ဘုရားအေလာင္းေတာ္ မဟာဇနကမင္း၏ ျဖစ္စဥ္ ခုႏွစ္မ်ိဳး အေျချပဳ၍ ေရွးဆရာႀကီးမ်ားက တီထြင္၍ တြက္ကိန္းဆင္ထားျခင္းျဖစ္သည္။အလြန္လြယ္ကူရွင္းလင္း၍ ယေန႔ပညာရွင္မ်ားထိ သုံးစြဲေနေသာ တြက္ကိန္းျဖစ္ပါသည္
တြက္ကိန္းအား ပုံေသကားခ်မယူပဲ မဟာဘုတ္စေသာ အျခားတြက္ကိန္းမ်ားႏွင့္ ညႇိႏွိုင္းေဟာေျပာလၽွင္ အလြန္အစြမ္းထက္ေသာ ေဟာကိန္းျဖစ္သည္။အေဟာၾကည့္နည္း…
ဥပမာ – မိမိက တနဂၤေႏြသားသမီး အခုေရာက္သက္က ၂၅ ႏွစ္ဆိုရင္ တနဂၤေႏြ ဇယားကြက္ထဲတြင္ ၂၅ ကို ရွာပါ။ * နန္း * အကြက္ထဲတြင္ရွိ၍ ထိုအေဟာကိုဖတ္ပါ။
မိမိက တနလၤာသားသမီး အခုေရာက္သက္ ၂ဝႏွစ္ဆိုရင္ တနလာဇၤယားကြက္ထဲတြင္ ၂၀ ကိုရွာပါ။ * ပ်က္* အကြက္ထဲတြင္ရွိေသာေၾကာင့္ ထိုအေဟာကိုဖတ္ပါ။
**တည္**
တည္ဆိုတာ သေဘၤာတည္ေဆာက္တာကို ေျပာတာပါ။ လုပ္ငန္းေတြအတြက္ ႀကံစည္ဆဲ၊ လုပ္ငန္းေတြအစျပဳဆဲ အေျခအေနကိုေရာက္ေနတယ္လို႔ ေျပာတာပါ။ လုပ္ငန္းအတြက္ ရင္းႏွီးျမဳပ္ႏွံဖို႔ ရန္ရွာရာတြင္လြယ္ကူလိမ့္မည္
လုပ္ငန္းအႀကံအစည္ေအာင္ျမင္မည္။ အလုပ္ရွာေနလၽွင္ အလုပ္ရမည္။ အလုပ္ေလၽွာက္ထားလၽွင္ အလုပ္ရမည္။ အမႈကိစၥေတြ၊ အလုပ္ေတြမ်ားမည္။ ေငြဝင္မ်ားသလို ေငြထြက္လဲမ်ားမည္
**ထြက္**
ထြက္ဆိုတာ ဇမၺနဂိုရ္ျပည္က သေဘၤာစထြက္တာကိုေျပာတာပါ။ ေကာင္းမြန္ေသာမိတ္ေဆြသစ္မ်ား တိုးမည္။ စပ္တူရွယ္ယာလုပ္ငန္းမ်ား လုပ္ရမည့္အခ်ိန္ေကာင္းပါ။ ျပည္တြင္း၊ျပည္ပခရီးမ်ား သြားရမည္။ နိုင္ငံျခားကုန္လုပ္ငန္းမ်ား ေအာင္ျမင္မည္
**ပ်က္**
ပ်က္ဆိုတာ သေဘၤာပ်က္သြားတာကို ေျပာတာပါ။ ကံဇာတာညံ့ခ်ိန္ပါ။ စီးပြားေရးက်ဆင္းမယ္။ သူမ်ားမေကာင္းႀကံတာခံရတတ္သည္
မေတာ္တဆထိခိုက္မႈ အေသးအဖြဲမ်ား ၾကဳံတတ္သလို ေသေကာင္ေပါင္းလဲေဝဒနာမ်ား ျဖစ္တတ္သည္။ ရာထူးလုပ္ငန္းကိုေႏွာင့္ယွက္မည့္သူ ေပၚလာလိမ့္မည္။ အိမ္ေထာင္ေရးကို အထူးသတိထားပါ
**ေက်ာက္**
ေက်ာက္ဆိုတာ ေမခလာနတ္သမီးက ေက်ာက္ဖ်ာထက္မွာတင္ေပးထားတဲ့ ကိန္းဆိုက္ၿပီဆိုေတာ့ ကံေကာင္းၿပီလို႔မွတ္ပါ
မေမၽွာ္လင့္ပဲကူညီမယ့္သူေတြေပၚမယ္။ ေအာင္ပါေလသိန္းထီဆုႀကီးမ်ား ေပါက္မယ္။ မက်န္းမမာျဖစ္ေနရင္ေတာ့ ျပန္ၿပီးက်န္းမာလာမယ္
ဆရာေကာင္းနဲ႔ေတြ႕ၿပီလို႔ေဟာပါ။ အမႈရွိရင္ရွိနိုင္မည္။ အခ်ဳပ္ေႏွာင္ခံေနရရင္ လြတ္မည္။ က်ဆင္းေနေသာစီးပြားေရးမ်ား ျပန္တက္လာမည္။ ပညာေရးလဲေကာင္းမည္။ အိမ္ေထာင္က်လၽွင္ အိမ္ေထာင္ဖက္ေကာင္းႏွင့္ေတြ႕ၿပီလို႔ေဟာပါ။ အႀကံအစည္မ်ား ေအာင္ျမင္မည္
**ထီး**
ထီးဆိုတာ ထီးျဖဴေဆာင္းတဲ့ ကိန္းပါ။ နာမည္ေက်ာ္ၾကား ထင္ရွားမည္။ ေကာင္းသတင္းႏွင့္ ေက်ာ္ၾကားျခင္းပါ။ ဆုလာဘ္ေတြရမည္။ ဘြဲ႕ထူးဂုဏ္ထူးမ်ား ရမည္။ စာေမးပြဲေျဖထားရင္ စာေမးပြဲေအာင္မည္။ ရာထူးတိုးမည္။ စီးပြားေရးလုပ္ငန္းမ်ား တိုးခ်ဲ႕ရမည္။ အိမ္သစ္ေဆာက္ကိန္း၊ အိမ္သစ္ရကိန္း ေပၚမည္
**နန္း**
နန္းဆိုတာ နန္းအပ္ခံရတဲ့ကိန္းပါ။ ကံဇာတာေကာင္းၿပီလို႔ေဟာပါ။ ရာထူးတိုးမည္။ စီးပြားျဖစ္ထြန္းမည္။ အေမြအႏွစ္ေတြရမည္။ အၿပိဳင္အဆိုင္ေတြမွာ အနိုင္ရမည္
ေရြးေကာက္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ရင္နိုင္မည္။ အိမ္ေထာင္က်ကိန္းရွိသည္။ အိမ္ေထာင္က်လၽွင္လဲ ကံေကာင္းမည္။ အလႉျပဳလုပ္ရမည္။ မင္းစိုးရာဇာ အႀကီးအကဲျဖစ္မည္
**စံ**
စံဆိုတာ မင္းစည္းစိမ္ကို ခံယူရတဲ့ ကိန္းပါ။ ေဘးအႏၲာရာယ္ကင္းၿပီး စုတ္ႀကီး၊လာဘ္ႀကီးေတြဝင္မည္။ လုပ္ငန္းေတြတိုးတက္မည္။ ႀကီးမားတဲ့ရာထူးေတြရမည္
သိုေလွာင္ပစၥည္းေတြက အက်ိဳးအျမတ္ရမည္။ အေႁခြအရံမိတ္ေဆြ အေပါင္းအသင္း တိုးမည္။ ေငြေၾကးစုေဆာင္းမိမည္
ယခုအေဟာတမ်ိဳးထဲႏွင့္ ပုံေသယူ၍မရပါ။ မသိေသးသူမ်ား သိေစရန္ ရည္ရြယ္၍ ကူးယူေရးသားပါသည္ ေဗဒင္ လကၡဏာ
unicode
ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ် ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်းဖြစ်သည်။အလွန်လွယ်ကူရှင်းလင်း၍ယနေ့ပညာရှင်များထိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည်။
တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာဘုတ်စသော အခြားတွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟောကိန်းဖြစ်သည်။အဟောကြည့်နည်း….
ဥပမာ – မိမိက တနင်္ဂနွေသားသမီး အခုရောက်သက်က ၂၅ နှစ်ဆိုရင် တနင်္ဂနွေ ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ။ * နန်း * အကွက်ထဲတွင်ရှိ၍ ထိုအဟောကိုဖတ်ပါ။
မိမိက တနင်္လာသားသမီး အခုရောက်သက် ၂ဝနှစ်ဆိုရင် တနလာင်္ဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ။ * ပျက်* အကွက်ထဲတွင်ရှိသောကြောင့် ထိုအဟောကိုဖတ်ပါ။
**တည်**
တည်ဆိုတာ သင်္ဘောတည်ဆောက်တာကို ပြောတာပါ။ လုပ်ငန်းတွေအတွက် ကြံစည်ဆဲ၊ လုပ်ငန်းတွေအစပြုဆဲ အခြေအနေကိုရောက်နေတယ်လို့ ပြောတာပါ။လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံဖို့ ရန်ရှာရာတွင်လွယ်ကူလိမ့်မည်။
လုပ်ငန်းအကြံအစည်အောင်မြင်မည်။ အလုပ်ရှာနေလျှင် အလုပ်ရမည်။ အလုပ်လျှောက်ထားလျှင် အလုပ်ရမည်။ အမှုကိစ္စတွေ၊ အလုပ်တွေများမည်။ ငွေဝင်မျာ;သလို ငွေထွက်လဲများမည်။
**ထွက်**
ထွက်ဆိုတာ ဇမ္ဗနဂိုရ်ပြည်က သင်္ဘောစထွက်တာကိုပြောတာပါ။ ကောင်းမွန်သောမိတ်ဆွေသစ်များ တိုးမည်။ စပ်တူရှယ်ယာလုပ်ငန်းများ လုပ်ရမည့်အချိန်ကောင်းပါ။ ပြည်တွင်း၊ပြည်ပခရီးများ သွားရမည်။ နိုင်ငံခြားကုန်လုပ်ငန်းများ အောင်မြင်မည်။
**ပျက်**
ပျက်ဆိုတာ သင်္ဘောပျက်သွားတာကို ပြောတာပါ။ ကံဇာတာညံ့ချိန်ပါ။ စီးပွားရေးကျဆင်းမယ်။ သူများမကောင်းကြံတာခံရတတ်သည်။
မတော်တဆထိခိုက်မှု အသေးအဖွဲများ ကြုံတတ်သလို သေကောင်ပေါင်းလဲဝေဒနာများ ဖြစ်တတ်သည်။ ရာထူးလုပ်ငန်းကိုနှောင့်ယှက်မည့်သူ ပေါ်လာလိမ့်မည်။အိမ်ထောင်ရေးကို အထူးသတိထားပါ။
**ကျောက်**
ကျောက်ဆိုတာ မေခလာနတ်သမီးက ကျောက်ဖျာထက်မှာတင်ပေးထားတဲ့ ကိန်းဆိုက်ပြီဆိုတော့ ကံကောင်းပြီလို့မှတ်ပါ။
မမျှော်လင့်ပဲကူညီမယ့်သူတွေပေါ်မယ်။ အောင်ပါလေသိန်းထီဆုကြီးများ ပေါက်မယ်။ မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီးကျန်းမာလာမယ်။
ဆရာကောင်းနဲ့တွေ့ပြီလို့ဟောပါ။ အမှုရှိရင်ရှိနိုင်မည်။ အချုပ်နှောင်ခံနေရရင် လွတ်မည်။ ကျဆင်းနေသောစီးပွားရေးများ ပြန်တက်လာမည်။ ပညာရေးလဲကောင်းမည်။ အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်ကောင်းနှင့်တွေ့ပြီလို့ဟောပါ။ အကြံအစည်များ အောင်မြင်မည်။
**ထီး**
ထီးဆိုတာ ထီးဖြူဆောင်းတဲ့ ကိန်းပါ။ နာမည်ကျော်ကြား ထင်ရှားမည်။ ကောင်းသတင်းနှင့် ကျော်ကြားခြင်းပါ။ ဆုလာဘ်တွေရမည်။ ဘွဲ့ထူးဂုဏ်ထူးများ ရမည်။စာမေးပွဲဖြေထားရင် စာမေးပွဲအောင်မည်။ ရာထူးတိုးမည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရမည်။ အိမ်သစ်ဆောက်ကိန်း၊ အိမ်သစ်ရကိန်း ပေါ်မည်။
**နန်း**
နန်းဆိုတာ နန်းအပ်ခံရတဲ့ကိန်းပါ။ ကံဇာတာကောင်းပြီလို့ဟောပါ။ ရာထူးတိုးမည်။ စီးပွားဖြစ်ထွန်းမည်။ အမွေအနှစ်တွေရမည်။ အပြိုင်အဆိုင်တွေမှာ အနိုင်ရမည်။
ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်နိုင်မည်။ အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်ကျလျှင်လဲ ကံကောင်းမည်။ အလှူပြုလုပ်ရမည်။ မင်းစိုးရာဇာအကြီးအကဲဖြစ်မည်။
**စံ**
စံဆိုတာ မင်းစည်းစိမ်ကို ခံယူရတဲ့ ကိန်းပါ။ ဘေးအန္တာရာယ်ကင်းပြီး စုတ်ကြီး၊လာဘ်ကြီးတွေဝင်မည်။ လုပ်ငန်းတွေတိုးတက်မည်။ ကြီးမားတဲ့ရာထူးတွေရမည်
သိုလှောင်ပစ္စည်းတွေက အကျိုးအမြတ်ရမည်။ အခြွေအရံမိတ်ဆွေ အပေါင်းအသင်း တိုးမည်။ ငွေကြေးစုဆောင်းမိမည်
ယခုအဟောတမျိုးထဲနှင့် ပုံသေယူ၍မရပါ။ မသိသေးသူများ သိစေရန် ရည်ရွယ်၍ ကူးယူရေးသားပါသည်။ ဗေဒင် လက္ခဏာ