ထိပ်တုံးခတ်ပြီး အပြစ်ပေးခံထားရတာတောင် သီချင်းတွေအော်ဆိုရင်း ပျော်ပျော်နေနေကြတဲ့ တောထဲက Gen Z လူငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်

“Generation Z”လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်တွေကတော့ လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် ပါဝင်နေကြတာ ဖြစ်ပါတယ် ။

ယခုလက်ရှိ မြို့ပေါ်မှာ အဖမ်းအဆီးတွေများနေတဲ့ကြားကနေ သတ္တိရှိရှိ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့ပြည်သူတွေထဲမှာလည်း Gen Z လေးတွေက အများဆုံးပါဝင်ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် Gen Z လူငယ်တွေထဲက တစ်ချို့ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ရဲရဲဝင့်ဝင့် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ် ။

တောထဲကိုရောက်နေတဲ့ လူငယ်တွေက ပြည်သူတွေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့အသက်ကိုတောင် ရင်းထားကြတာ ဖြစ်ပါတယ် ။

လူငယ်တွေက ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးကို လျှောက်လှမ်းနေရပေမယ့်လည်း သူတို့ရဲ့စိတ်ဓာတ်တွေက ခိုင်မာပြတ်သားနေတာ ဖြစ်ပါတယ် ။

အခုလည်း တောထဲရောက် လူငယ်တစ်ယောက်က သီချင်းဆိုရင်း ပျော်နေတဲ့ သူတို့ရဲ့ဗီဒီယိုဖိုင်လေးကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။

ဗီဒီယိုထဲမှာတော့ လူငယ်သုံးယောက်က ထိတ်တုံးခတ်ပြီး အပြစ်ပေးခံထားရတာတောင် သီချင်းဆိုမပျက်ဘဲ ပျော်နေကြတာ ဖြစ်ပါတယ်

သူတို့သုံးယောက်က ” တစ်ဦးတည်းသောသမီး” ဆိုတဲ့သီချင်းလေးကို အတိုင်အဖောက်ညီညီ သီဆိုနေကြတာလည်း ဖြစ်ပါတယ်။

 

ဒီဗီဒီယိုကို မျှဝေခဲ့တဲ့ လူငယ်လေးကတော့ “GZ ဆိုးဆိုးပဲ☹️😆 လုပ်ရဲလို့ ခံရဲတယ် —-တွေလိုနောက်ကြောင်းပြန်မဖော်ရတို့ ဘာတို့မလုပ်ဘူးကွ😆😆” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။