က်ေနာ္ရယ္ ကိုရင္ရယ္ သခၤ်ီုင္းက အုပ္ဂူရယ္
မေန႔ည ၈နာရီေက်ာ္ေက်ာ္ေလာက္က က်ေနာ္လက္ဖက္ရည္ေသာက္ဖို႔ ေသာက္ေနက် ဆိုင္ထဲကို ဝင္လိုက္တယ္
ထိုင္ခုံက မရွိေတာ့ ကိုရင္ေလး ထိုငိေနတဲ့ စားပြဲမွာပဲ ဝင္ထိုင္လိုက္တယ္ စားပြဲထိုးေကာင္မေလးက က်ေနာ့္အတြက္ လက္ဖက္ရည္ခြက္ ခ်ေပးေနတုန္း ကိုရင္ေလးက ေမးလိုက္တယ္
ဒကာမေလးကိုရင္ မွာထားတာ ၾကာပီေလ မရေသးဘူးလား တဲ့
က်ေနာ္လည္းမေနနိုင္ မထိုင္နိုင္ ေမးလိုက္မိတယ္
ကိုရင္က ဘာမွာထားတာလဲ လို႔
ခ်ိဳစိမ့္နဲ႔ ပဲနံျပား မွာထားတာ
အဲဒါနဲ႔ က်ေနာ္လည္းျပန္ေမးလိုက္တယ္
ကိုရင္က ဒီအခ်ိန္စားလို႔မရဘူးေလ ဆိုေတာ့
မဟုတ္ဘူးအေမ့အတြက္ တဲ့
အခုထိ မရေသးဘူး အေမကေမၽွာ္ေနေတာ့မွာပဲ
သူက ျပန္ေျဖေတာ့
က်ေနာ္ေသာက္တဲ့ လက္ဖက္ရည္ဖိုးရယ္ ကိုရင္ ဟာရယ္ ေပါင္းရွင္းလိုက္တယ္
ၿပီးေတာ့ တပည့္ေတာ္ ကိုရင့္အေမဆီကို လိုက္ပို႔ေပးပါ့မယ္ တပည့္ေတာ္မွာ ဆိုင္ကယ္ပါ ပါတယ္ဘုရားလို႔ေျပာပီးလိုက္ပို႔ေပးလိုက္တယ္
ကိုရင္က သူ႔အေမရွိတဲ့ ေနရာၿမိဳ႕ေရွာင္လမ္းဘက္ကို ေမာင္းခိုင္းပါေတာ့တယ္
ၿမိဳ႕ေရွာင္လမ္းထဲ ေရာက္ေတာ့ ဘယ္ဘက္ကို ခ်ိဳးဝင္ခိုင္းတယ္ ၿပီးေတာ့ သခၤ်ိဳင္းကုန္းထဲ ဝင္ခိုင္းတယ္ဗ်ာ
က်ေနာ္ ေတာ္ေတာ္လန္႔သြားတယ္ညက ၈နာရီ ေက်ာ္ပီေလ သခၤ်ီုင္းကုန္းဆိုတာ တိတ္ဆိတ္ေနတာ ၾကက္သီးေတြ တျဖန္းျဖန္းထလာတယ္
ဒါေပမယ့္ က်ေနာ္ ေၾကာက္စိတ္ကို ဖယ္ၿပီးေတာ့ သကၤန္းျခဳံထားတဲ့ ကိုရင္လည္း ပါတယ္ဆိုပီး အားတင္းဝင္လိုက္တယ္
အဲဒီမွာ ကိုရင္ကဆင္းပီး ဓါတ္မီးေလးနဲ႔ ဟိုၾကည့္ ဒီၾကည့္ ၾကည့္ၿပီး အုပ္ဂူေလးတစ္လုံးေပၚ တက္ထိုင္ၿပီး
အေမ အေမႀကိဳက္တဲ့ ခ်ိဳစိမ့္ရယ္ ပဲနံျပားရယ္ သားလာပို႔တာပါ သားကို ခြင့္လႊတ္ပါ အေမရယ္တဲ့
အေမ မေသခင္တုန္းကမျပဳစုခဲ့ရတာေတြ သားအခုမွ ယူၾကဳံးမရ ျဖစ္ေနၿပီ အေမရယ္ တဲ့
အဲလိုေတြ ေျပာၿပီးေတာ့ ကိုရင့္က အဲ့ဒါ ကိုရင့္ အေမရဲ့အုပ္ဂူေလးပဲ တဲ့မေသခင္တုန္းက လုပ္မေကၽြးနိုင္ခဲ့လို႔ အခုလာပို႔တာပါ လို႔ သူ ေျပာတဲ့ စကားနားေထာင္ရင္း
က်ေနာ္ သူ႔ေက်ာင္းထိ ျပန္လိုက္ပို႔ေပးလိုက္ပါတယ္
က်ေနာ္ သံေဝဂ တစ္ခု ရလိုက္တယ္
သူေတာင္ ေသသြားတဲ့ မိခင္ကို သခၤ်ီုင္းကုန္ထိ လိုက္ေကၽြးေနေသးတာငါတို႔က အခုအသက္ရွိေနတဲ့ မိခင္ကို ပိုေတာင္ ဂ႐ုတစိုက္ ေကၽြးသင့္တယ္ ဆိုတဲ့အသိတရား ရလိုက္ပီေလ
ကို႔ကို ေမြးေပးတဲ့ မိခင္ဆိုတာ တစ္သက္လုံး တစ္ေယာက္ပဲ ရွိတာမို႔ အစားထိုးးမရတဲ့ အနႏၵဂိုဏ္းဝင္ ေက်းဇူးရွင္ကို အသက္ရွင္ေနတုန္း လုပ္ေကၽြးသမႈျပဳၾကရင္းနဲ႔ ေက်းဇူးးဆပ္ၾကရေအာင္
သူငယ္ခ်င္းတို႔ေရ အခုေတာ့
က်ေနာ္ရယ္ ကိုရင္ရယ္ သခၤ် ိုင္းက
ၿငိမ္သက္ေနတဲ့ အုပ္ဂူေလးးရယ္
Crd ေတာင္ပံနီ လူေလး
Unicode
ကျနော်ရယ် ကိုရင်ရယ် သင်္ချီုင်းက အုပ်ဂူရယ်
မနေ့ည ၈နာရီကျော်ကျော်လောက်က ကျနော်လက်ဖက်ရည်သောက်ဖို့ သောက်နေကျ ဆိုင်ထဲကို ဝင်လိုက်တယ်
ထိုင်ခုံက မရှိတော့ ကိုရင်လေး ထိုငိနေတဲ့ စားပွဲမှာပဲ ဝင်ထိုင်လိုက်တယ် စားပွဲထိုးကောင်မလေးက ကျနော့်အတွက် လက်ဖက်ရည်ခွက် ချပေးနေတုန်း ကိုရင်လေးကမေးလိုက်တယ်
ဒကာမလေးကိုရင် မှာထားတာ ကြာပီလေ မရသေးဘူးလား တဲ့
ကျနော်လည်းမနေနိုင် မထိုင်နိုင် မေးလိုက်မိတယ်
ကိုရင်က ဘာမှာထားတာလဲ လို့
ချိုစိမ့်နဲ့ ပဲနံပြား မှာထားတာ
အဲဒါနဲ့ ကျနော်လည်းပြန်မေးလိုက်တယ်
ကိုရင်က ဒီအချိန်စားလို့မရဘူးလေ ဆိုတော့
မဟုတ်ဘူးအမေ့အတွက် တဲ့
အခုထိ မရသေးဘူး အမေကမျှော်နေတော့မှာပဲ
သူက ပြန်ဖြေတော့
ကျနော်သောက်တဲ့ လက်ဖက်ရည်ဖိုးရယ် ကိုရင် ဟာရယ် ပေါင်းရှင်းလိုက်တယ်
ပြီးတော့ တပည့်တော် ကိုရင့်အမေဆီကို လိုက်ပို့ပေးပါ့မယ် တပည့်တော်မှာ ဆိုင်ကယ်ပါ ပါတယ်ဘုရားလို့ပြောပီးလိုက်ပို့ပေးလိုက်တယ်
ကိုရင်က သူ့အမေရှိတဲ့ နေရာမြို့ရှောင်လမ်းဘက်ကို မောင်းခိုင်းပါတော့တယ်
မြို့ရှောင်လမ်းထဲ ရောက်တော့ ဘယ်ဘက်ကို ချိုးဝင်ခိုင်းတယ် ပြီးတော့ သင်္ချိုင်းကုန်းထဲ ဝင်ခိုင်းတယ်ဗျာ
ကျနော် တော်တော်လန့်သွားတယ်ညက ၈နာရီ ကျော်ပီလေ သင်္ချီုင်းကုန်းဆိုတာ တိတ်ဆိတ်နေတာ ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်
ဒါပေမယ့် ကျနော် ကြောက်စိတ်ကို ဖယ်ပြီးတော့ သင်္ကန်းခြုံထားတဲ့ ကိုရင်လည်း ပါတယ်ဆိုပီး အားတင်းဝင်လိုက်တယ်
အဲဒီမှာ ကိုရင်ကဆင်းပီး ဓါတ်မီးလေးနဲ့ ဟိုကြည့် ဒီကြည့် ကြည့်ပြီး အုပ်ဂူလေးတစ်လုံးပေါ် တက်ထိုင်ပြီး
အမေ အမေကြိုက်တဲ့ ချိုစိမ့်ရယ် ပဲနံပြားရယ် သားလာပို့တာပါ သားကို ခွင့်လွှတ်ပါ အမေရယ်တဲ့
အမေ မသေခင်တုန်းကမပြုစုခဲ့ရတာတွေ သားအခုမှ ယူကြုံးမရ ဖြစ်နေပြီ အမေရယ် တဲ့
အဲလိုတွေ ပြောပြီးတော့ ကိုရင့်က အဲ့ဒါ ကိုရင့် အမေရဲ့အုပ်ဂူလေးပဲ တဲ့မသေခင်တုန်းက လုပ်မကျွေးနိုင်ခဲ့လို့ အခုလာပို့တာပါ လို့ သူ ပြောတဲ့ စကားနားထောင်ရင်း
ကျနော် သူ့ကျောင်းထိ ပြန်လိုက်ပို့ပေးလိုက်ပါတယ်
ကျနော် သံဝေဂ တစ်ခု ရလိုက်တယ်
သူတောင် သေသွားတဲ့ မိခင်ကို သင်္ချီုင်းကုန်ထိ လိုက်ကျွေးနေသေးတာငါတို့က အခုအသက်ရှိနေတဲ့ မိခင်ကို ပိုတောင် ဂရုတစိုက် ကျွေးသင့်တယ် ဆိုတဲ့အသိတရား ရလိုက်ပီလေ
ကို့ကို မွေးပေးတဲ့ မိခင်ဆိုတာ တစ်သက်လုံး တစ်ယောက်ပဲ ရှိတာမို့ အစားထိုးးမရတဲ့ အနန္ဒဂိုဏ်းဝင် ကျေးဇူးရှင်ကို အသက်ရှင်နေတုန်း လုပ်ကျွေးသမှုပြုကြရင်းနဲ့ကျေးဇူးးဆပ်ကြရအောင်
သူငယ်ချင်းတို့ရေ အခုတော့
ကျနော်ရယ် ကိုရင်ရယ် သင်္ချ ိုင်းက
ငြိမ်သက်နေတဲ့ အုပ်ဂူလေးးရယ်
Crd တောင်ပံနီ လူလေး