၈ ႀကိမ္ေျမာက္မယ္စၾကာဝဠာျမန္မာၿပိဳင္ပြဲႀကီးတြင္ မယ္စၾကာဝဠာျမန္မာ ၂၀၂၀ သရဖူဆုကို ဟားခါးကိုယ္စားျပဳအလွမယ္ သူဇာဝင့္လြင္ က ဆြတ္ခူးသြားခဲ့ပါတယ္။ အလွမယ္သူဇာဝင့္လြင္က သ႐ုပ္ေဆာင္ ေမရဲ့ ညီမလည္း ျဖစ္ပါတယ္
မယ္စၾကာဝဠာျမန္မာၿပိဳင္ပြဲႀကီးကို 30-12-2020 ရက္ေန႔တြင္ နိုဗိုလ္တယ္မွာ က်င္းပခဲ့ပါတယ္။ အဆိုပါၿပိဳင္ပြဲႀကီးတြင္ Miss Universe Myanmar 2020 Winner အျဖစ္ ဟားခါး ၿမိဳ႕ကိုယ္စားျပဳအလွမယ္ သူဇာဝင့္လြင္ မွ ရရွိခဲ့ၿပီး 1st Runner Up အျဖစ္ ျမဝတီၿမိဳ႕ကိုယ္စားျပဳအလွမယ္ ဟန္ေလး ၊ 2nd Runner Up အျဖစ္ ျမစ္ႀကီးနားၿမိဳ႕ကိုယ္စားျပဳအလွမယ္ ေမသဇင္ဦး၊ 3rd Runner Up အျဖစ္ ရန္ကုန္ေတာင္ပိုင္းခရိုင္ ကိုယ္စားျပဳအလွမယ္ ေရခ်ယ္၊ 4th Runner Up အျဖစ္ ပုသိမ္ၿမိဳ႕ကိုယ္စားျပဳ အလွမယ္ ျမစန္းသီတာ၊ 5th Runner Up အျဖစ္ ဗန္းေမာ္ၿမိဳ႕ကိုယ္စားျပဳအလွမယ္ ေနာ္ခရစၥတင္း တို႔မွအသီးသီး ဆြတ္ခူးရရွိခဲ့ပါသည္
ယခုႏွစ္ မယ္စၾကာဝဠာျမန္မာ ၿပိဳင္ပြဲႀကီးအတြက္ ကိုယ္စားျပဳအလွမယ္မ်ားအား ျမန္မာနိုင္ငံတစ္ဝွမ္းရွိ ၿမိဳ႕ေပါင္း ၄၁ ၿမိဳ႕တြင္ က်င္းပေရြးခ်ယ္ခဲ့ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၿပိဳင္ပြဲဝင္အခ်ိဳ႕မွာယွဥ္ၿပိဳင္နိုင္ျခင္းမရွိသည့္အတြက္ ၿမိဳ႕ေပါင္း ၃၅ ၿမိဳ႕မွ ကိုယ္စားျပဳအလွမယ္မ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္ပါသည္။ ျမန္မာနိုင္ငံရဲ့ အႀကီးက်ယ္ဆုံး မယ္စၾကာဝဠာ ျမန္မာ ၿပိဳင္ပြဲႀကီးကို ၂၀၁၃ ခုႏွစ္မွစတင္ကာ က်င္းပခဲ့ၿပီး ယခုအခ်ိန္ထိ နိုင္ငံကိုယ္စားျပဳ အလွမယ္ ၈ ေယာက္ကို ေရြးခ်ယ္ခဲ့ၿပီးျဖစ္ပါသည္
crd Miss Universe Myanmar
unicode
၈ ကြိမ်မြောက်မယ်စကြာဝဠာမြန်မာပြိုင်ပွဲကြီးတွင် မယ်စကြာဝဠာမြန်မာ ၂၀၂၀ သရဖူဆုကို ဟားခါးကိုယ်စားပြုအလှမယ် သူဇာဝင့်လွင် က ဆွတ်ခူးသွားခဲ့ပါတယ်။ အလှမယ်သူဇာဝင့်လွင်က သရုပ်ဆောင် မေရဲ့ ညီမလည်း ဖြစ်ပါတယ်
မယ်စကြာဝဠာမြန်မာပြိုင်ပွဲကြီးကို 30-12-2020 ရက်နေ့တွင် နိုဗိုလ်တယ်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကြီးတွင် Miss Universe Myanmar 2020 Winner အဖြစ် ဟားခါး မြို့ကိုယ်စားပြုအလှမယ် သူဇာဝင့်လွင် မှ ရရှိခဲ့ပြီး 1st Runner Up အဖြစ် မြဝတီမြို့ကိုယ်စားပြုအလှမယ် ဟန်လေး ၊ 2nd Runner Up အဖြစ် မြစ်ကြီးနားမြို့ကိုယ်စားပြုအလှမယ် မေသဇင်ဦး၊ 3rd Runner Up အဖြစ် ရန်ကုန်တောင်ပိုင်းခရိုင် ကိုယ်စားပြုအလှမယ် ရေချယ်၊ 4th Runner Up အဖြစ် ပုသိမ်မြို့ကိုယ်စားပြု အလှမယ် မြစန်းသီတာ၊ 5th Runner Up အဖြစ် ဗန်းမော်မြို့ကိုယ်စားပြုအလှမယ် နော်ခရစ္စတင်း တို့မှအသီးသီး ဆွတ်ခူးရရှိခဲ့ပါသည်။ ယခုနှစ် မယ်စကြာဝဠာမြန်မာ ပြိုင်ပွဲကြီးအတွက် ကိုယ်စားပြုအလှမယ်များအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၄၁ မြို့တွင် ကျင်းပရွေးချယ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲဝင်အချို့မှာယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် မြို့ပေါင်း ၃၅ မြို့မှ ကိုယ်စားပြုအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး မယ်စကြာဝဠာ မြန်မာ ပြိုင်ပွဲကြီးကို ၂၀၁၃ ခုနှစ်မှစတင်ကာ ကျင်းပခဲ့ပြီး ယခုအချိန်ထိ နိုင်ငံကိုယ်စားပြု အလှမယ် ၈ ယောက်ကို ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်
crd Miss Universe Myanmar