“မြန်မာ့အိပ်မက်ဆီသို့” မျှော်လင့်ချက် ဂီတပွဲတော် (တိုက်ရိုက် ရုပ်သံ)

ယနေ့ ဇွန်လ ၂၇ ရက်- တနင်္ဂနွေနေ့မှာ မြန်မာအတွက် အရေးကြီးတဲ့ အထူးအစီအစဉ်တစ်ခုကို တောင်ကိုရီးယားနိုင်ငံက ပြုလုပ်ပေးတာဖြစ်ပါတယ်။

အစီအစဉ်ကတော့ မြန်မာ့အိပ်မက်ဆီသို့ မျှော်လင့်ချက် ဂီတပွဲတော်ကို တောင်ကိုရီးယား နာမည်ကျော် တေးဂီတအဖွဲ့က ကျင်းပပေးမှာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် ရဲရင့်စွာ တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူများ အင်အား ဖြစ်စေဖို့ ရည်ရွယ်တဲ့ ဂီတပွဲတော်ဖြစ်ပါတယ်။

ဒီဂီတပွဲတော်ကျင်းပရတဲ့ ရည်ရွယ်ချက်-

▪️မြန်မာပြည်က မောင်နှမတွေကို နှစ်သိမ့်အားပေးချင်လို့ဖြစ်ပါတယ်။

▪️မြန်မာ့ဒီမိုကရေစီ အမြန်ပြန်လည် နလန်ထူလာစေဖို့ တောင်းဆုပြုတဲ့ပွဲဖြစ်ပါတယ်။

▪️စစ်အာဏာရူးတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ အတွက် ဆုတောင်းမေတ္တာပို့တဲ့ပွဲဖြစ်ပါတယ်။ ဂွမ်ဂျူးအရေးအခင်းမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဆုတောင်းပေးတဲ့ နာမည်ကြီး အဖွဲ့ က ဆုတောင်းမှာဖြစ်ပါတယ်။

▪️သက်ဆိုင်ရာအဖွဲ့အကြီးအကဲတွေက ကျွန်မတို့ မြန်မာနိုင်ငံအတွက် အလှူငွေတွေလွှဲပြောင်း ပေးအပ်မယ့် အခမ်းအနားလည်း ဖြစ်ပါတယ်။

ယခုဂီတပွဲတော်မှာ အပိုင်း၄ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ ပထမအပိုင်းမှာတော့ မြန်မာ တော်လှန်ရေး သီချင်း၊ နေ့စဉ်ဘဝ တေးဂီတ၊ ဒုတိယအပိုင်းကတော့ ကိုရီးယားရိုးရာတေးဂီတ၊ တတိယအပိုင်းမှာတော့ Trotသီချင်း၊ နောက်ဆုံးအနေဖြင့် ဆုတောင်းမေတ္တာပို့သခြင်း အစီအစဉ်ဖြင့် အဆုံးသတ်မှာဖြစ်ပါတယ်။

မြန်မာသီချင်းဆိုမယ့် မောင်နှမတွေ ဖိတ်ခေါ်ပါတယ်။ အလိုမရှိ၊ ကမ္ဘာမကြေဘူး၊ အရေးကြီးပြီ၊ Revolution၊ ခွန်အားဖြည့်မိငယ်ရေ

ကိုရီးယားဂီတအဖွဲ့က တီးပြီး ကိုရီးယားတွေနဲ့ အတူ စင်ပေါ်တက် သီချင်းဆိုပေးမယ့် မြန်မာ မောင်နှမတွေ အကူအညီတောင်းပါတယ်။သီချင်းဆိုနိုင်မယ့် မောင်နှမတွေ ကူညီပါဦး။ ၅ ယောက်က နေ ၁၀ ယောက်အထိ လိုပါတယ်။ မြန်မာမောင်နှမတွေ အတွက် သီချင်းက ရပြီးသားမို့ တစ်နာရီ စောလာပြီး သီချင်းတိုက်ရင်ရပါပြီ။ ဗမာ သို့မဟုတ် တိုင်းရင်းသား ဝတ်စုံဝတ်လာရင်ရပါပြီ။ ကူညီကြပါဦး

credit- မရွှေမိုး-ကိုရီးယား