unicode
အရဟံ သိဒ္ဓိ ဘဂဝါ အောင် သစ်တံခါး ဆရာတော် ဘုရားကြီးမှ မျှဝေတဲ့ ပုတီး အဓိဋ္ဌာန် ပါ
အရဟံ…လူမင်းနတ်မင်း ဗြဟ္မာ မင်း တို့ ၏ ဝပ်စင်းကော်ရော် ပူဇော် ထူးခံတော်မူထိုက်သော မြတ်စွာဘုရား
သိဒ္ဓိ…မိမိ ဖြစ်ချင်တာ အောင် မြင်ချင်တာ ကိစ္စ ပြီးလိုတာ သိဒ္ဓိ ဟု ခေါ်ပါသည်
ဘဂဝါ…ဘုန်းတော် ကံတော် ဉာဏ်တော်တန်ခိုးတော် အနန္တ ကြီး မြတ်၍ လောကသုံးပါး ၏ လူ နတ် ချီး မြှောက် လှုဒါန်း ပူဇော်ခြင်း ခံထိုက်သော မြတ်စွာဘုရား
အောင်…လောကီ လောကုတ္တရာ အောင်မြင်ရာ
ပုတီး စိတ်ပုံစိပ်နည်း အရဟံ သိဒ္ဓိ ဘဂဝါ အောင် တစ်နေ့ ၁၀၈ လုံးပုတီး ၁၀ ပါတ် ၃ ကြိမ် ၃ဝပါတ် ၃၂၄၀ ခေါက်ဂုဏ်တော် ပွားရပါသည်
၁၀၈ ရက် အဓိဌာန် ၁၀၈ ရက် ၃၂၄ဝ ခေါက်…ဂုဏ်တော်ပေါင်း ၃၄၉၉၂၀ ကြိမ်
နေ့စဉ် အာစိဏ္ကံမပျက် အားထုတ်ပါ ၁၀၈ ရက် အဓိဌာန်ပြည့် လျှင် ထိုက်သင့်ရာအကျိုးထူးရမည်
နံပါတ် ၁ ဂုဏ်တော်ဖြစ်၍ ထိပ်ဆုံး နံပါတ် ၁ ရောက်စေလို သော ဆရာတော်၏ မေတ္တာ စေတနာ ကို ယုံကြည်မှု အပြည်ု့ဖြင့်အားထုတ်ကြည့်ပါ
မုချအကျိုးထူးပါမည် လက်တွေ့အားထုတ်ကြည့်ပါ ။ အကယ်၍ တစ်နေ့ ပုတီးပတ်ရေ ၃၀ မစိပ်နိုင်ပါက မိမိနိုင်သလောက် အဓိဋ္ဌာန် စိပ်နိုင်ပါသည် သစ်တံခါးဆရာတော်