ဆံေတာ္ရွင္ မုလအိေစတီ သို႔ လာေရာက္ဖူးေျမာ္သူ မည္သူ႔ကိုမဆို တစ္ဦးကို ေငြ တစ္ေသာင္းက်ပ္ စီေဝေငွ(႐ုပ္သံ)

ဆံေတာ္ရွင္ မုလအိေစတီ သို႔ လာေရာက္ဖူးေျမာ္သူ မည္သူ႔ကိုမဆို ကရင္ျပည္နယ္ သာသနာ့ႏုဂၢဟ အသင္း ဥကၠဌ ဦးေစာမုတ္သုန္ မွ တစ္ဦးကို ေငြ တစ္ေသာင္းက်ပ္ စီေဝေငွေပးေနတဲ့ ျမင္ကြင္းဘဲျဖစ္ပါတယ္။ သာဓု သာဓု သာဓု ပါ

မူလအိေစတီေတာ္ ဘုရားဖူးကာလကို ႏွစ္စဥ္ ဇန္နဝါရီမွ ေမလအထိ ၅ လတာသတ္မွတ္ထားပါတယ္။ ဆံေတာ္ရွင္မုလအိေစတီ ေတာ္ျမတ္၏ ရင္ျပင္ေတာ္သို႔ မည္သည့္ လက္နက္ကိုင္တပ္ဖြဲ႕မွ လက္နက္ကိုင္ေဆာင္ၿပီး တက္ေရာက္ခြင့္မျပဳထားပါဘူး

မုလအိေစတီေတာ္ျမတ္ သည္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ စုကလိ ၿမိဳ႕နယ္ခြဲ၊ ျပည္နယ္၏ အျမင့္ဆုံးေတာင္ထိပ္ေပၚရွိ ဆံေတာ္ရွင္သမိုင္းဝင္ ေစတီေတာ္ျမတ္ပဲျဖစ္ပါတယ္။ သမိုင္းဝင္ ဆံေတာ္ရွင္ မုလအိေစတီေတာ္ျမတ္သည္ ျမဝတီၿမိဳ႕၏ ေတာင္ဘက္ပိုင္း စုကလိၿမိဳ႕ နယ္ခြဲတြင္ တည္ ရွိၿပီး ပင္လယ္ျပင္ မ်က္ႏွာျပင္အထက္ ေပေပါင္း ၆,ဝဝ၀ ေက်ာ္ ျမင့္မားသည္။ ႏွစ္စဥ္ ျပည္တြင္း၊ နယ္စပ္ႏွင့္ ထိုင္းနိုင္ငံမွ ဘုရားဖူးဧည့္သည္မ်ား လာေရာက္ဖူးေျမာ္သည့္ ထင္ရွားေသာေစတီေတာ္ ျမတ္ျဖစ္သည္ Crd win zaw

Unicode

ဆံတော်ရှင် မုလအိစေတီ သို့ လာရောက်ဖူးမြော်သူ မည်သူ့ကိုမဆို ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟ အသင်း ဥက္ကဌ ဦးစောမုတ်သုန် မှ တစ်ဦးကို ငွေ တစ်သောင်းကျပ် စီဝေငှေပေးနေတဲ့ မြင်ကွင်းဘဲဖြစ်ပါတယ်။ သာဓု သာဓု သာဓု ပါ။ မူလအိစေတီတော် ဘုရားဖူးကာလကို နှစ်စဉ် ဇန်နဝါရီမှ မေလအထိ ၅ လတာသတ်မှတ်ထားပါတယ်။ ဆံတော်ရှင်မုလအိစေတီ တော်မြတ်၏ ရင်ပြင်တော်သို့ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မှ လက်နက်ကိုင်ဆောင်ပြီး တက်ရောက်ခွင့်မပြုထားပါဘူး

မုလအိစေတီတော်မြတ် သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ စုကလိ မြို့နယ်ခွဲ၊ ပြည်နယ်၏ အမြင့်ဆုံးတောင်ထိပ်ပေါ်ရှိ ဆံတော်ရှင်သမိုင်းဝင် စေတီတော်မြတ်ပဲဖြစ်ပါတယ်။ သမိုင်းဝင် ဆံတော်ရှင် မုလအိစေတီတော်မြတ်သည် မြဝတီမြို့၏ တောင်ဘက်ပိုင်း စုကလိမြို့ နယ်ခွဲတွင် တည် ရှိပြီး ပင်လယ်ပြင် မျက်နှာပြင်အထက် ပေပေါင်း ၆,ဝဝဝ ကျော် မြင့်မားသည်။ နှစ်စဉ် ပြည်တွင်း၊ နယ်စပ်နှင့် ထိုင်းနိုင်ငံမှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်သည့် ထင်ရှားသောစေတီတော် မြတ်ဖြစ်သည် Crd win zaw