ဆီးသွားများလျှင်အနေခက် ဥသျှစ်ရွက်သုတ်စား
ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက် လေးညုင်းပွင့်သွေးလိမ်း
ဝမ်းပျက် ဝမ်းလျှော အားကုန်ခမ်း ဧကရာဇ်မြစ်ကို ဆန်ဆေးရေ နဲ့ သွေးသောက်၊ မကျီးခေါက်သွေးသောက်
မုတ္တယောင် ဝှေးဥယောင် ကျဆေး ဝက်ကြိမ်ရွက်နဲ့ဆနွင်းစိမ်းတက် ရော ထောင်း အုံ၍ပတ်တီးစည်း ရေဆွတ်ဆွတ်ပေး
နှလုံးရောဂါ ရုတ်တရက် မော ကြပ် အောင့် ဂျင်းစိမ်း လက်မလောက် ကိုဆားနဲ့တို့စား ၊ မိတ်သလင် လက်မလောက် ကိုဆားနဲ့တို့စား ရေအေးတဝသောက်
အိမ်မပျော်လျှင် ဒန်ကျွဲပင်ပြုပ်သောက် မဲဇလီရွက်ဟင်းချိုချက်သောက် လက်သုတ် သုတ်စား
နှာခေါင်းသွေးလျှံ ကျောက်ချဉ်အမှုန့်ထောင်းရှူ ကင်းကိုက် အဆိပ်အတောက် ကျောက်ချဉ်သွေးလိမ်း
သားအိမ်ကိုက် အကြောတက် သက်ရင်းကြီးမြစ် သို့ အခေါက် ၁၀ ဇွန်း ဆင်တုံးမနွယ်သွေးသောရည် ၂၀ ဇွန်း ရောစပ်၍သောက်
သွေးပျစ် သွေးခဲလွန်းလျှင် ရှောက်ရည် သံပုရာရည် တစ်ဝသောက် ကင်ပွန်းချဉ်ရွက်ကြမ်းကျကျကြိုသောက်
ကျောက်တည်ရောဂါ ကျောက်ကွဲပြုတ်သောက်၊ သံမနိုင်ကျောက်မနိုင်ဆေးသောက်၊ ကဒက်ခေါက်ကို သံပုရာရည်နဲ့သွေးသောက်၊ ငါးဦးခေါင်း၌ရှိသော ကျောက်ကလေးများကို မြေအိုးထဲထည့်၍လှော် မီးမကျွမ်းစေရ နီရဲလာလျှင်သံပုရာရည်နဲ့ပက်ဖျန်း သို့ သံပုရာရည်ထဲသို့သွန်ထည့် ၊ ကြေမွသွားသော ကျောက်မှုန့်များကို ချင့်ချိန်သောက်
ရင်ပြည့်အစာမကျေ လေးလံ အဝလွန် အကြောတက် အဆီကျဆေး သက်ရင်းကြီးရွက်ရင့် ၊ ငုရွှေ သီးတောင့်ရှည် ရွက်ရင့်၊ ပွေးကိုင်းရွက်ရင့် အဖူး မထည့်ရရှားဖြူရွက်ရင့်၊ မကျီးရွက်ရင့်၊ ကင်ပွန်းချဉ်ရွက်ရင့် လေးတူဆတူကျိုသောက် ၆ ပါးဆေး
ချောင်းဆိုးလျှင် ခရေပွင့်ကိုတညလုံးရေစိမ်၊ နံနက်တွင် ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏
ရင်ပြည့်ရင်ကယ် ကြက်ဟင်းခါးသက်စောင့်ဆေးကို နှမ်းဆီ –ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာသပ်ချပါ
နှာပိတ်သော် ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိ ဆေးအရည်နှင့်ဆွဲပေးပါ
တက်လျှင်….ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။ ရေငတ်ဝမ်းကျ ဆီးသီးအစေ့အတွင်းမှအဆန်ကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ
ကင်းထိုးသော်..ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။ ကြို့ထိုးလျှင်..ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား
ခရုသင်း.ကျည်းသီးဆန်ကို ဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်းများစွာစားရပါသည် ။ ခြေတုန်လက်တုန်ဖြစ်လျှင်.ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏
ခါးနာ ခါးကိုက်.ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။ ငှက်ဖျားထလျှင် .မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ
ခံတွင်းပျက်လျှင်.ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။ ခေါင်းတခြမ်းကိုက်လျှင်…ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ
စကားထစ်လျှင်. နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။ စအိုယားနာ.ကြိတ်မှန်ရွက် အရည်ညှစ်၍ စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊ ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည်
ဆီးချုပ်လျှင် ငုပင်၏ အနှစိုကိုသွေး၍ ချက်အောက်မကြာခဏ လိမ်းပေးပါ ။ ဆီးတစက်စက်ကျလျှင်.ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ ။ဆီးချုပ်လျှင် ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။ဆီးအောင့်ကျောက်တည်လျှင် ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ဆီးချိုဖြစ်လျှင် ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။ ဆီးအနှစ်ကျလျှင် သင်္ဘော ရွက် သုံးရွက်ကို ထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊ သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ။ ဆီးပူလျှင် ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်
ဆံပင်ပြန်ပေါက်ဆေး သံပုရာစေ့ကိုရေနှင့်ကြိတ် ၊ နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏၊ တင်းတိပ် နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။ဓာတ်ချုပ်လျှင် ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍ တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။နားကိုက်လျှင် ကြက်သွန်နီကိုမီးဖုတ် ၊ အရည်နွေးနွေးနားထဲထည့် နားကိုက်ခြင်းပျောက်၏ ။ နားအူ နားလေထွက်လျှင် သဘောင်္ရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။ နားပြည်ယိုလျှင် ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ကြက်တောင်နှင့်ကျပ်ပေးပါ။ နားအတွင်းပိုးကောင်ဝင်လျှင် ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ
နို့ကြောင်းပိတ်လျှင် ကြိတ်မှန်ရွက်ကို ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။ နို့လှိုင်လှိုင်ထွက်ဆေး စမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏နှလုံးရောဂါဖြစ်လျှင် ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊ အပွင့်ကိုရှူ ၊အသီးကို စားပေးပါ အမြစ်ပြတ်ပျောက်၏
နှခေါင်းသွေးလျှံလျှင် ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။ နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင် ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။ ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူးယူမျှဝေသည်
အနာနဲ့ဆေးတွေ့ကြပါစေ မေတ္တာများစွာဖြင့် ရှယ်ယူထားလို့ ပိုနေတယ်မရှိပါ။ ဆေးမြှီးတိုများ မှတ်စု Joker