unicode
၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ အောင်ဘာလေထီဖွင့်ပွဲမှာ ဆုကြီးတခုဖြစ်တဲ့ သိန်း နှစ်ထောင် ကံထူးရှင်ထွက်ပေါ်လာခဲ့ပါပြီ, အဆိုပါကံထူးရှင်များကတော့ ကျုံပျော်မြို့က ဦးကျော်မြင့်၊ဒေါ်သန်းသန်းဆွေ၊သား စိုးမောင်မောင်တို့ဘဲဖြစ်ပါတယ်
နှစ်သစ်အကူး ကံထူးခြင်းအစ ကျုံပျော်က ကျုံပျော်မြို့ရဲ့ရတနာ ကံသာရာနှင့် မြန်ပြည်ချမ်းသာ ကျုံပျော်ပင်ရင်းထီဆိုင်ကြီးမှ ၂၃ကြိမ်မြောက်ထီဖွင့်ပွဲကြီးတွင် နှစ်ကူးလက်ဆောင် သိန်းနှစ်ထောင် ဆုကြီး ဍ ၆၀၀၆၉၃ လက်မှတ်နံပါတ်ဖြင့် ဦးကျော်မြင့်၊ဒေါ်သန်းသန်းဆွေ၊သား စိုးမောင်မောင် ပိတောက်ရွှေဝါလမ်း၊ကျုံပျော်မြို့မှ ထပ်မံဆွတ်ခူးရရှိသွားပြန်ပါကြောင်း U Soe Than
နှစ်သစ်ကူး အစလေးမှာ ကံကောင်းလိုက်ကြတာနော် ကံထူးရှင် တွေနဲ့ ထပ်တူဝမ်းမြောက်မိပါတယ်
ကံဇာတာဆိုတာ ကြိုတင်ခန့်မှန်းလို့မရတာမို့ သင်လည်း သူဌေးလောင်းလေးဖြစ်နိုင်ပါတယ်နော်
လတိုင်း ထီပေါက်ပြီး လာမထုတ်တဲ့ ဆုမဲတွေအများကြီးရှိတာမို့ ထီမတိုက်ရသေးရင် တိုက်ဖြစ်အောင်တိုက်ကြည့်ကြပါနော် ကံထူးကံကောင်းကြပါစေ