(၃)လပြည့်ပြီဖြစ်တဲ့ သားလေးကို လွမ်းဆွတ်သတိရလွန်းလို့ FB Accထဲဝင်ကြည့်ရင်း ရေးထားခဲ့တဲ့ကဗျာကြောင့် ပိုပြီးဝမ်းနည်းခဲ့ရတဲ့ ဒေါက်တာသီဟတင်ထွန်းရဲ့ မိခင်

စစ်ကောင်စီရဲ့ ရက်ရက်စက်စက်ပစ်ခတ်နှိပ်စက်မှုတွေကြောင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပြင် အပြစ်မဲ့ပြည်သူတွေများစွာ အသက်ပေးခဲ့ရပါတယ်။ ကျန်ရစ်သူမိသားစုတွေနဲ့ ပြည်သူတွေကတော့ တိုင်းပြည်နဲ့လူမျိုးအပေါ်စွန့်လွတ်အနစ်နာခံသွားတဲ့ သူရဲကောင်းတွေကို လွမ်းဆွတ်သတိရနေကြပါတယ်။ မန္တလေးက ဒေါက်တာသီဟတင်ထွန်းဟာလည်း နွေဦးတော်လှန်ရေးဆင်နွှဲရင်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်

ယနေ့ဇွန်လ ၂၇ ရက်နေ့ဆိုရင် ဒေါက်တာသီဟတင်ထွန်းတစ်ယောက် ဆုံးပါးသွားခဲ့တာ  ၃ လပြည့်ပြီပဲဖြစ်ပါတယ်။တိုင်းပြည်အတွက် အားကိုးအားထားပြုရပြီး ထူးချွန်ထက်မြတ်တဲ့ ကွယ်လွန်သူကိုသီဟတင်ထွန်းကို မိခင်ဖြစ်သူနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေက ယနေ့အချိန်ထိ မေ့မရဘဲလွမ်းဆွတ်သတိရနေကြပါတယ်

ယနေ့မှာတော့ ဒေါက်တာသီဟတင်ထွန်းရဲ့ မိခင်ဖြစ်သူဟာ လွမ်းဆွတ်သတိရလွန်းလို့ မီးစိမ်းလေးမရှိတော့တဲ့ သားဖြစ်သူရဲ့ Fb Accထဲကိုဝင်ကြည့်ရင်း သားလေးရေးထားခဲ့တဲ့ ကဗျာလေးကြောင့် ပိုပြီးဝမ်းနည်းနေခဲ့ပါတယ်

ဒေါက်တာသီဟတင်ထွန်းရဲ့ မိခင်ဖြစ်သူကတော့  ၃လပြည့်အလွမ်းဒီနေ့ ၂၇.၆.၂၀၂၁ တွင် ကျွန်မရဲ့သားဒေါက်တာသီဟတင်ထွန်းကျဆုံးခဲ့တာ၃လပြည့်ပါပြီ။ဒီ၃လဟာကျွန်မတို့မိသားစုအတွက်အလွန်ခက်ခဲပင်ပန်းတဲ့ကာလရှည်ကြီးတစ်ခုဖြစ်ပါတယ်

ဒီ၃လအတွင်းမှာကျွန်မစိတ်ထဲ ဒီအချိန်သားသာရှိနေသေးရင်ဆိုပြီးတမ်းတမိ၊မြင်ယောင်မိတဲ့အကြိမ်ပေါင်းလည်းမရေမတွက်နိုင်အောင်ပါပဲ။သက်ရှိထင်ရှားမရှိတော့ပေမဲ့တော်လှန်ရေးမအောင်မခြင်းကျွတ်လွတ်နိုင်မှာမဟုတ်တဲ့ကျွန်မသားကိုတော်လှန်ရေးအတွင်းမှာပဲဆက်ရှိနေမယ်လို့ကျွန်မယုံကြည်ပါတယ်

လူကိုသာသတ်နိုင်မယ်၊ပြင်းထန်လှတဲ့သူ့ရဲ့စိတ်ကိုတော့ဘယ်သူမှဖိနှိပ်ချုပ်ကိုင်နိုင်လိမ့်မယ်မဟုတ်ပါဘူး။ ကျွန်မသားကျဆုံးပြီလို့အတည်ပြုပြီးပြီးချင်းဆုံးရှုံးလစ်ဟာရတဲ့၊စိတ်နှလုံးကြေကွဲရတဲ့ခံစားချက်ကိုဆိုးရွားလွန်းလှလို့ပြန်ပြီးမမှတ်မိချင်တော့ပါဘူး။ဒါပေမဲ့မေ့ဖျောက်ဖို့လည်းမဖြစ်တော့ခဏခဏပြန်သတိရနေမိပါတယ်

ဒီ၃လအတွင်းမှာကျွန်မတို့ကိုဝိုင်းဝန်းအားပေးနှစ်သိမ့်ပေးကြတဲ့သူတွေများစွာရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ် ကျွန်တော်တို့ကအန်တီ့သားသမီးတွေပါပဲ။အန်တီ့မှာသားတစ်ယောက်ဆုံးရှုံးရပေမဲ့သားသမီးတွေအများကြီးပြန်ရတယ်လို့မှတ်ပါတဲ့

 

အန်တီကကျွန်တော်တို့ရဲ့အမေပါပဲတဲ့ အစ်ကို့ကိုရည်စူးပြီးအလှူတွေအများကြီးလုပ်ပေးတယ်။အမေ့ရောဂါကိုလည်းပျောက်အောင်ကုပေးမယ်တဲ့၊သမီးငြိမ်းကဆက်ပြီးစောင့်ရှောက်တယ်သမီးလေးစွမ်းက ကြေကွဲဝမ်းနည်းမှုတွေကိုရင်မှာပိုက်ပြီးနေ့ရော၊ညပါမနေမနားအလုပ်တွေဆက်လုပ်နေပါတယ်။အမေပြိုလဲသွားလို့မဖြစ်ဘူးနော်တဲ့။ဒါနဲ့သမီးလည်းအားတင်းထားပါကွယ်လို့အပြန်အလှန်အားပေးကြရတယ်

အနယ်နယ်အရပ်ရပ်ကအားပေးကြသူတွေရယ် အန်တီဖတ်ဖိ့ဆိုပြီးစာတစ်ပုဒ်ရေးပို့လာတဲ့စာရေးဆရာလေးရယ်၊ ကျွန်မပြောချင်တာတွေကိုစိတ်ရှည်ရှည်နဲ့နားထောင်ရင်းကုစားပေးတာလည်းပါပါတယ်။သွေးအေးသွားရင်တော်လှန်ရေးအာပတ်သင့်မှာပဲဆိုတဲ့ဆရာလေးရယ်၊အမေ့အတွက်ဆေးဆိုပြီးလိုအပ်သမျှဝယ်ပေးနေတဲ့ဆရာလေးရယ်၊ပို့ပေးနေတဲ့သားလေးရယ်၊သူငယ်ချင်းကိုယ်စားသူ့မိသားစုကိုဆက်ပြီးစောင့်ရှောက်ပေးနေတဲ့ကလေးတွေရယ်အားလုံးကိုကျေးဇူးတင်ပါတယ်

အပူမီးတွေနဲ့တောက်လောင်နေတဲ့ကျွန်မရဲ့နှလုံးသားကိုမေတ္တာရေစင်နဲ့သွန်းလောင်းပေးကြပါတယ်။နေ့စဥ်ရက်ဆက်ဒဏ်ရာပေါ်ဒဏ်ရာထပ်ပြီးကျွန်မတို့နှလုံးသားဟာမွမွကြေသလောက်ဖြစ်နေပါပြီ။ဒါပေမဲ့အံကြိတ်ပြီးရှေ့ဆက်ကြရဦးမှာပါပဲ။ ကျွန်မသားရဲ့အကောင့်ထဲကိုခဏခဏဝင်ကြည့်မိတယ်။သူကဗျာလေးတွေ၊သူ့စာလေးတွေလွမ်းစရာတွေ့ရပါတယ်၂၇ ၂ ၂၀၉၊၁၀:၂၄မနက်ပိုင်းက ပွဲ ဆိုတဲ့ခေါင်းစဥ်လေးနဲ့ဒီကရှေ့လျှောက်ဆိုရင်အလွမ်းဟာသူ့ချည်းသက်သက်အဆက်မပြတ် တရစပ်ပွဲခံလိမ့်မယ်။လက်မောင်းအရွယ်ထိန်ပင်ငါးဆယ်အဆောင်ရှေ့မှာကကြမယ်

ရောက်လေရာအရပ်မှာအမှတ်ရဖို့အနည်းငယ်တော့ကျန်နေခဲ့မယ်။လက်ချင်းချိတ်ပြီးတစ်မျိုးမျက်ရည်စမ်းစမ်းနဲ့တစ်ဖုံဥသြသံနဲ့ကျွန်းရွက်ကြွေတွေကြားနွေအကူး လေရူးတွေတိုက်နေတုန်းမှာပေါ့။ဒီကရှေ့လျှောက်ဆိုရင်အလွမ်းဟာသူ့ချည်းသက်သက်။ မိုးယဥ်အလွမ်းဟာသူ့ချည်းသက်သက်ကျန်ခဲ့မှာလားသားရယ်

၁၉.မေ၂၀၁၈မှာလည်း​ကွေကွင်းရခြင်းဒုက္ခမှလွတ်မြောက်နိုင်ကြပါစေဆိုပြီးတစ်ပုဒ်ရေးခဲ့သေးတယ်။ကျွန်မတို့အတွက်ကြိုပြီးရေးခဲ့သလိုပါပဲ။ချစ်ရပါသောပြည်သူပြည်သားအပေါင်းသာယာသောလူ့ဘောင်ကိုအမြန်ဆုံးတည်ထောင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်  ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်