Source – MRTV
Unicode
(၂၃)ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှ ကျပ်သိန်း ၁၅၀၀၀ ကို မန္တလေးတိုင်းမှ မဝင်းဝင်းအိက ဆွတ်ခူးရရှိ
ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ ဖွင့်လှစ်သည့် ၂၃ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် သိန်း တစ်သောင်းခွဲဆုမဲသည် ကဂ- ၄၀၆၁၀၄ နံပါတ်ဖြင့် ထွက်ရှိခဲ့ပါသည်။
ယင်းဆုကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ကံထူးရှင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၈x၄၉ လမ်းကြား၊ ဇီးအုပ်ကွက်သစ်တွင် နေထိုင်သူ မဝင်းဝင်းအိက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
Source – MRTV
နှစ်သစ်ကူး အစလေးမှာ ကံကောင်းလိုက်တာနော် ကံထူးရှင် တွေနဲ့ ထပ်တူဝမ်းမြောက်မိပါတယ်၊ ကံဇာတာဆိုတာ ကြိုတင်ခန့်မှန်းလို့မရတာမို့ သင်လည်း သူဌေးလောင်းလေးဖြစ်နိုင်ပါတယ်နော်၊ လတိုင်း ထီပေါက်ပြီး လာမထုတ်တဲ့ ဆုမဲတွေအများကြီးရှိတာမို့ ထီမတိုက်ရသေးရင် တိုက်ဖြစ်အောင်တိုက်ကြည့်ကြပါနော် ကံထူးကံကောင်းကြပါစေ