လှိုင်သာယာ၊ ဇန်နဝါရီ ၂/၂၀၂၀ လင်မယား နှစ်ဦးအတူအိပ်နေကြစဉ် ခင်ပွန်းအပေါ့ထသွားစဉ် ခြင်ထောင်တွင်းဝင်၍ မဖွယ်မရာပြုလုပ်ခဲ့သူအား ဇန်နဝါရီ ၁ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ အနောက်ပိုင်း မြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်နေ တရားလိုမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ညက ၎င်းတို့နေအိမ်တွင် လင်မယား နှစ်ဦး အတူ အိပ်ယာဝင်ခဲ့ကြောင်း ဆိုသည်။ ထို့နောက် ည ၁၁ နာရီကျော်ခန့်၌ နာရေးအိမ်သွားနေသည့် အမေဖြစ်သူနှင့် ညီမဖြစ်သူတို့ပြန်လာကြ၍ တရားလိုမှ တံခါးထဖွင့်ပေးပြီး အိပ်ယာပြန်ဝင်ခဲ့ကြောင်း ဆိုသည်
၎င်းနောက် ဇန်နာဝါရီ ၁ ရက် နံနက် ၁နာရီကျော်ခန့်၌ တရားလိုမှ အပေါ့ထသွားခဲ့ကြောင်း အပေါ့သွား၍ ပြန်လာစဉ် ဇနီးဖြစ်သူကို နေအိမ်ခြံတံခါးနားတွင် တွေ့ရ၍ ဘာဖြစ်လို့လဲ မေးရာ ဇနီးမှ ၎င်းအိပ်နေသောခြင်ထောင်ထဲကို တရားလို၏ သူငယ်ချင်းဖြစ်သူ ဆန်းသူ ဝင်လာပြီး၊ ခြုံထားသောစောင်အား ဆွဲဖယ်ပြီး ဝတ်ထားသည့် ထမိန်စကပ်အား လှန်ကာ ဇနီးဖြစ်သူ၏ — အား လျှာဖြင့်ယက်နေသဖြင့် အိပ်ပျော်ကာမှ နိုးလာကာ ခင်ပွန်းမဟုတ်မှန်းသိ၍ အော်ဟစ်လိုက်စဉ် ဆန်းသူမှာ ထွက်ပြေး သွားသည်ဟု ပြောပြကြောင်း ဆိုသည်
ခြင်ထောင်အတွင်းဝင်ရောက်ကာ အိပ်နေသည့် ဇနီးအားဓမ္မတာနှင့်ဆန့်ကျင်၍ ပြုကျင့်ရန် ကြံစည်သူ အောင်သုခ ၂ လမ်း၊ ၁၄ ရပ်ကွက်နေ ဆန်းသူ အား ဥပဒေအရ အရေးယူပေးပါရန် ခင်ပွန်းမှ တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း ၎င်းတိုင်ကြား ချက်အရ သိရသည် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆန်းသူ ၂၅နှစ် အား လှိုင်သာယာ အနောက်ပိုင်း မြို့မရဲစခန်းမှ ပ ၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သိရသည်
crd မြင့်အောင် လှိုင်သာယာ Top Phoenix Media Group