ခံတြင္းပုတ္အနံ့
ခံတြင္း ပုတ္ အနံ့ သည္ လူတေယာက္အတြက္ မိမိ ကိုယ္ ကို ယုံၾကည္မူ႔ မဲ့ေစပါသည္ .
ခံတြင္းအနံ့ မေကာင္းသူမ်ားသည္ လူအမ်ားၾကားတြင္ စကားေျပာဆိုရာတြင္ မိမိ ၏ ပါးစပ္မွ အနံ့ေၾကာင့္ သူတပါးအား အေႏွာင့္အယွက္ ျဖစ္ေစသလိုမိမိကိုယ္တိုင္လည္း သိမ္ငယ္ရပါသည္ ။
ကၽြန္ေတာ္ တာဝန္ထမ္းေဆာင္ရာ အရပ္တပါး၌ ေတာရေက်ာင္းတခုတြင္ သီတင္းသုံး ေနထိုင္ေသာ ရဟန္းတပါးအား အခါ အခြင့္သင့္၍ သြားေရာက္ ဖူးခဲ့ပါသည္ ။
ထိုရဟန္းသည္ စကားေျပာေသာအခါတြင္ ပါးစပ္အား လက္ဝါးႏွင့္ကာ၍ စကားေျပာေနပါသည္
ထို႔ေၾကာင့္ အနီးသို႔ သြားေရာက္ ေလၽွာက္ထားေသာအခါ ရဟန္းမွ မိမိ ၏ ခံတြင္းနံ့ မွာ အလြန္ဆိုးဝါးစြာ ထြက္ေနေသာေၾကာင့္ လက္ျဖင့္ကာ၍ စကားေျပာသည္ဟု မိန႔္ပါသည္ ။
အဘယ္ေၾကာင့္ ျဖစ္ပါသလဲ ဟုေလ်ာက္ေသာအခါ အရင္က သူမ်ားအတင္း ေျပာေသာေၾကာင့္ ျဖစ္မွာေပါ့ဟု ရဟန္းမွ ရယ္စရာ အျဖစ္ မိန႔္ပါသည္ ။
ကၽြန္ေတာ္ကိုယ္တိုင္လည္း အနီးတြင္ ေရာက္ေနေသာေၾကာင့္ ခံတြင္းပုတ္နံ အား အနံ့ ရေနပါသည္
ထိုေၾကာင့္ သံပုရာသီး ေက်ာင္း၌ ရွိေနပါသလားဟု ေလ်ာက္သည့္အခါ တကာတဦးအားေခၚယူ၍ သံပုရာသီး ႏွစ္လုံး ယူခဲ့ေစပါသည္ ။
ေဖာ္စပ္နည္းမွာ
၁ = သံပုရာသီးအား ခါးလယ္မွ ပိုင္းရပါမည္
၂ = ပိုင္းထားေသာ သံပုရာသီးအား အရည္ညႇစ္ရပါမည္ – ဖန္ခြက္တြင္ထည့္ထားပါ
၃ = အရည္ညႇစ္ထားေသာ သံပုရာခြံအား ျပန္ေဖာင္းကာ အိမ္သုံး ဆားအား သိပ္ထည့္ရပါမည္
၄ = ဆားသိပ္ထားေသာ သံပုရာ ႏွစ္ျခမ္းအား ျပန္ မ်က္ႏွာခ်င္းဆိုင္ ဆက္ေစပါသည္
၅ = ထိုေနာက္ ဆားသိပ္ထားေသာ သံပုရာ ျခမ္းအား မီးက်ီ ခဲ ရဲရဲ တြင္ မီးဖုတ္ရပါမည္
၆ = သံပုရာသီး အေရာင္မွာ မီးက်ီခဲေရာင္ကဲ့သို႔နီရဲလာပါက ဆားက်က္၍ ညႇပ္ျဖင့္ဆယ္ယူကာ အေအး ခံထားပါ * မီးေသြးခဲကဲ့သို႔ျဖစ္ပါသည္
၇ = ၎သံပုရာ ဆားမီးဖုတ္အား စကၠဴ အထူ တရြက္ အတြင္းထည့္ကာ ပုလင္းျဖင့္ ႀကိတ္ရပါမည္
၈ = အမႈန႔္ ျဖစ္သြားေသာ သံပုရာ ဆားမီးဖုတ္အား သံပုရာေရတြင္ ေရာေမႊ ၍ သမထားပါ
မနက္တႀကိမ္ ေန႔လည္တႀကိမ္ ညေနတႀကိမ္ လကၻရည္ဇြန္း တဇြန္းစီ တေန႔သုံးႀကိမ္ စားရန္ မွာခဲ့ ပါသည္ တပတ္ေက်ာ္လ်င္ အနံ့ ေပ်ာက္မည္ဟု ေလ်ာက္ခဲ့ပါသည္
ေနာက္၁၀ ရက္ခန႔္ ေက်ာင္းသို႔ တေခါက္ျပန္ ေရာက္ေသာအခါ ေပ်ာ္ရႊင္ ယုံၾကည္စြာ စကားေျပာဆိုေနေသာ ရဟန္းႏွင့္ ဆုံရပါေတာ့သည္ ။
သင္ဆိုလၽွင္လည္း ကိုယ္တိုင္ ကုသႏွိုင္ပါသည္
Unicode
ခံတွင်းပုတ်အနံ့
ခံတွင်း ပုတ် အနံ့ သည် လူတယောက်အတွက် မိမိ ကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည် .
ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ ၏ ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလိုမိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။
ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌ တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည် ။
ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည်
ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍ စကားပြောသည်ဟုမိန့်ပါသည် ။
အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာ အဖြစ် မိန့်ပါသည် ။
ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ အား အနံ့ ရနေပါသည်
ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည် ။
ဖော်စပ်နည်းမှာ
၁ = သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်
၂ = ပိုင်းထားသော သံပုရာသီးအား အရည်ညှစ်ရပါမည် – ဖန်ခွက်တွင်ထည့်ထားပါ
၃ = အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်းကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်
၄ = ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန် မျက်နှာချင်းဆိုင် ဆက်စေပါသည်
၅ = ထိုနောက် ဆားသိပ်ထားသော သံပုရာ ခြမ်းအား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည်
၆ = သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာ အအေး ခံထားပါ * မီးသွေးခဲကဲ့သို့ဖြစ်ပါသည်
၇ = ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက် အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်
၈ = အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား သံပုရာရေတွင် ရောမွှေ ၍ သမထားပါ
မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ် လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ ပါသည် တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု လျောက်ခဲ့ပါသည်
နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည် ။
သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနှိုင်ပါသည်
မိုးနတ်သား