တပ်ပိုင် မြန်မာဘီယာကို လုံးဝမရောင်းချတော့ကြောင်း အသိပေးလာတဲ့ ဆိုင်များ

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ အလွှာအသီးသီးမှပြည်သူအများ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေကြပါတယ်။ စီဗယ်ဒစ်အိုဘီဒီးရန့်လို လှုပ်ရှားမှုမျိုး၊ တပ်ပိုင်လုပ်ငန်းများနဲ့ ပတ်သက် ဆက်နွယ်တဲ့ လုပ်ငန်းတွေကို အားမပေးတော့တာမျိုး ကျင့်သုံးနေကြပါတယ်။ အခုအခါမှာတော့ တပ်မတော်ပိုင်တဲ့ မြန်မာဘီယာကို မရောင်းချတော့ကြောင်း အသိပေးလာတဲ့ ပြည်သူတွေဘဲဖြစ်ပါတယ်။ မြန်မာဘီယာက တာဝန်ရှိသူတွေ ဆိုင်မှာယခုလက်ရှိ ရောင်းချနေတဲ့ မြန်မာ ပရီမီယမ် စည်ဘီယာစက်တွေကို လာရောက်သိမ်းယူလို့ရပါပြီ…ဆက်လက် ရောင်းချခြင်း မပြုတော့ကြောင်း အသိပေးအပ်ပါသည်။ မှတ်ချက်….မြန်မာပရီမီယမ် စည်ဘီယာ (၃၆)စည်ဘိုး သွင်းထားတာကိုတော့ ဆိုင်သို့ပြန်လည် ပေးသွင်းပေးရပါမည် ဆိုပြီး စားသောက်ဆိုင်တစ်ခုရဲ့ fb စာမျက်နှာမှာ တင်ထားပါတယ်။ နောက်ထပ် Bar တခုကတော့ ကာစတန်မာများကျွေးတဲ့ ထမင်းစားနေတဲ့ကျမ…အဆိပ်ပင်ကို ရေမလောင်းတော့ပါ၊ ယနေ့မှစ၍ မြန်မာဘီယာကို လုံးဝ လုံးဝ ရောင်းချတော့မည်မဟုတ်ဆိုပြီး … Read more

ဦးပိုင်လုပ်ငန်းအားလုံးနဲ့လမ်းခွဲလိုက်ပြီဟု ဂျပန်ကုမ္ပဏီကြေညာ

“စစ်တပ်ပိုင် ဦးပိုင်နဲ့ ဂျပန်ကုမ္ပဏီ လမ်းခွဲပြီ” မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွါးရေးဦးပိုင်လိမိတက်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံက Kirin Holdings ကုမ္ပဏီက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်ကြောင့် စီးပွါးရေးဖက်စပ်ပူးတွဲလုပ်ကိုင်မှုကို အဆုံးသတ်လိုက်ပြီလို့ ဒီကနေ့မှာပဲ တရားဝင်ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာဘီယာ အပါအဝင် ဘီယာနဲ့အဖျော်ယမကာတွေ ထုတ်လုပ်တဲ့ လုပ်ငန်းမှန်သမျှကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ လက်ရှိမှာတော့ ပူးတွဲလုပ်ကိုင်မှုရပ်စဲရေးအတွက် အရေးပေါ်လုပ်ဆောင်စရာရှိတာတွေ လုပ်သွားရမှာဖြစ်တယ်လို့ ကီရင်ကုမ္ပဏီရဲ့ ကြေညာချက်က ဆိုပါတယ်။ ကီရင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွါးရေးဦးပိုင်တို့ ဖက်စပ်လုပ်ကိုင်နေတဲ့ Myanmar Brewery နဲ့ Mandalay Brewery လုပ်ငန်းနှစ်မျိုးကနေ အပြီးတိုင်လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ လက်ရှိအာဏာသိမ်းစစ်တပ်ကပိုင်ဆိုင်တဲ့လုပ်ငန်းကြောင့်ဖြစ်ပြီး ရခိုင်ပြည်နယ်က ဂျီနိုဆိုက်အမှုတွေကျူးလွန်ခဲ့တဲ့အဖွဲ့ကို ငွေကြေးတွေထောက်ပံ့မှုတွေလုပ်ခဲ့တယ်ဆိုတာကြောင့် ကီရင်ကုမ္ပဏီက ဦးပိုင်ကို စာရင်းစစ်ရာက ငြင်းဆန်ခဲ့လို့ အမြတ်ငွေခွဲဝေမှု … Read more

မြန်မာစာ မေဂျာကို ရုရှားနိုင်ငံမှာ ပြန်သင်ကြားပေးနေတဲ့ ရုရှားသူ ဆရာမလေးဝသုန်မိုး(ရုပ်သံ)

ရုရှားသူလေး မာရီယာဟာ သူမရဲ့မြန်မာနာမည်ကို ဝသုန်မိုးလို့ ပေးထားပြီး မြန်မာယဉ်ကျေးမှု မြန်မာ့ဓလေ့တွေနဲ့ မြန်မာ့စ်စုံတွေကို ချစ်မြတ်နိုးတဲ့အတွက် ရုရှားနိုင်ငံမှာ မြန်မာစာ မေဂျာ အဓိကနဲ့ ကျောင်းပြီးပြီး ရုရှားတက္ကသိုလ်မှာ မြန်မာစာ ပြန်လည်သင်ကြားပေးနေတဲ့ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ် ။ သူမကို မာရီယာလို့ ခေါ်တာထက်မြန်မာအမည်ဖြစ်တဲ့ ဝသုန်မိုးလို့ ခေါ်တာကို ပိုသဘောကျတဲ့သူပါ။ ကျွန်မက မြန်မာစာကို ရေးတတ်ဖတ်တတ်ပြီး စာပါရိုက်တတ်တယ် ။ မြန်မာစာ မြန်မာဘာသာစကားက အရမ်းချစ်စရာကောင်းလို့ မပြောပဲ မသင်ပဲ မနေနိုင်ဘူး။ မြန်မာနိုင်ငံကို ၂ ခါရောက်ဖူးပြီး ပထမတစ်ခေါက်က ၃လ ကြာတယ် ။ ဒုတိယတစ်ခေါက်က မြန်မာပြည် အနှံ့လျောက်လည်ခဲ့တယ်။ ကျမနေတာက ရုရှားနိုင်ငံ မောစကိုမြို့မှာပါ။ မြန်မာနိုင်ငံကို ထပ်သွားဖို့လည်း စီစဉ်ထားတယ် ။ မြန်မာစာ … Read more

ဖုန်းကိုင်ခွင့်၊ အပြင်ထွက်ခွင့်မရှိတဲ့ မြန်မာနိုငံရဲ့ အကြီးမားဆုံးသော ဗုဒ္ဓသမီးတော်များရှိရာ သီလရှင်စာသင်တိုက်

စစ်ကိုင်း သကျ ဓီတာ ဗုဒ္ဓသမီးတော်များ စာသင် တိုက် ဖြစ်ပါတယ်။ စည်းကမ်းအရမ်းကြီး တယ်လို့ နာမည်ကြီးပါတယ်။ စာသင်သူ သီလရှင် သိက္ခာရှင် ပေါင်း အပါး  ၂၅၀ ကျော်ရှိတယ်။ ဖုန်းကိုင်ခွင့်မရှိဘူး။ အပြင်ထွက်ခွင့် မရှိဘူး။ဖုန်း ကိုင်ခွင့် မရှိ အပြင် ထွက်ခွင့်မရှိ သော မြန်မာနိုငံရဲ့ အကြီးမားဆုံး သီလရှင်စာသင် တိုက် တိုက်ထဲမှာ ဓမ္မာစရိယ ဘွဲ့ရတွေ အများကြီးပါပဲ။ ဝိနယဝိဒူ တွေလည်း ရှိတယ်။ ပါဠိပါရဂူနဲ့ လင်္ကာရတွေလည်း ရှိတယ်။ အောက်ပါ ပုံများကတော့ စာချဆရာကြီးမှ ပါဠိသဒ္ဒါ ပို့ချနေပုံပါ။မိန်းကလေးတွေလည်း ရဟန်းတော်တွေလို ခက်ခဲ နက်နဲတဲ့ ဗုဒ္ဓစာပေတွေကို သင်နေကြတာ အများကြီး ရှိသေးပါလားလို့ အံ့သြမိပါတယ်။ဖုန်း ကိုင်ခွင့် မရှိ အပြင် … Read more

ဘာသာ စကားမျိုးစုံကို မွှတ်နေအောင် ပြောတတ်လို့ အရမ်းနာမည် ကြီးနေတဲ့ လမ်းဘေး ဈေးသည်လေး(ရုပ်သံ)

ကမ္ဘော ဒီးယားနိုင်ငံက အမှတ်ရ လက်ဆောင် ပစ္စည်းတွေကို.. လမ်းဘေးမှာ ခြင်းလေးလွယ်ပြီး လိုက် ရောင်းရတဲ့.. ဈေးသည် ကလေးတစ်ယောက်ရဲ့.. ဘာသာစကားမျိုးစုံကို မွှတ်ထွတ် နေအောင် ပြောတတ်တဲ့ ရုပ်သံဟာ၊ လူမှုကွန် ယက် ပေါ်မှာ ပျံ့နှံ့ပြီး လက်တလော.. နာမည်ကြီး နေပါတယ်။ အသက်၁၂ နှစ်ဝန်းကျင် လောက်သာ ရှိသေးတဲ့ ကလေးလေးဟာ.. အနည်းဆုံး ဘာသာ စကား ၉ မျိုးကို လည်ပတ်အောင်၊ ပြောနိုင် ဆိုနိုင်ပါတယ်.. သူပြောဆိုနိုင်တဲ့၊ ဘာသာစကား တွေထဲမှာ ထိုင်း.. တရုပ် ဂျပန် ဖိလစ်ပိုင် စပိန် မလေးရှား ကိုရီးယား ဂျာမန် နဲ့ အင်္ဂလိပ် ဘာသာ စကားတွေ ပါဝင်ပါတယ်။ ဒီထက်ပိုတဲ့ ဘာသာ စကားတွေလည်း … Read more

ဆီးချိုရောဂါကို ထိန်းချုပ်ပေးပြီး အရိုးသန်မာ၊ အရွယ်တင်စေတဲ့ ဒန့်ဒလွန်ရွက်

ဒန့်ဒလွန်ရွက်ကို တောင်အာရှမှာ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်အပင် တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒန့်ဒလွန်ရွက်မှာ Antioxidant နဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးတွေ အများအပြားပါဝင်နေပါတယ်။ ဒန့်ဒလွန်ရွက်ကော ဒန့်ဒလွန်သီးကိုပါ စားသုံးနိုင်ပြီး ကျန်းမာရေးကိုလည်း များစွာအထောက်အကူ ပြုစေပါတယ်။ ဘာလို့လဲဆိုတော့ ဒန့်ဒလွန်ရွက်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ် အရွက်ကို အစိမ်းလိုက် အကြမ်းစားပေးတာဟာ ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါ့အပြင် ဒန့်ဒလွန်ရွက်ကို အခြောက်လည်း စားသုံးနိုင်သလိုရေနွေးကြမ်းလုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ် ဒန့်ဒလွန်သီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ- သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးခြင်း ဒန့်ဒလွန်ရွက်ဟာ ဆီးချိုရောဂါခံစားနေရသူတွေအတွက် တကယ်ကိုအကူအညီဖြစ်ပါတယ်။အမျိုးသမီး ၃၀ ကို ဒန့်ဒလွန်ရွက်အမှုန့်ကို ၇ ဂရမ်နေ့စဉ်စားသုံးပြီး စမ်းသပ်ပါတယ်။ သကြားဓါတ်ကို ပါဝင်မှုနှုန်း ၁၃.၅% ထိ ထိန်းချုပ်ထားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ သွေးကိုသန့်စင်စေခြင်း- ဒန့်သလွန်ရွက်ဟာ … Read more

ကိုဗစ် ကာကွယ်ဆေး ထိုးရမလား…အနာရှိက စပ်ကြကုန်လော့

အနာရှိက စပ်ကြကုန်လော့ ကိုဗစ် ကာကွယ်ဆေး ထိုးရမလား… 👉လမ်းထိပ်ကွမ်းယာဆိုင်က အောင်စီပတ်တစ်တောင်နဲ့ စပ်ဆေးရောင်စုံ ၅၀၀ ဖိုးကို ပဲကြီးလှော်လို စားနေပြီး ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ကြောက်နေတယ်တဲ့လား.. 👉ဆီးချိုရှိလို့ ဆေးသောက်ပါဆိုတော့ အစားသောက်နဲ့ ထိန်းမယ်ဆိုပြီး ညနေတိုင်း ဘီယာလေးတမြမြနဲ့ ဖောင်းကားနေတဲ့ဗိုက်ကို ဂုဏ်ယူနေသူက ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ကြောက်နေတယ်တဲ့လား 👉ဝက်သားတုံးကြီးလက်သီးစုပ်ကို ဖာလူဒါ ဒံပေါက်နဲ့ နို့မလိုင် ကူဖီးလ် အာလူးကြော် မရှောင် နေ့စဉ် တွယ်နေတဲ့သူက ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ကြောက်နေတယ်တဲ့လား 👉 ရုံးဆင်းအိမ်မပြန် အရက်ဆိုင်သာအမိ အရက်ဆိုင်သာ အဖ အိမ်ကိုကျောချရုံပြန်နေတဲ့သူက ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ကြောက်နေတယ်တဲ့လား crd- My Doctor Unicode အနာရှိက စပ်ကြကုန်လော့ ကိုဗစ် ကာကွယ်ဆေး … Read more

သာသနာတော်ကြီး တည်တံ့ဖို့ ရည်စူးပြီး ကျပ်သိန်းပေါင်း နှစ်သောင်း ကျော် လှူဒါန်းခဲ့တဲ့ အလှူရှင်

သာသနာတော်ကြီး တည်တံ့ဖို့ ရည်စူးပြီး ကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော် လှူဒါန်းခဲ့တဲ့ အလှူရှင်၊ နတ်ပြည်မှာ ဘုံဗိမ္မာန် ပေါက်နေလောက်ပြီ။သာဓု သာဓု သာဓု။ မန္တလေးမြို့ဝါးတန်းရပ် ၂၉ လမ်းတွင် နေထိုင်သော ဒေါ်ညွန့်ညွန့်အေးသည် မန္တလေး သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကို တစ်ဦးတည်း ဒါယိကာမ အဖြစ် ခံယူ၍ လှူဒါန်းခဲ့သည်၊ ကုန်ကျငွေပေါင်းမှာ ကျပ်သိန်းပေါင်း၂၀၀၀၀  နှစ်သောင်း ကျော် ဖြစ်သည်။၎င်းက ဤသို့ တိုက်တွန်းပြောကြားပါသည် ကျွန်မ အခုလို လှူဒါန်းနိုင်ခဲ့တာတွေဟာ ကျွန်မရဲ့ကုသိုလ်ကံစွမ်းအားနဲ့ မိဘနှစ်ပါးပေးခဲ့တဲ့ ကုသိုလ်အမွေတွေပဲ ဖြစ်ပါတယ် ဒီမန္တလေး သီတဂူ ဗုဒ္ဓတက္ကသိုလ်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ကျွန်မအခုလို လှူဒါန်းတာကလည်း သာသနာတော်ကြီး အရှည်ခံ့၍ တည့်တံ့ပြီး ကမ္ဘာအရပ်ရပ်ကို ဗုဒ္ဓသာသနာ တည်တံ့ပြန့်ပွားစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းတာ ဖြစ်ပါတယ်၊ အခုလိုအချိန်ပေးပြီး … Read more

သင်တို့မှာအဖေ အမေ မိဘရှိနေသေးတယ် ဆိုရင် အချိန်မရလဲ ၂- မိနစ်စာလောက် ခဏဝင်၍ဖတ်ကြည့်ပေးစေချင်တယ်

မနက် 11 : 30 အချိန်လောက် ရှိနေပြီ ” လမ်းဘေးက ကော်ဖီဆိုင်ရဲ့မြေတလင်းပြင်လေးမှာ ( ၇၅ ) နှစ် အရွယ် ၊ အမေအို တစ်ယောက်နဲ့ တွေ့တော့ စကားမစပ် မေးမိပါတယ် ” အမေ ဒီမှာ ဘာထိုင်လုပ်နေတာလဲ လို့ပေါ့ ချိ့နဲ့နဲ့ အားအင်လေးနဲ့ ထကာ ကတုန်ကယင် အသံလေးတွေနဲ့ အမအိုပြောပုံက သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက် ဆံလာထုပ်တာပါ ဘဏ်ရုံးမဖွင့်သေးလို့. ခနထိုင်စောင့်နေတာပါတဲ့ ၊၊ အမေ ဘာစားပြီးပြီလဲ မေးတော့ ဘာမှ့မစားရသေးပါဘူး သားရယ် မနက်ကတည်းက ရုံးဖွင်မည့် အချိန်ကို စောင့်နေတာ လာပါ အမေ ဆိုပြီး မုန့်ဟင်းခါး ဆိုင်ဘေးနားက ထမင်းဆိုင်လေးမှာ … Read more

“အိမ်ထောင် ကွဲခဲ့တာကို နောင်တရမိတယ်” ခင်စိုးပိုင်(ရုပ်သံ)

ပရိသတ်ကြီးတို့ရေ အကယ်ဒမီခင်စိုးပိုင်ဟာဆိုရင် ဟိုအရင်တစ်ချိန် မြန်မာရုပ်ရှင်ရွှေခေတ်လို့ ခေါ်ဝေါ်ရလောက်တဲ့အချိန်တည်းက ရုပ်ရှင်ကားကြီးတွေမှာဝါဝင်သရုပ်ဆောင်ခဲ့ရတဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ဦးပဲဖြစ်ပါတယ် သူမဟာ နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားများလည်း ပါဝင်ရိုက်ကူးခဲ့သလို ပရိသတ်ရဲ့တခဲနက်အားပေးမှုကိုလည်း အဆိုပါဗီဒီယိုကားများမှတစ်ဆင့် ရယူနိုင်ခဲ့ပါသေးတယ် နောက်ပိုင်းမှာတော့ ခင်စိုးပိုင်တစ်ယောက် ကားအက်စီးဒင့်ဖြစ်ပြီး မျက်လုံးမှာထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် အနုပညာလောကကနေ ခေတ္တခဏမျှ အနားယူခဲ့ရပါတယ် ဒီအင်တာဗျူးလေးမှာတော့ ခင်စိုးပိုင်ဟာ သူမအနေနဲ့ အိမ်ထောင်ကွဲခဲ့တာကို နောင်တရမိတယ်ဆိုတဲ့အကြောင်း ရင်ဖွင့်ပြောပြခဲ့တာပဲဖြစ်ပါတယ် သူမတို့ဇနီးမောင်နှံအနေနဲ့ အိမ်ထောင်ကွဲဖို့အတွက် အလွယ်တကူဆုံးဖြတ်ခဲ့ကြတဲ့အပေါ် ခင်စိုးပိုင်က “ဒီလိုဆုံးဖြတ်ဖြစ်တာကတော့ ကံကုန်လို့ ကွဲခဲ့ရတယ်လို့ပဲ ပြောရမှာပေါ့နော် အန်တီပိုင်ကတော့ ကံကိုယုံကြည်တယ် ကံမကုန်လို့ကတော့ သူဘယ်လောက်ပဲဆိုးဆိုး၊ ကိုယ်ဘယ်လောက်ပဲဆိုးဆိုး ဒီအိမ်ထာင်ရေးက မြဲနေဦးမှာပဲ ကံကုန်ပြီဆိုရင်တော့ သူဘက်ကဘယ်လောက်ပဲ ကောင်းနေ၊ ကောင်းနေ ကိုယ်ကသူ့ကိုအကောင်းမမြင်ဘူး ကိုယ့်ဘက်ကဘယ်လောက်ပဲ ကောင်းနေကောင်းနေ၊ သူကလည်းကိုယ့်ကို အကောင်းမြင်မပေးနိုင်ဘူး အဲ့ဒီလိုညှိမရတဲ့အတွက် နောက်ဆုံးကျတော့ လမ်းခွဲလိုက်ကြရတယ် အဲ့တော့ … Read more