Unicode
ကြော်ငြာမင်းသမီးလေး ဖြူဖြူထွေးက အဘွားဖြစ်သူရဲ့ မျက်နှာကို နောက်ဆုံးအနေနဲ့တောင်ကြည့်ခွင့်မရလို့ စိတ်မကောင်းဖြစ်နေပါတယ်။ရွာမှာရှိတဲ့ အဘွားဖြစ်သူ ရုတ်တရက်ဆုံးပါးသွားတာကြောင့် ဖြူဖြူထွေးဟာ အဘွားဖြစ်သူရဲ့ နောက်ဆုံးချိန်ကိုသွားရောက်ကြည့်ရှုဖို့ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး
မိဘတွေကို လုပ်ကျွေးပြုစုနေသူဖြစ်ပြီး သူမရဲ့ရွာကိုလည်း မမေ့မလျော့ ကျေးဇူးသိတတ်သူဖြူဖြူထွေးက ရွာမှာရှိတဲ့ အဘွားရဲ့ နောက်ဆုံးအချိန်ကို ကြည့်ခွင့်ရဖို့ ဆေးစစ်ချက် ထောက်ခံစာတွေယူပြီး ပြန်ဖို့ကြိုးစားခဲ့တာပါ။ သို့သော်လည်း ကိုဗစ်ကာလအခြေအနေကြောင့် ဆွေမျိုးမိတ်ဆွေတွေထဲက တစ်စုံတစ်ယောက်ဆုံးပါးသွားခဲ့ရင်တောင် နောက်ဆုံးအခြေအနေကိုကြည့်ရှုဖို့ အတော်လေးခက်ခဲနေခဲ့တာဖြစ်ပါတယ်
အဘွားဆုံးပြီး ရွာလေးပြန်ချင်တာကို ဒီမှာ ဆေးစစ်ချက်ထောက်ခံစာတွေပါ ယူခဲ့ ပါ့မယ်ဆိုတာကို ဘာလို့လဲဗျာ တော်တော်စိတ်ညစ်နေပြီး အဘွားမျက်နှာ နောက်ဆုံးနေနဲ့ကြည့်ခွင့်မရတော့ဘူးလား ဆိုပီး သူမရဲ့ fb စာမျက်နှာမှာ တင်ထားတာပါ။ ဖြူဖြူထွေးက အဘွားဖြစ်သူ ဆုံးပါးသွားလို့စိတ်မကောင်းဖြစ်ရတဲ့အချိန်မှာ နောက်ဆုံးအချိန်ကိုပါ ကြည့်ခွင့်မရလို့ ထပ်ဆင့်စိတ်မကောင်းဖြစ်နေတာကြောင့် စိတ်ညစ်နေတဲ့အကြောင်းကို သူမရဲ့ ဖေ့ဘုတ်ကနေ ပြောပြထားတာဖြစ်ပါတယ် crd