အခုလက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား နယ်မြို့လေးတွေမှာ စစ်ဘေးဒဏ်ကို အတော်လေး ခံစားနေကြရတာဖြစ်ပါတယ်
ပြင်းထန်လာတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရပြီး တောတောင်တွေထဲက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတာပါ
စစ်ဘေးရှောင် ပြည်သူအရေအတွက်တွေလည်း များလာကာ တစ်နေ့တခြား ထောင်နဲ့သောင်းနဲ့ချီပြီး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်
ဒီလိုစစ်ဘေးရှောင် ပြည်သူတွေထဲမှာ ကလေးငယ်လေးတွေ သက်ကြီးရွယ်အိုတွေ အများဆုံးတွေ့ရပြီး အသက်ဘေးက လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်ကြရပေမယ့် အခက်အခဲတွေနဲ့လည်း အများဆုံးရင်ဆိုင်နေကြရပါတယ်
ပြည်မက ပြည်သူတွေ ၊ ပရဟိတ အသင်းတွေကလည်း သူတို့လေးတွေ အတွက် အစွမ်းကုန် လိုအပ်တာများ ကို လှူဒါန်းထောက်ပံ့လျက် ရှိပါတယ်
အခုလည်း ပရဟိတ အလုပ်တွေကို ကိုယ်တိုင် ဦးစီးလုပ်ဆောင်နေတဲ့ ဦးဇင်းတစ်ပါးက ကရင်စစ်ဘေးရှောင်ကလေးငယ်လေးတွေ အတွက် မုန့်ပဲသရေစာများ သွားရောက် ဝေငှခဲ့တာတွေ့ရပါတယ်
ဗီဒီယိုလေးထဲမှာ မုန့်တွေကို လက်လေးနှစ်ဖက် ကမ်းပေးကာ အလုအယက် လာရောက်ယူကြရင်း ပျော်ရွှင်နေကြတဲ့ ကလေးငယ်လေးတွေရဲ့ ရိုးသားဖြူစင်တဲ့ အပြုံးလေးတွေကို တွေ့မြင်ရမှာပါ
ပရိသတ်ကြီးလည်း စစ်ဘေးရှောင် ကလေးငယ်လေးတွေ မုန့်ရလို့ ပျော်ရွှင်နေကြပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ်