ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်လေ ာင် းပေးရမယ် ။ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကိုခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။အိပ်ရာကထလာတာနဲ့အပူတွေက တ စ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊ ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံ းက အပူတွေ အကုန်ပြေးလာကြပါတယ် ၊ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊အပူငွေ့တွေလာရိုက်တော့တာပေါ့ ။
သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊ မျက်လုံးနှစ်လုံးစလုံး ” ရဲ ” နေတာတွေ့ရလိမ့်မယ်၊အဲ့ဒီလိုအပူခိုးတွေ ရိုက်ပါများလာတဲ့အခါ ” ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ ” ။ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင်ခြေထောက်ကိုအရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း ချက်ချင်းမျက်နှာမသစ်ရသေးဘူး ။
ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်အောက်ချ လိုက် နဲ့ အန ည် းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရပါမယ် ။အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကိုနောက်ကျောဘက် ရောက်နိုင်သလော က် လှန်ချရမယ် ၊ ရှေ့ကိုလည်း ရသလောက် ငုံ့ရမယ် ။
ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကိုဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။သေချာသိချင်ရင်ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။” ရေတစ်စက်မှမရှိတော့ဘဲ ခြောက် နေတာတွေ့ရလိမ့်မယ် ” ။
အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာ နဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊ အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင် းနဲ့ သွား ကြိုသွား ကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ ” မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်” ။
ဒီနည်းကတော့” အပူကြော င့် ဖြစ်တဲ့ သွားကို က်ရောဂါ ” ကို ကြိုတင်ကာကွယ်နည်းပါ ။နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊ ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ်။မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။
အရှင်ဇဝန (မေတ္တာရှင် – ရွှေပြည်သာ )
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင် Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners
ZAWGYI
ပထမဦးဆုံး အိပ္ရာကနိုးၿပီးၿပီးခ်င္း ၊ မ်က္ႏွာကိုအရင္မသစ္ရဘူး ၊ေျခေထာက္ႏွစ္ဖက္လုံး ဒူးအထက္ကေနၿပီး ေရသုံးခြက္စီေလာက္ေလ ာင္ းေပးရမယ္ ။ဒါက တစ္ကိုယ္လုံးမွာျပန႔္ႏွံေနတဲ့ အပူခိုးေတြကိုေျခေထာက္ေရာက္သြားေအာင္ ဆြဲခ်လိုက္တာပါ ။အိပ္ရာကထလာတာနဲ႔အပူေတြက တ စ္ကိုယ္လုံးမွာျပန႔္ႏွံ့ေနတာပါ ၊ ဒီအခ်ိန္မွာ အရင္ကထုံးစံအတိုင္း မ်က္ႏွာကိုအရင္သစ္လိုက္မယ္ဆိုရင္ေရနဲ႔ထိၿပီးေအးသြားတဲ့ မ်က္ႏွာတစ္ျပင္လုံးကို တစ္ကိုယ္လုံ းက အပူေတြ အကုန္ေျပးလာၾကပါတယ္ ၊ဒါေၾကာင့္မ်က္စိကိုတစ္ကိုယ္လုံးက အပူခိုး ၊အပူေငြ႕ေတြလာရိုက္ေတာ့တာေပါ့ ။
ေသခ်ာသိခ်င္ရင္ မ်က္ႏွာသစ္ၿပီးတာနဲ႔ မွန္ေထာင္ၾကည့္လိုက္ပါ ၊ မ်က္လုံးႏွစ္လုံးစလုံး ” ရဲ ” ေနတာေတြ႕ရလိမ့္မယ္၊အဲ့ဒီလိုအပူခိုးေတြ ရိုက္ပါမ်ားလာတဲ့အခါ ” ဒီမ်က္စိကမႈန္ၿပီး အားနည္းသြားတာေပါ့ ” ။ဒါေၾကာင့္အပူခိုးေတြ မ်က္စိဆီကိုမသြားဘဲ ေအာက္ေရာက္သြားေအာင္ေျခေထာက္ကိုအရင္ေရေလာင္းရတာေပါ့ ၊ ဒူးကေနေရေလာင္းၿပီးတဲ့အခါမွာလည္း ခ်က္ခ်င္းမ်က္ႏွာမသစ္ရေသးဘူး ။
ခ်ိဳင္းၾကားႏွစ္ဖက္မွာ ကပ္က်န္ေနတဲ့ အပူခိုးေတြ ထြက္သြားေအာင္ မတ္တတ္ရပ္ၿပီး လက္ႏွစ္ဘက္ကို ေခါင္းေပၚေျမႇာက္တင္လိုက္ေအာက္ခ် လိုက္ နဲ႔ အန ည္ းဆုံး အႀကိမ္ ၂၀ ေလာက္လုပ္ေပးရပါမယ္ ။အဲ့ဒါၿပီးတဲ့အခါ တက္ေနတဲ့ ဇက္ေၾကာေတြေလၽွာ့သြားေအာင္ ေခါင္းကိုေနာက္ေက်ာဘက္ ေရာက္နိုင္သေလာ က္ လွန္ခ်ရမယ္ ၊ ေရွ႕ကိုလည္း ရသေလာက္ ငုံ႔ရမယ္ ။
ဒါကလည္းအႀကီမ္ ၂၀ ေလာက္ေပါ့ ၊ ၿပီးရင္ ေခါင္းကိုဘယ္ညာ အခါ ၂၀ ေလာက္လွည့္ေပးရမယ္ ။ဒီေလ့က်င့္ခန္း သုံးခု ၿပီးတာနဲ႔ တစ္ကိုယ္လုံးမွာရွိတဲ့ အပူခိုးေတြေျခေထာက္ကတဆင့္ ထြက္ေနတာ ကုန္သြားပါၿပီ ။ေသခ်ာသိခ်င္ရင္ေျခေထာက္ကိုစမ္းၾကည့္လိုက္ေပါ့ ။” ေရတစ္စက္မွမရွိေတာ့ဘဲ ေျခာက္ ေနတာေတြ႕ရလိမ့္မယ္ ” ။
အဲဒီက်ေတာ့မွ မ်က္ႏွာကို ဆပ္ျပာနဲ႔ ေသခ်ာသစ္ရမယ္ ၊ သြားမတိုက္ရေသးဘူး ။ပါးစပ္ကိုပိတ္ထားရမယ္ ။ မ်က္ႏွာသစ္ၿပီးတာ နဲ႔ မ်က္ႏွာသုတ္ပုဝါနဲ႔သုတ္ေပေတာ့ ။ဒီအခ်ိန္မွာ မ်က္ႏွာမွာရွိတဲ့ ေမႊးညႇင္းေပါက္ေတြ အကုန္ပြင့္သြားတာေပါ့ ၊ အဲ့ဒီက်ေတာ့မွ သြားတိုက္ရမယ္ ၊ သြားတိုက္ရင္ းနဲ႔ သြား ႀကိဳသြား ၾကားမွာရွိတဲ့ အခိုးအေငြ႕ေတြဟာ ” မ်က္ႏွာကေမႊးညႇင္းေပါက္မ်ားမွတဆင့္ ထြက္ကုန္မယ္” ။
ဒီနည္းကေတာ့” အပူေၾကာ င့္ ျဖစ္တဲ့ သြားကို က္ေရာဂါ ” ကို ႀကိဳတင္ကာကြယ္နည္းပါ ။ေနာက္ၿပီးျဖစ္နိုင္ရင္ ေန႔ဘက္ကို ဦးစားေပးၿပီး စာၾကည့္သင့္တယ္ ၊ ညဘက္ကိုနည္းနည္း ပဲၾကည့္ေစခ်င္တယ္ ။ဒီနည္းျဖင့္ မ်က္စိမႈန္ေနသူမ်ား ျပန္အားေကာင္းနိုင္ပါတယ္။မ်က္စိအားေကာင္းေသာ သူမ်ားပင္လၽွင္ ဒီနည္းကို အျမဲတေစျပဳလုပ္မည္ဆိုပါက မ်က္မွန္တတ္ရမည့္ အဆင့္သို႔ မေရာက္နိုင္ေတာ့ပါ ။
အရွင္ဇဝန (ေမတၱာရွင္ – ေရႊျပည္သာ )
(((( ဒီ Post ေလးက အသုံးဝင္တယ္ ဆိုရင္ Share တစ္ခ်က္ လုပ္ၿပီး မၽွေဝေပးလိုက္ပါ ))))
မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။
Photo Credit to Owners