ဇာတ်ကားတွေရိုက်ဖို့ (၁၂)ဧကလောက် ရှိတဲ့ အမိုက်စား စတူဒီယိုခြံကြီးကို တည်ဆောက်နေတဲ့ နေထူးနိုင်
ပရိသတ်ကြီးရေ အရင်ကာလ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားစဉ်က အက်ရှင်ဇာတ်လမ်းကောင်းတွေနဲ့အတူ ပရိသတ်ရဲ့ တစ်ခဲနက် လက်ခံအားပေးမှုကို ရရှိလာခဲ့သူကတော့ သရုပ်ဆောင်နေထူးနိုင် ဖြစ်ပါတယ်။ သရုပ်ဆောင်နေထူးနိုင်ဟာဆိုရင် မြန်မာဗီဒီယိုတစ်ခေတ်မှာ အက်ရှင်ဇာတ်လမ်းကောင်းများမှာ ပါဝင်ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်ကျော်လောက်ကစလို့ နေထူးနိုင်ဟာ ဇာတ်ကားထဲက သူ့ရဲ့ ပြောင်မြောက်လှတဲ့ စကားလုံးများနဲ့ စွမ်းအားရှင်သရုပ်ဆောင်ချက်များကြောင့်ပရိသတ်တွေနဲ့ အပြန်အလှန် နောက်ပြောင်ပြောဆိုကြရင်း တစ်နိုင်ငံလုံးမှာရှိတဲ့ လူထုရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်။ အခုဆိုရင် နေထူးနိုင်ဟာ ချစ်ရတဲ့ ဇနီးချောလေး၊ သားသမီးတွေနဲ့အတူ သာသာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလည်း ပုံမှန်စဉ်ဆက်မပြတ် လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ သရုပ်ဆောင်နေထူးနိုင်က ရေနံချောင်းမြို့မှာ (၁၂)ဧက အကျယ်ရှိတဲ့ Studio ခြံကြီးတစ်ခုကို ဇာတ်ကားတွေရိုက်ကူးလို့ရအောင် တည်ဆောက်ထားပြီး သူ့အနေနဲ့ နိုင်ငံခြားကလူတွေလို … Read more