အဆိုေတာ္ေရမြန္ ကြယ္လြန္သြားၿပီဆိုတာ အခုခ်ိန္အထိ ဘယ္သူမွ မယုံနိုင္သလို လက္မခံနိုင္ၾကေသးပါဘူးေနာ္ ။ေရမြန္က သီခ်င္းေတြ ဖန္တီး သီဆိုရာမွာလည္း အရမ္း ေတာ္ၿပီး သူ႔ကို အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္အမ်ားအျပားကိုလည္း အခိုင္အမာ ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ခုလို ႐ုတ္တရက္ ႏႈတ္ဆက္သြားတဲ့ ေရမြန္အတြက္ အႏုပညာညီအစ္ကိုေမာင္ႏွမေတြနဲ႔ ပရိသတ္ေတြကက်န္ရစ္သူမိသားစုနဲ႔ထပ္တူ ဝမ္းနည္းေနၾကတာျဖစ္ပါတယ္။
အခုခ်ိန္အထိလည္း သူနဲ႔ပတ္သက္ၿပီး ဝမ္းနည္းေၾကာင္းေတြ အမွတ္တရေလးေတြကို ျမတ္ျမတ္နိုးနိုး လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ ေဖာ္ျပခဲ့ၾကသလို တစ္ခ်ိဳ႕ပရိသတ္ေတြဆို ေရမြန္ ပုံရိပ္ေတြ နာမည္ေတြပါ တက္တူး ထိုးခဲ့ၾကသည္အထိ ပါပဲ ။
ေရမြန္က ဘဝကို ရိုးရွင္းစြာ ျဖတ္သန္းၿပီး မာန္မာနမရွိ ရိုးသားႀကိဳးစားသူေလးမို႔ ပိုလို႔ေတာင္ ႏွေျမာတသ ျဖစ္ေနၾကတာပါ ။ပရိသတ္ေတြကလည္း ေရမြန္ပါမက တစ္ေယာက္တည္း က်န္ရစ္ခဲ့တဲ့သူရဲ့ခ်စ္သူေကာင္မေလးအတြက္ပါ ဝမ္းနည္းစိတ္မေကာင္းျဖစ္ေနၾကတာပါ ။
ေရမြန္ခ်စ္သူကလည္း မၾကာခင္ နာရီပိုင္းေလာက္က သူတို႔ ႏွစ္ေယာက္ရဲ့ ခ်စ္စရာဗီဒီယိုေလးတစ္ခုကို အမွတ္တရေဖာ္ျပရင္း ပရိုဖိုင္ေလးေျပာင္းခဲ့တာေတြ႕ရပါတယ္ ။ ပရိုဖိုင္ဗီဒီယိုေလးၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိတာ အမွန္ပါပဲ ။ ပရိသတ္ႀကီးအတြက္ ေရမြန္တို႔ ခ်စ္သူႏွစ္ေယာက္ရဲ့ ဗီဒီယိုေလးကို ေဝမၽွေပးလိုက္ပါတယ္ ။
Yuan – Cele Zone
Photo – Katherine Thann
UNICODE
အဆိုတော်ရေမွန် ကွယ်လွန်သွားပြီဆိုတာ အခုချိန်အထိ ဘယ်သူမှ မယုံနိုင်သလို လက်မခံနိုင်ကြသေးပါဘူးနော် ။ရေမွန်က သီချင်းတွေ ဖန်တီး သီဆိုရာမှာလည်း အရမ်း တော်ပြီး သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်အများအပြားကိုလည်း အခိုင်အမာ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ခုလို ရုတ်တရက် နှုတ်ဆက်သွားတဲ့ ရေမွန်အတွက် အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေကကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းနေကြတာဖြစ်ပါတယ်။
အခုချိန်အထိလည်း သူနဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်းတွေ အမှတ်တရလေးတွေကို မြတ်မြတ်နိုးနိုး လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြသလို တစ်ချို့ပရိသတ်တွေဆို ရေမွန် ပုံရိပ်တွေ နာမည်တွေပါ တက်တူး ထိုးခဲ့ကြသည်အထိ ပါပဲ ။ ရေမွန်က ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းပြီး မာန်မာနမရှိ ရိုးသားကြိုးစားသူလေးမို့ ပိုလို့တောင် နှမြောတသ ဖြစ်နေကြတာပါ ။
ပရိသတ်တွေကလည်း ရေမွန်ပါမက တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့သူရဲ့ချစ်သူကောင်မလေးအတွက်ပါ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာပါ ။ ရေမွန်ချစ်သူကလည်း မကြာခင် နာရီပိုင်းလောက်က သူတို့ နှစ်ယောက်ရဲ့ ချစ်စရာဗီဒီယိုလေးတစ်ခုကို
အမှတ်တရဖော်ပြရင်း ပရိုဖိုင်လေးပြောင်းခဲ့တာတွေ့ရပါတယ် ။ ပရိုဖိုင်ဗီဒီယိုလေးကြည့်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ရေမွန်တို့ ချစ်သူနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Katherine Thann