“အရက် ဘယ်လို သောက်ကြမလဲ”အရက်သောက်ခြင်းကြောင့် သွေးတိုး နှလုံး ဆီးချို စတဲ့ရောဂါတွေ မဖြစ်ချင်ရင်

အခုခေတ်မှာက ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး အရက်သောက်တတ်လာကြတော့ healthy living အကြောင်းပြောရင် အရက်သောက်နည်းကိုလည်း ပြောပြပေးမှ ဖြစ်မှာပေါ့။

အရက် ဘယ်လိုသောက်ရမလဲဆိုတော့…အရက်သောက်ခြင်းကြောင့် သွေးတိုး နှလုံး ဆီးချို စတဲ့ရောဂါတွေ မဖြစ်ချင်ရင်

အမျိုးသမီးတွေက တစ်နေ့ကို 2 standard drinks, အမျိုးသားတွေက တစ်နေ့ကို 3 standard drinks ထပ် ပိုမသောက်ပါနဲ့။

တစ်ပတ်မှာ အရက် လုံးဝမသောက်တဲ့နေ့ အနည်းဆုံး 2 ရက် ရှိပါစေ။ အရက်သောက်ခြင်းကြောင့် မတော်တဆထိခိုက်မှုများကို ကာကွယ်ချင်ရင်

အမျိုးသမီးတွေက တစ်ခါသောက်ရင် 4 standard drinks, အမျိုးသားတွေက တစ်ခါသောက်ရင် 5 standard drinks ထပ် ပိုမသောက်ပါနဲ့။

ကိုယ်ဝန်ရှိရင် (သို့) ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေရင် အရက် လုံးဝ မသောက်ပါနဲ့။ မော်တော်ယာဉ် မောင်းနှင်တဲ့အချိန်၊ စက်ပစ္စည်းတွေ ကိုင်တွယ်တဲ့အချိန်တွေမှာ အရက် လုံးဝ မသောက်ပါနဲ့။ အသက် (၁၈) နှစ်အောက် ကလေးငယ်တွေ အရက်မသောက်တာ အကောင်းဆုံးပါ။

Standard drink ဆိုတာ ဘာလဲ? One standard drink မှာ pure alcohol 10 g ပါပါတယ်။ အရက်တစ်မျိုးနဲ့တစ်မျိုးမှာ ပါဝင်တဲ့ alcohol ပမဏပေါ် မူတည်ပြီး သူတို့ရဲ့ standard drink တွေက မတူကြပါဘူး။ ဥပမာ 4% alcohol ပါတဲ့ ဘီယာဗူးတစ်ဗူးမှာ one standard drink ပါပြီး 13% alcohol ပါတဲ့ ဝိုင်တစ်ပုလင်းမှာက 7.7 standard drink ပါပါတယ်။ Standard drink ကို တွက်တဲ့ formula ကိုလည်း ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

“ပုလင်းရှိ အရည်ပမာဏ (in Liter) x alcohol % x 0.789” ပါ။ (0.789 ဆိုတာ ကိန်းသေပါ။ အခန်းအပူချိန်မှာရှိတဲ့ ethanol ရဲ့ density ဖြစ်ပါတယ်။) ဥပမာ 4% alcohol ပါတဲ့ 330 ml ဘီယာသံဗူးတစ်ဗူးဆိုရင်…0.33 x 4 x 0.789 = 1.04 (one standard drink) ဖြစ်ပါတယ်။

ကဲ….ဒီလောက်ဆို ကျန်းမာရေးကို မထိခိုက်အောင်၊ မတော်တဆ ထိခိုက်မှုတွေ မဖြစ်အောင် အရက်ကို ဘယ်လိုဆင်ခြင်ချိန်ဆပြီး သောက်ရမလဲဆိုတာ သိသွားကြပြီလို့ ထင်ပါတယ်။ အားလုံး အသက်ကို ဉာဏ်စောင့်နိုင်ကြပါစေ။

Dr Honey Su Naing, M.B.,B.S (Mandalay), M.Sc Nutrition & Dietetics (UK)