ခြေချောင်းလေးတွေတစ်ခုချင်းဆီက ပြောပြနေတဲ့ သင့်ရဲ့ စိတ်နေသဘောထားလေးတွေ
၁။ ခြေမ
၂။ ခြေညိုး
၅။ ခြေသန်း
unicode
ခြေချောင်းလေးတွေ တစ်ခုချင်းဆီက ပြောတဲ့ စာဖတ်သူတို့ရဲ့ စိတ်နေသဘောထားလေးတွေကို နည်းနည်းလေး မျှဝေပေးချင်ပါတယ်
၁။ ခြေမ
ခြေမက တခြားခြေချောင်းတွေထက် ပိုရှည်နေရင် သင်တာ တော်တယ်၊ ဉာဏ်ကောင်းတယ်၊တီထွင်းမှုစွမ်းရည်ကောင်းတယ်။ ဒါ့ကြောင့် ပြဿနာတွေကို ဖြေရှင်း နိုင်တယ်။ တစ်ခုခုဆို အာရုံစိုက်နေဖို့ ခက်ခဲပေမယ့် သင့်လုပ်ရမယ့်အရာ မပြီးမချင်း သင်မနားတမ်းလုပ်လေ့ရှိတတ်တယ်။ ခြေမက တခြားခြေချောင်းတွေထက် ပို သေးနေရင်တော့ သင်ဟာ စွယ်စုံရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်ကြီးအတိုင်းပဲ လုပ်တတ်တဲ့သူပါ။
၂။ ခြေညိုး
သင့်ရဲ့ ခြေညိုးလေးက တခြားခြေချောင်းလေးတွေထက် ပိုရှည်နေရင် သင်ဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ ရည်အချင်းရှိတယ်။ လူတွေကို စီမံခန့်ခွဲ အုပ်ချုပ်ရာမှာ တော်တယ်။ လုံ့လရှိတယ် ဝိရိယရှိတယ် သင်ယုံကြည်တဲ့အရာအပေါ် မားမားမတ်မတ် ရပ်တည်တယ်။ သင့်ရဲ့ ခြေချောင်းက တခြားခြေချောင်းလေးတွေထက် ပို တို နေရင်တော့ သင်ဟာ သင့်ကိုယ်တင် ရပ်တည်ဖို့ ခက်ခဲတယ်။
၃။ ခြေခလည် (သို့) တတိယခြေချောင်း
ဒီခြေချောင်းက တခြားခြေချောင်းတွေထက် ရှည်နေရင် သင့်မှာ ကိုယ်ရည်ကိုယ်သွေးအပြည့်ရှိတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်မှာ သင်ဟာ တော်တယ်။ အောင်မြင် တယ် သင့်ရဲ့ အဲဒီခြေချောင်းက သင့်ရဲ့ စွမ်းအင်နဲ့ စိတ်စွမ်းအင်တွေနဲ့ ဆက်စပ်နေပါတယ်။ တခြားခြေချောင်းလေးတွေထက် ပိုတိုရေင်တော့ သင်ဟာ ရိုးရှင်းတဲ့ဘဝကို နှစ်သက်တယ်။
၄။ စတုတ္ထခြေချောင်း (သို့) ခြေသန်းကြွယ်
စတုတ္ထမြောက်ခြေချောင်းက ရှည်နေ ပြီး ဖြောင့်ရင်တော့ သင်ဟာ သင့်မိသားစုကို အရမ်းဂရုစိုက်တဲ့သူဖြစ်တယ်။ နားလည်ပေးတတ် တယ် နားထောင်ပေးတတ် တယ် သင့်မိသားစုက သင့်အတွက် ခွန်အားပဲ။ အဲဒီခြေချောင်းတွေက တိုပြီး နည်းနည်းကောက်ရင်တော့ သင်ဟာ သင့်မိသားစုနဲ့အချစ်ကိုဂရုစိုက်တဲ့သူဖြစ်ပါတယ်။
၅။ ခြေသန်း
ခြေသန်းလေးတွေက အရမ်းသေးတယ်ဆိုရင်တော့ သင့်ဟာ ကလေးဆန်တယ်။ တာဝန်ယူရတာမျိုး မကြိုက်ဘူး တစ်ခုခုကို ရေရှည်လုပ်ရင် ပျင်းတတ်တယ် ။အာရုံစိုက်မှုနည်းတယ်။ ခေါင်းမာတယ် ဆုံးဖြတ်ချက်ချပြီးရင် ဘာဖြစ်နေနေ မပြင်တတ်ဘူး။ ပြတ်သားတယ် သင်ဟာပျော်တတ်တယ် ရင့်ကျက်ဖို့နဲ့တာဝန်ယူတတ် ဖို့ တော့လိုတယ်။ သင့်ခြေသန်းက ခြေသန်းကြွယ်နဲ့ မပူးဘဲ ကွဲနေရင် သင်ဟာ ချစ်စရာကောင်းတယ် စွန့်စားတတ်တယ် သစ္စာရှိတယ်။