ဒီကာလမှာ တစ်ကိုယ်တော်ပရဟိတသမားတွေလည်းရှိသလို လူငယ်လေးတွေစုပေါင်းပြီး ပရဟိတလုပ်နေကြတာတွေလည်းရှိပါတယ်။ပရဟိတလုပ်ဆောင်တဲ့ တချို့လူငယ်လေးတွေဆိုရင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးစစ်ဆေးခံခဲ့ရတာတွေလည်းရှိပါတယ်
အခုဆိုရင်တော့ ပရဟိတလူငယ်လေးတစ်ဦးက ရက်ပေါင်း ၂၂ ရက်ကြာအောင် စစ်ဆေးခံခဲ့ရတဲ့ကာလအတွင်း ကြုံတွေ့ခဲ့ရတာတွေကို ပြည်သူအများအပြားသိအောင်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားလာခဲ့တာဖြစ်ပါတယ်။သူတို့ ပရဟိတလူငယ် ၈ ဦးနဲ့ ကားဆရာကို ဖမ်းဆီးခဲ့ပြီးစစ်ကြောရေးကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်
အဲ့ဒီနေရာကို ရောက်တဲ့အချိန်မှာတော့ သူနေရတဲ့အခန်းနံရံမှာ ကိုက်လို့သွေးပြည့်နေတဲ့ခြင်တွေကိုသတ်ပြီး ထွက်လာတဲ့သွေးတဲ့ စာတွေရေးထားကြတာဖြစ်ပါတယ်။သူ့ရဲ့အရှေ့မှာ ဒီအခန်းထဲကို လူတွေအများကြီးရောက်ပြီးပြီဆိုတာ မှတ်ထားတာတွေကြည့်ပြီး မှန်းဆလို့ရပါတယ်
တချို့တွေဆိုရင် ရက်ပေါင်း ၃၀ ကျော်လောက် အဲ့ဒီအခန်းထဲမှာ နေထိုင်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအခန်းထဲရောက်ခဲ့တဲ့ ပရဟိတလူငယ်လေးကတော့ ခေါင်းအုံးစရာ ၆.၁ ပျဉ်းပြားပေါ်မှာရေးထားတဲ့ စာတွေဖတ်လိုက်ရတော့မှမျက်ရည်ကျခဲ့တာဖြစ်ပါတယ်
ရေးထားတဲ့စာတွေက ခွင့်လွှတ်ပါ အမေနဲ့အဖေ အစ်ကို နဲ့ အစ်မကိုလည်းချစ်ပါတယ်။နောက်ဘဝ အမေနဲ့အဖေအိမ်မှာပဲ လူပြန်ဖြစ်ချင်တယ် လူ့ဘဝဆိုတာ ဒီလိုပါလား ငါ့ဘဝက မိုးကာဝတ်ပြီးရေချိုးမိသလို ရေတော့ချိုးခဲ့ပါတယ်ဒါပေမယ့်ရေရဲ့ အဓိပ္ပာယ်ကို မသိခဲ့ဘူး အိမ်ပြန်ချင်တယ် ဘာမှမသိဘူး ဆိုတဲ့စာလေးတွေပဲဖြစ်ပါတယ်
ဒါတွေကတော့ လူငယ်လေးတွေ မျှော်လင့်ချက်မဲ့စွာဖြတ်သန်းခဲ့ရတဲ့အကြောင်းတွေဖြစ်ပါတယ်။ပရဟိတလူငယ်လေးကတော့ အမေ့အေးရိပ် ဆိုတဲ့ သီချင်းလေးကိုကြားလို့ နောက်ထပ်မျက်ရည်ကျခဲ့ရတဲ့အကြောင်းလေးကို ခံစားချက်အပြည့်နဲ့ ရေးသားထားတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် Source&Photo Credit: Original Uploder
Zawgyi
ဒီကာလမွာ တစ္ကိုယ္ေတာ္ပရဟိတသမားေတြလည္းရွိသလို လူငယ္ေလးေတြစုေပါင္းၿပီး ပရဟိတလုပ္ေနၾကတာေတြလည္းရွိပါတယ္။ပရဟိတလုပ္ေဆာင္တဲ့ တခ်ိဳ႕လူငယ္ေလးေတြဆိုရင္ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရၿပီးစစ္ေဆးခံခဲ့ရတာေတြလည္းရွိပါတယ္
အခုဆိုရင္ေတာ့ ပရဟိတလူငယ္ေလးတစ္ဦးက ရက္ေပါင္း ၂၂ ရက္ၾကာေအာင္ စစ္ေဆးခံခဲ့ရတဲ့ကာလအတြင္း ၾကဳံေတြ႕ခဲ့ရတာေတြကို ျပည္သူအမ်ားအျပားသိေအာင္လို႔ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားလာခဲ့တာျဖစ္ပါတယ္။သူတို႔ ပရဟိတလူငယ္ ၈ ဦးနဲ႔ ကားဆရာကို ဖမ္းဆီးခဲ့ၿပီးစစ္ေၾကာေရးကို ပို႔ေဆာင္ခဲ့တာျဖစ္ပါတယ္
အဲ့ဒီေနရာကို ေရာက္တဲ့အခ်ိန္မွာေတာ့ သူေနရတဲ့အခန္းနံရံမွာ ကိုက္လို႔ေသြးျပည့္ေနတဲ့ျခင္ေတြကိုသတ္ၿပီး ထြက္လာတဲ့ေသြးတဲ့ စာေတြေရးထားၾကတာျဖစ္ပါတယ္။သူ႔ရဲ့အေရွ႕မွာ ဒီအခန္းထဲကို လူေတြအမ်ားႀကီးေရာက္ၿပီးၿပီဆိုတာ မွတ္ထားတာေတြၾကည့္ၿပီး မွန္းဆလို႔ရပါတယ္
တခ်ိဳ႕ေတြဆိုရင္ ရက္ေပါင္း ၃၀ ေက်ာ္ေလာက္ အဲ့ဒီအခန္းထဲမွာ ေနထိုင္ခဲ့ရတာျဖစ္ပါတယ္။အဲ့ဒီအခန္းထဲေရာက္ခဲ့တဲ့ ပရဟိတလူငယ္ေလးကေတာ့ ေခါင္းအုံးစရာ ၆.၁ ပ်ဥ္းျပားေပၚမွာေရးထားတဲ့ စာေတြဖတ္လိုက္ရေတာ့မွ မ်က္ရည္က်ခဲ့တာျဖစ္ပါတယ္
ေရးထားတဲ့စာေတြက ခြင့္လႊတ္ပါ အေမနဲ႔အေဖ အစ္ကို နဲ႔ အစ္မကိုလည္းခ်စ္ပါတယ္။ေနာက္ဘဝ အေမနဲ႔အေဖအိမ္မွာပဲ လူျပန္ျဖစ္ခ်င္တယ္ လူ႔ဘဝဆိုတာ ဒီလိုပါလား ငါ့ဘဝက မိုးကာဝတ္ၿပီးေရခ်ိဳးမိသလို ေရေတာ့ခ်ိဳးခဲ့ပါတယ္ ဒါေပမယ့္ေရရဲ့ အဓိပၸာယ္ကို မသိခဲ့ဘူး အိမ္ျပန္ခ်င္တယ္ ဘာမွမသိဘူး ဆိုတဲ့စာေလးေတြပဲျဖစ္ပါတယ္
ဒါေတြကေတာ့ လူငယ္ေလးေတြ ေမၽွာ္လင့္ခ်က္မဲ့စြာျဖတ္သန္းခဲ့ရတဲ့အေၾကာင္းေတြျဖစ္ပါတယ္။ပရဟိတလူငယ္ေလးကေတာ့ အေမ့ေအးရိပ္ ဆိုတဲ့ သီခ်င္းေလးကိုၾကားလို႔ ေနာက္ထပ္မ်က္ရည္က်ခဲ့ရတဲ့အေၾကာင္းေလးကို ခံစားခ်က္အျပည့္နဲ႔ ေရးသားထားတာျဖစ္လို႔ ျပန္လည္မၽွေဝေပးလိုက္ပါတယ္ Source&Photo Credit: Original Uploder