အိုလာရင်သား သမီးတွေပယ်တာ ခံရတာပါပဲဆိုတဲ့ အသက် 77 နှစ်အရွယ် ဆိုက်ကားဆရာ အဘိုးအိုရဲ့အဖြစ်

ကျနော်ကားပေါ်က ဆင်းဆင်းချင်ပဲဆိုက်ကား ဆရာတချို့ရောက်လာတယ်သန်မြန် တဲ့လူတွေမို့အတင်တိုးဝှေ့ပြီးသူ့ထက်ငါဦး အောင်မေးကြတယ်အကိုဘယ်သွား မှာလဲဘယ်ပို့ပေးရမလဲပေါ့ ကျနော့်မှာလဲပစ္စည်းကများများစားစားသယ်စရာပါမလာတော့ ကျနော်ဆိုက်ကားမငှားတော့ဘူး အကိုတို့လို့ပြောလိုက်တယ်ကို လဲမြို့သားမဟုတ် တော့တော်ယုံ အ ထုပ် နဲ့တော်ယုံခရီဆို ကိုယ်တိုင်ထမ်းပြီး လမ်းလျောက်လေ့ရှိတယ်

အဲ့လိုနဲ့ဆိုက်ကားဆရာတွေလူစုခွဲနောက်ဆုတ်သွားမှ နောက်ကအဖိုးအိုတယောက်ကိုမြင်လိုက်ရတယ် ငါ့တူလေးဘယ်ကိုသွားမှာလဲဦး လေးဆိုက်ကနဲ့လိုက်ပို့ပါ ရ စေ တဲ့ မေးလိုက်တဲ့ပုံကလဲတခြားဆိုက်ကားဆရာတွေနဲ့မတူဘူးဗျ တခြားဆိုက်ကားဆရာတွေဆို ဆိုက်ကားခေါ်မလားဘာညာမေးတယ် အခုအဖိုးအိုကတော့ ဦး လေးဆိုက်ကားနဲ့လိုက်ပို့ပါရစေတဲ့

ကျနော်လဲဘာမှစဉ်းစားမနေတော့ဘူး ဟုတ်ကဲ့လိုက်ပို့ပါဥိးလေးဆိုပြီးပြောလိုက်တယ် တခြားဆိုက်ကားဆရာတွေ ကတောင်နောက်ကတီးတို ဝေဖန်သကြားလိုက် မိ ပါ တယ် ဒီကောင်အရူးစိတ်မမှန်ဘူးဆိုပဲ အဲ့လိုနဲ့ကျနော်တို့ဆိုက်ကားနဲ့ထွက်လာကြရင်း ကျနော်ကနဲနဲစပ်စုကြည့်တယ် ဦးလေး ဦးလေးမှာသားသမီးမရှိဘူးလားဆိုတော့ရှိတာပေါ့ငါ့တူရယ် အကြီးကောင်ကရဲထဲမှာဒုရဲအုပ် အလတ်မကကျောင်းအုပ်ဆရာမ အငယ်ဆုံးသားကတော့ မှန် လုံ ကားမောင်းတယ် တဲ့ဦးလေးနဲ့အတူနေကြတာလား ဆိုတော့

မဟုတ်ပါဘူးသူတို့အိမ်ထောင်တွေနဲ့ပါသူတို့ကတာဝန်ကျရာနယ်တွေမှာပါ တဲ့ ဒါဆိုဦးလေးတို့အဖိုအဖွားယောက်ထဲနေတာပေါ့နော် ဆိုတော့မ ဟုတ်ပါဘူးဦး လေး တ ယောက်ထဲနေတာပါ ဦးလေးမိန်းမကဆုံးသွားပြီ တဲ့ဘာလို့သားသမီးတွေနဲ့လိုက်မနေတာလဲဦးလေး လို့ကျနော်ထပ်မေးလိုက်တယ် နေချင်တာပေါ့ငါ့တူရယ်နေလဲနေပြီးပါပြီ မိဘတွေ အို လာရင်သားသမီးတွေကပယ်ထားကြတာတစ်ကယ်တော့မိဘဆိုတာ အိုပယ်တွေပါ တဲ့ကျနော်အရမ်းစိတ် မ ကောင်း ဖြစ်သွားတယ်ရင်ထဲမှာဆို့တက်လာလို့ ဘာမှဆက်မမေးနိုင်တော့ဘူး ကျနော်သွားမဲ့လမ်းဆုံရောက်တော့မှမနဲအသံထွက်မေးလိုက်ရတယ်

ဦးလေးဘယ်လောက်ကျလဲဗျ ဆိုတော့၅၀၀ ပါငါ့တူတဲ့ ကျနော်အိပ်ထဲက ၁၀၀၀၀ တန်၂ရွက်ထုပ်ပေးလိုက်တယ် မယုံနိုင်သလိုအံ့သြတဲ့အကြည့် တွေနဲ့ကျနော်ကို ပြော တယ် ၅၀၀ ပဲကျတာလေငါ့တူတံ့ ဟုတ်ပါတယ်ကျန်တဲ့ပိုက်ဆံက ဦးလေးကိုကျနော်ကန်တော့တာပါဆိုတော့ တုင်တုန်ယင်ယင်လက် တွေနဲ့လှမ်းယူ လိုက်တယ် ဆုတွေလဲ မဆုံးနိုင် အောင်ပေးနေပါ တော့ တယ်

နောက်ထပ် ၅ လလောက်ရှိလို့ကျနော်အဲ့ဒီဆိုက်ကားဂိတ်ကိုပြန်ရောက်တော့ ဒီဂိတ်ကဆိုက်ကားဆရာဦးလေးကြီးရောလို့အနား ကကွမ်းယာဆိုင်ကို မေးကြည့်တဲ့ အ ခါအခုဆောင်းအဝင်လွန်ခဲ့တဲ့တလကပဲသူ့ရဲ့တဲအိမ်လေးထဲမှာတယောက်ထဲဆုံးသွားပြီး၃ရက်လောက်နေမှရပ်ကွက်ကသိတယ်တဲ့ နောင်ဘဝတွေမှာအ ခုလိုအ ဖြစ် မျိုးနဲ့မကြုံပါစေနဲ့ဦးလေးရယ်လို့ ဆုတောင်းပေးရုံကလွဲပြီးကျနော်ဘာများတတ်နိုင်တော့မှာလဲဗျာ

ဘယ်သူမှအပြစ်မတင်လိုပါဘဝကံကြွေးကိုခုရွယ်ထိပေးဆပ်နေရတဲ့အသက် ၇၇ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့အဖိုးအိုတယောက်ဝမ်းစာရေးကိုပင်ပမ်းကြီး စွာလုပ်ကိုင် နေရတာတွေ့လို့တတ်နိုင်သလောက် လေးအကူညီပေးခဲ့မိပါတယ် သံဝေဂ ရစရာပါ မိဘတယောက်ဟာသားသမီးများစွာကိုပြုစုလုပ်ကြွေးနိုင်ပေမဲ့သားသမီးတစုဟာ အတုံ့အလှည့်မပြန်နိုင်ကြတာကအင်မတန်ကိုဘဲဝမ်းနည်း စ ရာ တခုပါ သူ့ကံနဲ့သူတော့မှန်ပါတယ် တန်ဖိုးလလွန်ကြီးမားတဲ့မိဘနှစ်ပါးကိုတော့မသေ ခင်တတ်နိုင်သလောက် ကိုယ်အငါတ်ခံပြီးပြုစု လုပ်ကြွေးကာမိဘကျေးဇူးတရားတွေကိုဆပ်ပေးကြပါလို့ လူငယ် များ စွာကိုတိုက်တွန်းလိုက်ပါရစေခင်ဗျ