ဒီလိုအိမ်မက်တွေ မက်ခဲ့ရင် မဖြစ်မနေ ထီထိုးပါ…

အိမ်မက်မြင်မက် ရာတွင် ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ် ကြီးဖြစ်စေ ကြွရောက် လာပြီးလျှင် သင်အလိုရှိသော ဆန္ဒပြည့်ဝစေပါမည်တရားကိုသာ အားထုတ်ပါဟု မိန့်ဆိုခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်ကိစ္စကို ဆော င်ရွက်၍ မည်သို့ ပြုလုပ်ပါဟု မှာကြားခဲ့သည်ဖြစ်စေ၊အိမ်မက်တွင် မြင်မက်ရပါက နတ်ကြီး၊ ဝိဇ္ဇာကြီးများနှင့် တွေ့ရသော အိမ်မက်သည် ထီပေါက်မည့် အိမ်မက်ဖြစ်သည်

ရွံဖွယ်အတိဖြစ်သော မစင်များကို ပိုးလောက် တို့နှင့်တကွ မြိန်ရှက်စွာ သုံးဆောင်ရသည်ဟု မြင်မက်သည်ဖြစ်စေ မိမိကိုယ်၌ မစင်လိမ်းကျံရခြင်း၊မစင်တွင်းကြီးထဲ သို့ ကျရောက်ရခြင်း လူတဦးတစ်ယောက်က မစင်များ ကို ထုတ်ပေး သည်ဟု မြင်မက်ရခြင်း၊ ပိုးလောက်တို့သည် မိမိကိုယ်၌အထပ်ထပ် ကပ်ရောက်သည်ဟုမြင်မက်ခြင်းတို့သည် ထီပေါက်တတ်သော အိမ်မက်များဟု ဆိုလိုသည်

ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ် ကြီးထံမှ၎င်း၊ ရသေ့ရဟန်းထံမှ၎င်း၊မွန်မြတ်သော သစ်သီးတစ်ခုခုကိုရသည်ဟု မြင်မက်သည်ဖြစ်စေ သစ်ပင်တပင်ပေမှသစ်သီးများ ရှိသည့်အနက် ထိုသစ်သီး တို့ကို ဆွတ်ယူ၍ စားရသည်ဟု မြင်မက်သည်ဖြစ်စေ၊အခြား အကူအညီ တစ်ခုခုကြောင့် ဆွတ်ခူး၍ရသည်ဟု မြင်မက်ခဲ့ေ သာ် ထီပေါက်တတ်သည်

လူသေကောင် ၏ အသားကို စားရသည်ဟု မြင်မက်သော်လည်းကောင်း၊ လူသေကောင်၌ ပိုးလောက်တို့ ဖြင့် ပြည့်နှက်လျှက် ထိုအသားကိုမြိန်ရှက်စွာ စားရသည်ဟု မြင်မက်သော်လည်းကောင်း ၊လူ၏အချင်း လူ၏အူတို့ကို စားရသည်ဟု မြင်မက်သော် ထီပေါက်မည့် အိမ်မက် ဖြစ်သည်

အဖိုအနဂ္ဃ ထိုက်တန်လှစွာသော ပတ္တမြား ရတနာကို ဖြစ်စေ မွန်မြတ်သော ဝတ္ထုပစ္စည်းတခုခုကိုဖြစ်စေ၊ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ် ကြီးတဦးကယူဆောင်လာပြီး ၎င်းပစ္စည်းသည် သင့်အဖို့ အကျိုးခံစားပါလော့ဟု ပြောဆို၍ ပျောက်ကွယ်သွားသည်ဟု မြင်မက်ခဲ့သော် ထီပေါက်တတ်သည်

နေ လ ကြယ်တို့ကို မိမိကိုယ်တိုင်ဆွတ်၍ လက်တွင်းသို့ ရောက်သည် ဟု မြင်မက်သည်ဖြစ်စေ၊ဝတ်ဖြူစင်ကြယ်စွာနှင့် ပုဂ္ဂိုလ်ကြီး တစ်ဦးဦးက ဆွတ်၍ပေးသည်ဟု မြင်မက်သည်ဖြစ်စေ၊နေ၊လ၊ကြယ် နက္ခတ်တို့သည် ကြွေ၍ ကျသည်ဟု မြင်မက်သည်ဖြစ်စေ ထီပေါက်နိုင်သော အိမ်မက်ဟု ဆိုလိုသည်

မြွေပွေး မြွေဟောက် စသော တိရစ္ဆာန် များသည် တခုသော တောင်ပို့တွင် ဖြစ်စေ၊ကုန်းမြင့်ပေါ်တွင်ဖြစ်စေ၊တစုံတခုသော အိုးခွက် စသည်တို့၌ တည်ရှိနေ၍ ၎င်း မြွေများကို မိမိကိုယ်တိုင် နှိမ်နင်း၍ အတွင်းရှိ ပစ္စည်းများကို သုံးဆောင်ရသည်ဟု မြင်မက်ခဲ့သော် ထီပေါက်မည့် အိမ်မက် ဖြစ်သည်

အဘိုးအနဂ္ဃ ထိုက်တန်လှသော ရွှေကြက်ဥကိုဖြစ်စေ၊ဝတ်ဖြူစင်ကြယ်စွာရှိသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လာရောက်၍ ပေးသည်ဟု မြင်မက်ခြင်းတို့သည် ထီပေါက်မည့် အိမ်မက်ဖြစ်သည် နွားကိုစီး၍ မြို့ရွာသို့ လှည့်လည် ရသည်ဟု မြင်မက်သော်၎င်း၊လူစည်ကားသောအရပ်တွင်မိမိက နွားကိုစီး၍ လူအပေါင်းတို့နှင့် လှည့်လည်ရသည်ဟု မြင်မက်သော် ၎င်းနွားကိုစီး၍ ထင်ရှားကျော်စောသည်ကို မြင်မက် ခဲ့သော် ထီပေါက်တတ်သော အိမ်မက်များ ဟုဆိုလိုသ ည်

လူ၏ရင်ကိုခွဲ၍ သွေးကိုသောက်ရခြင်း သွေးကိုရေချိုးရခြင်း၊ ဥအမျိုးမျိုးကို စားသုံးရခြင်း၊ငါးအမျိုးမျိုးကို ဖမ်းရခြင်းစသော အိမ်မက်မျိုးသည်လည်းထီပေါက်နိုင်သော နိမိတ်ပြအိမ်မက်ဟု ဆိုသည် ကျက်သရေမင်္ဂလာရှိသော ရွှေဥဒေါင်းငှက် သည် အရပ်တခုမှပျံသန်း၍လာပြီးလျှင်မိမိဦးခေါင်းပေါ်သို့ မစင်စွန့်သည်ဟုမြင်မက်သော်လ ည်းကောင်း တခုခုသောငှက်သတ္တဝါသည် အစာကိုချီ၍ ပျံသန်းလာရာ ထိုအစာကို မိမိ လက်ဝယ်သို့ရသည်ဟု မြင်မက်သော် လည်းကောင်း ထိုသို့အိမ်မက် တို့သည် ထီပေါက်မည့် အိမ်မက်များဖြစ်သည်

အိမ်မက်မက်ရာတွင် ကုသိုလ်ကံကို အကြောင်းပြုပြီး မက်တဲ့အိမ်မက်သွေးလေခြောက်ခြားပြီး မက်တဲ့အိမ်မက် ရှေ့ယခင်က ခံစားဖူးတာကို အကြောင်းပြုပြီးမက်တဲ့ အိမ်မက် နတ်တို့လှည့်စားလို၍ မက်တဲ့အိမ်မက် ဟူ၍ရှိပါသည် ဆရာသာထက်ဆန်း