ ကျပ်နေ တယ်

သခင် ဖိုးလှကြီးရဲ့ သမိုင်း ရုပ်ပုံ အမှန်ကိုပဲ ထုလုပ် ချင်တ ယ်။ အဲဒီ သမိုင်း ရုပ်ပုံ အမှန်ဟာ သံကြိုး တော့ မဖြစ်နိုင်ဘူး။ အနုပညာ ရှင်တွေရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးပြီး ဆွဲထားတဲ့ သံကြိုး ဆိုတာမျိုးလည်း မဖြစ်ချင် ဘူး။ သမိုင်း အစစ် အမှန်ဖြ စ်တဲ့ ခရာကြိုး ကိုပဲဖြစ် စေချင်တယ်။ ခရာကြိုး ဆိုရင်လည်း ဒီလို သံကြိုးကွင်း ဆက်ပုံမျိုး မဟုတ်ဘူး သေးသေး မျှင်မျှင်ပဲ ဖြစ်ရမယ် ပေါ့။ ဒီနေရာမှာ ဝိဝါဒ ကွဲပြား နေကြတယ်။ သခင် ဖိုးလှကြီးရဲ့ ကြေးသွန်း ရုပ်ထုမှာလည်း သံကြိုး ကွင်းဆက်ကြီး ကို ပြန်သုံး ထားရင် ကလေးတွေ လှောင်စရာ ဖြစ်နေမယ်။ ခရာကြိုး သေးသေး သုံးပြန်ရင် လည်း သမိုင်းဝင် ဓာတ်ပုံ ထဲက သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထား တဲ့ကြိုးနဲ့ ကွဲပြား သွားမယ်

ဒီလိုဆိုရင် ဘယ်လိုကြိုး ကို သုံးမှာလဲ။ သံကြိုးလား၊ ကြိုး မျှင်လား၊ အတော် ခေါင်းစား ခဲ့ရတဲ့ ပြဿနာပဲ။ နောက်ဆုံး တော့ နယ် ချဲ့ အင်္ဂလိပ် MOC ရဲ့ အနှောင် အဖွဲ့ကို ဖြတ် တောက်ခြင်း ဆိုတဲ့ နိမိတ်ပုံ သံကြိုး ကို သုံးကြစို့ လို့ ဆုံးဖြတ် လိုက်ကြတယ်။ စိတ်ထဲ မှာတော့ ဘဝင် မကျ လှပါဘူး ကံကောင်း တယ်လို့ ပြောရ မလား မသိဘူး။ ဒါမှ မဟုတ် ကွယ်လွန် လေပြီးသော သခင် ဖိုးလှကြီး ကများ စိတ်စွမ်းအင် တွေပေးပြီး ပြဿနာ ကို ဖြေရှင်း လိုက်လေ သလား မသိဘူး။ ပြဿနာရဲ့ မူလ အဖြစ်မှန် ကို သိလိုက် ရတယ်

ဒါဟာ သမိုင်းကို ပြန်လည် တည့်မတ် လိုက်ခြင်း ဖြစ်လို့ သိပ်ပြီး တန်ဖိုးကြီးမား ပါတယ်။ အဲသလို မဟုတ် ရင် တစ်သက် လုံး သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထားတဲ့ သံကြိုးကြီးက ဘဝင် မကျ စရာဖြစ်နေမှာ၊ အခုတော့ ရှင်းသွားပြီ ဖြစ်ပုံက ဒီလိုပါ၊ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော် ပုံ စိန်ရတု အခမ်းအနား ကျင်းပမယ် လို့ သတင်းစာ တွေ၊ ဂျာနယ် တွေ၊ ဖေ့စ်ဘွတ်ခ် တွေက နေပြီး သတင်းဖြန့် လိုက် တယ်

ဒီသတင်းက တောမီးပြန့် သလို တစ်နိုင်ငံ လုံး ပြန့်သွား တ ယ်။ ဒီမှာတင် သခင် ဖိုးလှကြီးရဲ့ မျိုးဆက် သစ်တွေက စိတ်ဝင်စား သွားတယ်။ ချောက်မှာ ရှိတဲ့ သခင် ဖိုးလှကြီးရဲ့ မျိုးဆက် တချို့က ဒီသံကြိုး ပြဿနာ ကို ထဲထဲ ဝင်ဝင် မသိကြ ပေမယ့် မန္တလေး မှာ ရောက်နေတဲ့ မျိုးဆက်သစ် တစ်ယောက် ကတော့ ဒီပြဿနာ ကိုသိထား တယ် သူ့ကို မေးလာတဲ့ သံကြိုး ပြဿနာ ကို လည်း လက်လှမ်း မီသလောက် ရှင်းပြခဲ့ ဖူးတယ်။ ဒါပေမဲ့ တစ်နိုင်ငံ လုံး အတိုင်း အတာနဲ့ ဆိုတော့ ဘယ်မှာပြီး ပြည့်စုံ နိုင်ပါ့မလဲ ၁၃၀၀ ပြည့် စိန်ရတု ကျင်းပရေး ကော်မတီ အနေနဲ့ လည်း ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ သခင်၊ သခင် မကြီး တွေနဲ့ လက်လှမ်း မီသလောက် ဆက်သွယ် လိုက်တဲ့ အခါ မှာတော့ သခင် ဖိုးလှကြီးရဲ့ သမီး ဒေါ်ကျင်ကျင်ဝေဆိုတာ နတ်မောက် မှာရှိနေတဲ့ အကြောင်း သိလိုက် ရတယ်

သူ့ဆီမှာ သမိုင်းဝင် ဓာတ်ပုံ လည်းရှိတယ် လို့ ကြား သိရတော့ ဆက်သွယ် လိုက်တယ်။ သခင် ဖိုးလှကြီး ရဲ့သား ဦးေ အာင်သန်း ကတော့ ကွယ်လွန် သွားပြီမို့ ကျန်ရစ်တဲ့ မိသားစု ဆီက အထောက် အထား သိပ်မရဘူးကံကောင်း ချင်ေ တာ့ သခင် ဖိုးလှကြီးရယ်၊ သခင် သိန်းမောင် ကြီးရယ် စုပြီး ရိုက်ထားတဲ့ ဘင်ခရာ တီးဝိုင်း ဓာတ်ပုံကို နတ်မောက် မှာ ရောက်နေတဲ့ ဒုတိယ သမီး ဒေါ်ကြင်ကြင် ဝေဆီက ရလိုက်တယ်

ဒေါ်ကြင်ကြင်ဝေ အနေနဲ့ မန္တလေး မှာ ရောက်နေတဲ့ သူ့သမီး ဒေါ်ခင်အုန်းဝေ ကို ဖုန်းနဲ့ ဆက်ခေါ်ပြီး သူတို့ မိသားစု ချောက်ကို ရောက် လာကြတယ်။ ကွဲကွာသွား ခဲ့တဲ့ မွေးရပ်မြေ ကိုပြန်ပြီး ခြေချ ရတော့ သူတို့ရင်မှာ ပီတိတွေ လွှမ်းခြုံ နေတာပေါ့ နှစ်ပေါင်း များစွာ ကွဲကွာ နေကြတဲ့ ဆွေမျိုး သားချင်း တွေ ပြန်လည် ဆုံတွေ့ ကြရ လို့လည်း မျက်ရည် လည်ရွှဲ ဖြစ်ေ နကြ သေးတယ်။ ဇရာ ရဲ့ အထုအထောင်း လောကဓံရဲ့ အထုအထောင်း ကြောင့် ဆံပင် တွေဖြူ သွားတွေ ကျိုးေ နတာကို ဟင် ဟယ် နဲ့ တအံ့တသြ ဖြစ်နေ လိုက်ကြတာ ပြီးတော့ ငိုလည်းငို ရယ်လည်း ရယ်နဲ့ ပျော်စရာ့ ပျော်စရာ ပျော်စရာကြီး ပေပါ့

စိန်ရတု ဖြစ်မြောက်ရေး ကော်မတီ တွေအနေနဲ့ လည်း ကွဲကွာ ခဲ့ကြရတဲ့ မိသားစု တွေကိုကြည့်ပြီး စိတ်မကောင်း ဖြစ် တာ ရှိသလို ခုလိုပြန်လည် ဆုံဆည်း ပေးရတာကို ပီတိ ကုသိုလ် ဖြစ်မိ ပါတယ်။ မြန်မာ့ လူ့အဖွဲ့ အစည်းဟာ သိပ်ပြီး သံယောဇဉ် ကြီးတဲ့ လူ့ အဖွဲ့အစည်းပါ။ ကျွန်တော်တို့ အဘိုး၊ အဘွားတွေ တုန်းက ဆိုရင် ရွာမှာ အိမ်ဝိုင်းက အကျယ် ကြီး၊ ခြံစည်း ရိုးခတ် တယ် ဆိုတာမရှိဘူး အဲဒီ ဝိုင်းကျယ်ကြီး ထဲမှာပဲ သားတွေ သမီးတွေ မြေးတွေ မြစ်တွေဟာ ကိုယ့်အိမ် နဲ့ကိုယ် သီခြား ခွဲနေကြတာ။ ဘေးကို လွင့်စင် သွားတယ်ဆို တာ မရှိသလောက် ရှားတယ်။ မိသားစု မောင်နှမ အချင်း ချင်းလည်း ချစ်လိုက် ကြတာ စည်းလုံး လိုက်ကြတာ တစ်ယောက်နဲ့ တစ်ယောက် လည်း ချစ်ကြောက် ရိုသေ ကြရတယ်

အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာ ဆိုတဲ့ အုပ်ထိန်းမှု အောက်မှာ မြန်မာ့ လူ့အဖွဲ့ အစည်းဟာ စည်းလုံး ညီညွတ် စွာနဲ့ စည်းကမ်း ရှိရှိ နေထိုင် သွားခဲ့ကြ တယ်။ နောက်ပိုင်းမှာ မြို့ပြ ယဉ်ကျေးမှု တွေ ဝင်ရောက် လာတဲ့ အခါမှာ တော့ စည်းလုံး ညီညွတ်ခြင်း ဆိုတဲ့ စည်းရိုး ကျိုးပေါက် သွားတယ်။ ထက်အောက် ရိုသေ လေးစား မှုဆိုတာ တွေလည်း လျော့ရဲရဲ ဖြစ်လာတယ် အဲဒါကြောင့် မို့လည်း တစ်မြေစီ ခြားပြီး ဝေးကွာ သွားကြ ရင်းကနေ တဖြည်းဖြည်း မိသားစု စိတ်ဓာတ် တွေသွေးအေး ကုန် ကြရတယ်။ ဒါပေမဲ့ လည်း သွေးက တော့ စကားပြော တာပါပဲ၊ အနေ ဝေးေ ပမယ့် သွေးက နီးလျက် ရှိနေပါ သေးတယ်။ အခုလည်း သခင် ဖိုးလှကြီးရဲ့ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေ ဟာ တစ်ဦးနဲ့ တစ်ဦး အနေ ဝေးပေ မယ့် အရေးကြီးတော့ သွေနီးတယ်ဆိုသလိုပါပဲအချင်း ချင်းတွေ့ကြ၊ ဆုံကြတဲ့ အခါမှာတော့ ငယ်ဘဝ တွေကို လွမ်းဆွတ် တမ်းတရင်း သူတို့ အဖေ၊ သူတို့ အဘိုးကို သတိတရ နဲ့ ဂုဏ်ယူ နေကြတယ်

ရှေးဟောင်း အောက်မေ့ဖွယ် တွေကို ပြောကြ ဆိုကြ ရင်းက သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထားတဲ့ သံကြိုး ကိစ္စကို ရောက်သွားတယ်။ သမီးဖြစ်သူ ဒေါ်ကြင်ကြင် ဝေကတော့ အသက် ကလည်း ၈၀ ကျော် နေပြီ။ သတိ တွေ ကလည်း ချွတ်ယွင်း နေပြီမို့ စကားတောင် လေးလုံး ကွဲအောင် မပြောနိုင် တော့ပါဘူး။ အတူတူ ပါလာတဲ့ သမီး ဖြစ်သူ ဒေါ်ခင် အုန်းဝေ က သာ ဦးဆောင်ပြီး ပြောသွား ခဲ့ တာပါသခင် ဖိုးလှကြီးရဲ့ မြေးဖြစ်တဲ့ ဒေါ်ခင်အုန်းဝေ ဟာ သူ့အဘွား၊ ဒေါ်စောညွန့် ပြောပြ ခဲ့တဲ့ ၁၃၀၀ ပြည့် အိပ်မက် တွေကို အမှတ်တရ ပြောပြခဲ့ပါတယ်။ သခင် ဖိုးလှကြီးရဲ့ လည်မှာ ဆွဲထားတာ ဟာ သံကြိုး မဟုတ်ပါ ဘူး တဲ့။ ခရာကြိုး ပါတဲ့။ သံကြိုးနဲ့ တူနေရတာ ကတော့ သူ့ အဘွားဒေါ်စောညွန့်ထိုးပေးလိုက်တဲ့ သိုးမွေးကြိုးဟာ ကွင်းဆက်ဖြစ်နေတာမို့ သံကြိုး နဲ့တူနေတာပါတဲ့

ရန်ကုန် ကို ချီတက် တဲ့နေ့ အမီ အဲဒီ သံကြိုးကွင်း ဆက်ပုံ သိုးမွေး ကို ထိုးပေး လိုက်တာ ပါတဲ့။ သံကြိုးနဲ့ တူသရောင် ရှိ ပေမယ့် ပေါ့ပါးတဲ့ ခရာကြိုး လေးဖြစ်တဲ့ အကြောင်း၊ တမာ အိုင့်ရပ်ကွက် အရောက်မှာ အပြေး ကလေး လိုက်ပေး ရတာဖြစ် ပါတယ်လို့ သမိုင်းရဲ့ ကွက်လပ် တစ်ခုကို ဖြည့် ဆည်းရင်း ပြောပြ သွားတာကို မှတ်သား လိုက်ရ ပါတယ်

သမိုင်းမှာ မှားနေ တာတွေ ကွင်းဆက် ပြတ်နေတာ တွေ ပျောက်ကွယ် နေတာ တွေကို အခုလိုပဲ ကြုံကြိုက် တဲ့အခါမှာ မေးမြန်း မှတ်သား တင်ပြနိုင်ကြ မယ်ဆိုရင် ပြီးပြည့်စုံတဲ့ သမိုင်း မှတ်တမ်းကြီး တွေကို ဖော်ထုတ်နိုင် မှာဖြစ်ကြောင်း ပါခ င်ဗျာ